Cyber Fighters of Izz ad-Din al-Qassamမှ USရှိဘဏ်များကို
DDoSattackiဖြင့် ထပ်မံ တိုက်ခိုက်မည် ဖြစ်ပြီး ယခင် အကြိမ်ထက် ပိုမို
အင်အား သုံးကာ တိုက်ခိုက်သွားမည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြောင်း
သိရှိရပါသည်။ ထိုအဖွဲ့မှ USရှိဘဏ်များနှင့် Credit Cord ဘဏ်များအပေါ် Cyber
Attack တိုက်ခိုက်မှုမှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ
အတွင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ ပိုမို
အင်အားသုံးပြီး ထပ်မံ တိုက်ခိုက်မယ့်အကြောင်း ခြိမ်းခြောက် ကြေညာခြင်း
ဖြစ်ပါတယ်။ ယခင်က တိုက်ခိုက်ခံခဲ့ရပြီး ယခု ထပ်မံ တိုက်ခိုက်မည်ဟု
ကြေညာလိုက်သော ဘဏ်များနှင့် Credit Card ကုမ္ပဏီများစာရင်းမှာ Bank of
America, PNC Financial, Capital One Financial, Union Bank, Zions Bank,
Citizen Bank, Patelco Credit Unionနှင့် University Federal Credit
Unionတို့ ပါဝင်ကြောင်း သိရှိရပါတယ်။ တိုက်ခိုက်ခံရမှုနဲ့ ပျက်စီးဆုံးရှုံးမှု
အတိုင်းအတာကို တိတိကျကျ မကြေညာခဲ့ပေမယ့် Radware Security Solutionရဲ့
Directorဖြစ်သူ Ronen Kenigကတော့ အနည်းဆုံး ဘဏ်ခုနှစ်ခု တို့ဟာ
မိနစ်ပိုင်းကနေ နာရီ အနည်းငယ် ကြာတဲ့အထိ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲ
ခံစားခဲ့ရတယ်လို့ ပြောခဲ့ပြီးဘဏ်တွေရဲ့ နာမည်ကို ပြောဖို့တော့
ငြင်းဆိုခဲ့ပါတယ်။
ဘဏ်တွေရဲ့ Website လွှင့်တင်ထားတဲ့ Serverတွေ
အားလုံးက အမေရိကန် ပြည်ထောင်စုအတွင်းမှာ တည်ရှိတာဖြစ်ပြီး ဒီ Cyber
တိုက်ခိုက်မှုကို ပြုလုပ်တဲ့ Cyber အကြမ်းဖက် အဖွဲ့အစည်းက
ဘဏ်ဝက်ဘ်ဆိုက်တွေရဲ့ Serverတွေကို Requestတွေ ပြည့်ကျပ်နေပြီး Server
Downသွားဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ Kenigက ပြောခဲ့ပါတယ်။ ဒါ့အပြင်
နောက်ဆုံး တိုက်ခိုက်မှုမှာ တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ မလိုလားအပ်သော
Data စီးဆင်းမှု တစ်စက္ကန့်မှာ 100GBအထိ ရှိခဲ့ပြီး ယခင်
တိုက်ခိုက်မှုတွေတုန်းက 60GBကနေ 70GBအထိပဲ ရှိခဲ့တယ်လို့
Keningကပြောခဲ့ပါတယ်။
တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်ကဘဏ်တွေရဲ့
ဝက်ဘ်ဆိုက် တွေကိုလွှင့်တင်ပေးထားတဲ့ ကုမ္ပဏီတွေရဲ့ ဒီဝက်ဘ်ဆိုက် ကိုအသုံးပြု
Request လုပ်နိုင်မယ့် User အရေအတွက် တရားဝင် သဘောတူညီချက်ထက်
ကျော်လွန်သွားအောင် ကြံစည်ခြင်း ဖြစ်တယ်လို့ Radwareရဲ့ DriectorKenigက
ရှင်းပြထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေအတွက် ကြိုတင် သိရှိခဲ့ခြင်းတွေ
