Tuesday, April 2, 2013

တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် သွားရောက် နှိမ်နင်းနိုင်ရေး ပြောကြား

ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ အရေး ပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီ ပထမအကြိမ် (၁/၂ဝ၁၃) အစည်းအဝေးကို ကျင်းပရာ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အရေးပေါ်

ကာလစီမံ ခန့်ခွဲရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက အရေးပေါ် ကာလစီမံ ခန့်ခွဲရေး ဗဟို ကော်မတီအနေ ဖြင့် လုံခြုံရေး အဖွဲ့အစည်းများ အကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ် နိုင်စေရေး၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန်သွားရောက် နှိမ်နင်းနိုင်ရေး၊ လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ် ဆောင်ရွက်ပေးရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးနှင့် အဓိကကျသည့် လှုံ့ဆော်သူများ အား ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရေး စသည့်အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် တာဝန် ရှိသူများက ပြည်သူကို ဗဟိုပြုသည့် ရဲလုပ်ငန်းစနစ်ကို တင်ပြ ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီနှင့် ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနှင့် ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment