ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် သင်္ကြန်
အကြိုနေ့(ဧပြီ ၁၃) ညနေပိုင်းက မိုးကြိုးပစ် ၍ လူငါးဦးသေဆုံးပြီး တစ်ဦး
ဒဏ်ရာရရှိခဲ့သည်။
သင်္ကြန်အကြိုနေ့ညနေ လေးနာရီခွဲတွင် ကော့ဝါလဲ ကျေးရွာရှိနေအိမ် တစ်အိမ်အား မိုးကြိုးပစ်ရာ အိပ်ပျော်နေသော အသက်၁၈နှစ် အရွယ် နော်အေးခိုင်သေဆုံးပြီး သူမ၏ မိခင်ဖြစ်သူ ဒေါ်မုတူးမှာ ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ငါးမိနစ်သာခြား၍၄နာရီ ၃၅ မိနစ်တွင် ကော့ဖော်ရွာ နေ အသက်၂၅နှစ်အရွယ် မောင်ထွန်းနှင့် အေးမင်းသန်းတို့ နှစ်ဦး ရွာတောင် ဘက်ရေတွင်း ၌ ရေချိုးစဉ် မိုးကြိုးပစ်၍သေဆုံးပြီး ၊ ထိုအချိန်မှာပင် သရက်တောရွာနေ ဒေါ်အေးမာ အသက် ၄၈နှစ်မှာလည်း လယ်ကွင်း၌ နွားသိမ်း စဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ကာ ၊ ရေပူကြီးရွာတွင် ထမင်းချက်နေသော အသက် ၁၆အရွယ် နန်းသဲစုခိုင်လည်း မိုးကြိုးထိမှန်သေဆုံးခဲ့သည်။
နွေလယ်တွင် ညနေ လေးနာရီဝန်းကျင်အချိန်၌ မိုးသက်လေပြင်းကျ၍ မိုးကြိုး ပစ်ခြင်းမှာ မိုးတိမ်တောင်ရာသီဥတုကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။ လက်ကျန် နွေရာသီကာလတွင် မိုးတိမ်တောင်ရာသီဥတုကို သတိထားရန်လိုကြောင်း လည်း ဒေါက်တာ ထွန်းလွင်က အကြံပြုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ခုနှစ်နောက်ပိုင်းမှစ၍ မိုးကြိုးထိမှန်သေဆုံးသူအရေအ တွက် ပိုများလာကြောင်း ယင်းကပြောသည်။ သင်္ကြန်အကြိုနေ့ညနေမှာ ပင် ကျုံဒိုးမြို့၌မိုးသက်လေပြင်းကျ ၍ နေအိမ်အချို့ ပြိုလဲခဲ့သည်။
ကိုးကား - 7Day News Journal
သင်္ကြန်အကြိုနေ့ညနေ လေးနာရီခွဲတွင် ကော့ဝါလဲ ကျေးရွာရှိနေအိမ် တစ်အိမ်အား မိုးကြိုးပစ်ရာ အိပ်ပျော်နေသော အသက်၁၈နှစ် အရွယ် နော်အေးခိုင်သေဆုံးပြီး သူမ၏ မိခင်ဖြစ်သူ ဒေါ်မုတူးမှာ ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ငါးမိနစ်သာခြား၍၄နာရီ ၃၅ မိနစ်တွင် ကော့ဖော်ရွာ နေ အသက်၂၅နှစ်အရွယ် မောင်ထွန်းနှင့် အေးမင်းသန်းတို့ နှစ်ဦး ရွာတောင် ဘက်ရေတွင်း ၌ ရေချိုးစဉ် မိုးကြိုးပစ်၍သေဆုံးပြီး ၊ ထိုအချိန်မှာပင် သရက်တောရွာနေ ဒေါ်အေးမာ အသက် ၄၈နှစ်မှာလည်း လယ်ကွင်း၌ နွားသိမ်း စဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ကာ ၊ ရေပူကြီးရွာတွင် ထမင်းချက်နေသော အသက် ၁၆အရွယ် နန်းသဲစုခိုင်လည်း မိုးကြိုးထိမှန်သေဆုံးခဲ့သည်။
နွေလယ်တွင် ညနေ လေးနာရီဝန်းကျင်အချိန်၌ မိုးသက်လေပြင်းကျ၍ မိုးကြိုး ပစ်ခြင်းမှာ မိုးတိမ်တောင်ရာသီဥတုကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။ လက်ကျန် နွေရာသီကာလတွင် မိုးတိမ်တောင်ရာသီဥတုကို သတိထားရန်လိုကြောင်း လည်း ဒေါက်တာ ထွန်းလွင်က အကြံပြုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ခုနှစ်နောက်ပိုင်းမှစ၍ မိုးကြိုးထိမှန်သေဆုံးသူအရေအ တွက် ပိုများလာကြောင်း ယင်းကပြောသည်။ သင်္ကြန်အကြိုနေ့ညနေမှာ ပင် ကျုံဒိုးမြို့၌မိုးသက်လေပြင်းကျ
ကိုးကား - 7Day News Journal
No comments:
Post a Comment