Tuesday, April 2, 2013
(၄၈) လမ်း အာရဗီစာသင်ကျောင်းမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သည့် ကျောင်းသားများ၏ အသုဘအခမ်းအနားကို ယနေ့ညနေပိုင်းက ရေဝေးသုသာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
စာသင်ကျောင်းမီးလောင်မှုကိစ္စနှင့် ပတ်သက်၍
စုံးစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဖွဲ့စည်းသင့်သည်ဟု ၈၈
မျိုးဆက်ကျောင်းသား ကိုမြအေးက ယနေ့နေ့လည် ၃နာရီခန့်က မီးလောင်၍ သေဆုံးသော
ကျောင်းသား များ၏ အသုဘအခမ်းအနား၌ အကြံပြုပြောကြားခဲ့သည်။
“အဖြေကတော့ရှာရတာပဲဗျ၊ အခုလိုအချိန်အခါမျိုးကြတော့ ပိုဆိုးတယ်၊ ပိုဆိုးတယ် ဆိုတာ ကရောထွေးနေတာ သာမန်ဝါယာရှော့ဖြစ်လို့လောင်တယ် ပဲထား
အပြင်သတင်းတွေက အမျိုးစုံထွက်နေ တာ အတည်ယူလို့ရတဲ့ ဟာရှိသလို
အတည်ယူလို့မရတဲ့ဟာလည်းရှိတယ် သတင်းတွေနောက်မှာပဲ လူတွေက ကောလဟာလနဲ့
ရှုပ်ထွေးနေတယ် အစိုးရအနေနဲ့ကော်မရှင်ဖွဲ့သင့်တ ယ်၊ ဖွဲ့မယ်လို့လည်း ကျွန်တော်ကြားထားတယ်။” ဟု ကိုမြအေးကပြောသည်။
ဧပြီလ ၂ရက်နေ့၌ မီးလောင်ကျွမ်းမှုစုံစမ်းစစ်ဆေးေ ရးကော်မရှင်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ ဖွဲ့စည်းခဲ့ကြောင်းကိုလည်း သိရသည်။
ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်ရှိ ဗလီကျောင်းသည် အင်္ဂါနေ့မနက်စောစောပိုင်းတွင် မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ပြီး အာရဗီကျောင်းသား(၁၄)ဦး သေးဆုံးခဲ့ကာ ညနေပိုင်းတွင် အသုဘအခမ်း အနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ အစ္စလာမ်ဘာသာဝင် သိန်းဂဏန်းခန့်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ လာရောက်ပို့ဆောင်ခဲ့ကြသည်။
ကျောင်းသားများသေသည့်ကိစ္စနှင့်ပ တ်သက်၍ အသုဘပို့သူတစ်ဦးမှလည်း ကျောင်းမီးလောင်ခြင်း၏ အဓိကတရားခံကို အစိုးရအနေနှင့် အမြန်ဆုံအရေးယူဆောင်ရွက်သင့်ကြောင်းအကြံပြုပြောကြားခဲ့သည်။
“ကျွန်မနဲ့တော့ဘာမှအမျိုးမတော်ပါဘူး၊ ကိုယ့်အစ္စလာမ်အချင်းချင်းမို့လို့ပါ၊
ဒီကလေးတွေက အပြစ်မဲ့တဲ့ ကလေးတွေပါ၊ ကျွန်မကတော့ အပြစ်ရှိတဲ့လူကို
အစိုးရအနေနဲ့ ချက်ခြင်းအရေးယူပေးစေချင်တယ်” ဟု အသုဘလိုက်ပို့သူတစ်ဦးက
ပြောကြားခဲ့သည်။
(၄၈) လမ်း အာရဗီစာသင်ကျောင်းမီးလောင်ကျွမ်
စာသင်ကျောင်းမီးလောင်မှုကိစ္စနှင်
“အဖြေကတော့ရှာရတာပဲဗျ၊ အခုလိုအချိန်အခါမျိုးကြတော့ ပိုဆိုးတယ်၊ ပိုဆိုးတယ် ဆိုတာ ကရောထွေးနေတာ သာမန်ဝါယာရှော့ဖြစ်လို့လောင်တယ်
ဧပြီလ ၂ရက်နေ့၌ မီးလောင်ကျွမ်းမှုစုံစမ်းစစ်ဆေးေ
ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်ရှိ ဗလီကျောင်းသည် အင်္ဂါနေ့မနက်စောစောပိုင်းတွင် မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ပြီး အာရဗီကျောင်းသား(၁၄)ဦး သေးဆုံးခဲ့ကာ ညနေပိုင်းတွင် အသုဘအခမ်း အနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ အစ္စလာမ်ဘာသာဝင် သိန်းဂဏန်းခန့်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ လာရောက်ပို့ဆောင်ခဲ့ကြသည်။
ကျောင်းသားများသေသည့်ကိစ္စနှင့်ပ
“ကျွန်မနဲ့တော့ဘာမှအမျိုးမတော်ပ
No comments:
Post a Comment