Thursday, April 11, 2013
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၂၀၀၀ ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ကလူတွေ ဟုတ်မဟုတ်ဆိုတာကို မြန်မာအစိုးရကစစ်ဆေးမှာဖြစ်ပြီးဟုတ်မှန်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်လက်ခံမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့
ရိုဟင်ဂျာတွေအားလုံးဟာ ရခိုင် ပြည်နယ်ကဖြစ်တယ် ဆိုတဲ့အပေါ် မြန်မာအစိုးရက
သံသယ ရှိနေတာဖြစ်ပြီး အကယ်လို့ အဆိုပါ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကနေ
ထိုင်းနိုင်ငံကို ထွက်ခွာသူတွေ မှန်မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့
ပြန်လည် ခေါ်ယူ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်
ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀၀ ထဲမှာ ၅၀၀ လောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ကျင်းပမဲ့
အာဆီယံအသင်းဝင်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ
မတိုင်ခင် မြန်မာနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံဆွေးနွေးခဲ့ကြတာ
ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ
ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခ သည်တွေ ကိုလည်း
မြန်မာနိုင်ငံကိုပြန်လာနိုင်အောင် ကူညီပေးဖို့ ဦးဝဏ္ဍမောင်လွင် ကို
ပြောခဲ့တယ်လို့ သိရပါတယ်။
ဒုက္ခသည်စခန်းက လူတချို့ မြန်မာနိုင်ငံမှာ
ပြန်လည်နေထိုင်လိုကြပေမယ့် မြေမြုပ်မိုင်းရန်တွေ၊ ဘဝပြန်လည်ထူထောင်ရာမှာ
ကြုံတွေ့ရမယ့် စားရေး၊ သောက်ရေး အခက်အခဲ တွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြ
တယ်လို့လည်း ထိုင်းဝန်ကြီးက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်း မှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment