အမေရိကန်သမ္မတ ဟောင်း ဂျင်မီကာတာ သည် ယနေ့မွန်းလွဲ တစ်နာရီ ခန့်တွင်
နေပြည်တော်လေ ဆိပ်သို့ ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာ အား
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က
သွားရောက်ကြိုဆိုခဲ့သည်။ ဂျင်မီကာတာသည် မြန်မာနိုင်ငံတွင် ၅ ရက်ခန့် ကြာမြင့် မည် ဖြစ်ပြီး မြန်မာ အစိုးရနှင့်
နိုင် ငံရေး ခေါင်းဆောင် များ အပါအ၀င် လူမှု အဖွဲ့အစည်း များနှင့်
တွေ့ဆုံသွားမည် ဖြစ်ကြောင်းကနဦးသတင်း များအရ သိရသည်။၎င်းသည် အမေရိကန်သမ္မတ
အဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီးကမ္ဘာ့နိုင်ငံအချို့သို့သွားရောက် ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆင်းရဲ မွဲတေ မှု တိုက်ဖျက်ရေးလုပ်ငန်းများ ပြုလုပ် ခဲ့သောကြောင့် ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ေ ကြာင်းသိရသည်။
Popular Myanmar News Journal

No comments:
Post a Comment