မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကို
အားပေးရန် စင်္ကာပူက ရန်ကုန် ပြည်ပစင်တာ( Yangon Oversea Centre) တခုက
ဖွင့်လှစ်မည် ဖြစ်သည်။
ဧပြီလ
၎ရက်နေ့က စင်္ကာပူနှင့် မြန်မာတို့ သဘောတူညီချက် သုံးခုဖြင့် နားလည်မှု
စာချွန်လွှာ (MOU) နှစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့သည့် စင်္ကာပူ မြန်မာ
စီးပွားရေးဖိုရမ်တွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နားလည်မှု စာချွန်လွှာနှင့် သဘောတူညီမှုများကို ဆက်သွယ်ရေး နှင့်
ဟိုတယ်လုပ်ငန်းများ အပါအ၀င် လုပ်ငန်းနယ်ပယ် အမျိုးမျိုးမှ စင်္ကာပူ
ကုမ္ပဏီများနှင့် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် International Enterprise (I E) ၏ စင်္ကာပူ စီအီးအို Teo
Eng Cheongက “ မြန်မာနိုင်ငံမှာ ရှိနေတဲ့ စင်္ကာပူ ကုမ္ပဏီ အတော်များများက
အတိုင်းအတာ တခုရှိတဲ့ လုပ်ငန်းကဏ္ဍတွေ အနှံ့မှာ ဒီကနေ့ အခွင့်အရေးတွေ
မြင်တွေ့နေရပါပြီ ” ဟု ပြောကြားခဲ့သည်
စင်္ကာပူ
တယ်လီကွန်မြူနီကေးရှင်း လီမိတက် (STL) သည် Sing Tel ၏ ဂြိုလ်တုဖုန်းများ
ဖြန့်ချီရန်နှင့် မြန်မာနိုင်ငံတွင် ဂြိုလ်တုသုံး အသံလွှင့်လုပ်ငန်း
ဝန်ဆောင်မှု လုပ်ငန်းတို့ လုပ်ကိုင်ရန် Straits Trading နှင့် သဘောတူ
လက်မှတ်
ရေးထိုးခဲ့သည်။
AmaraHospitalityCapital ကုမ္ပဏီက
ရန်ကုန်မြို့တွင် ဟိုတယ်တစ်ခု တည်ဆောက် မည် ဖြစ်ပြီး ကော်ဖီဆိုင်
လုပ်ငန်းများ လုပ်ကိုင်သည့်Ya Kun ကလည်း လာမည့် ၂နှစ်အတွင်း
မြန်မာနိုင်ငံ အနှံ့တွင် အပန်းဖြေနေရာ ၁၀ခု ဖွင့်လှစ်မည်ဟု သိရသည်။
No comments:
Post a Comment