ရှိပေမယ့် တိုက်ခိုက်မှုတွေကို မဟန့်တားနိုင်ခဲ့ခြင်းက နည်းပညာ အားနည်းလို့
မဟုတ်ဘဲ ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက်တွေကို လုံခြုံမှုအတွက် တာဝန်ယူရတဲ့ Security
Vendorတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့လို့ ဖြစ်တယ် လို့လည်း Kenigက
ပြောခဲ့ပါတယ်။
Radware Security Solutionမှ ၂၀၁၂ခုနှစ်အတွင်း DdoS
တိုက်ခိုက်မှုဟာ အရင်နှစ်ကထက် 1707 ပိုမိုလာခဲ့တယ်လို့ အစီရင်ခံခဲ့ပြီး
ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက် လွှင့်တင်ထားတဲ့ Serverတွေ ကျခဲ့ရင် Server Downချိန်
တစ်မိနစ်မှာ ဆုံးရှုံးနစ်နာမှု USD 32,560ရှိတယ်လို့ တွက်ချက်ပြထား ပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုတွေကို နာရီ အနည်းငယ်ကနေ လပိုင်းအထိ ကြာအောင်
အချိန်ယူပြီး တိုက်ခိုက်တယ်လို့လည်း သိရပါတယ်။ Cyber Fighters of Izz
ad-Din al- Qaassamမှ တိုက်ခိုက်မှု ငါးကြိမ် ပြုလုပ်မယ်လို့ ကြေညာခဲ့ပြီး
၂၀၁၂ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ စက်တင်ဘာလ အတွင်းမှာ စတင်
တိုက်ခိုက်ခဲ့ တာဖြစ်ပြီး နောက်ဆုံး တိုက်ခိုက်မှုကတော့ လွန်ခဲ့တဲ့ တစ်လက
ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
Cyber Fighters of Izz ad-Din al-Qassamမှ USရှိဘဏ်များကို
DDoSattackiဖြင့် ထပ်မံ တိုက်ခိုက်မည် ဖြစ်ပြီး ယခင် အကြိမ်ထက် ပိုမို
အင်အား သုံးကာ တိုက်ခိုက်သွားမည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြောင်း
သိရှိရပါသည်။ ထိုအဖွဲ့မှ USရှိဘဏ်များနှင့် Credit Cord ဘဏ်များအပေါ် Cyber
Attack တိုက်ခိုက်မှုမှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ
အတွင်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ ပိုမို
အင်အားသုံးပြီး ထပ်မံ တိုက်ခိုက်မယ့်အကြောင်း ခြိမ်းခြောက် ကြေညာခြင်း
ဖြစ်ပါတယ်။ ယခင်က တိုက်ခိုက်ခံခဲ့ရပြီး ယခု ထပ်မံ တိုက်ခိုက်မည်ဟု
ကြေညာလိုက်သော ဘဏ်များနှင့် Credit Card ကုမ္ပဏီများစာရင်းမှာ Bank of
America, PNC Financial, Capital One Financial, Union Bank, Zions Bank,
Citizen Bank, Patelco Credit Unionနှင့် University Federal Credit
Unionတို့ ပါဝင်ကြောင်း သိရှိရပါတယ်။ တိုက်ခိုက်ခံရမှုနဲ့ ပျက်စီးဆုံးရှုံးမှု
အတိုင်းအတာကို တိတိကျကျ မကြေညာခဲ့ပေမယ့် Radware Security Solutionရဲ့
Directorဖြစ်သူ Ronen Kenigကတော့ အနည်းဆုံး ဘဏ်ခုနှစ်ခု တို့ဟာ
မိနစ်ပိုင်းကနေ နာရီ အနည်းငယ် ကြာတဲ့အထိ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲ
ခံစားခဲ့ရတယ်လို့ ပြောခဲ့ပြီးဘဏ်တွေရဲ့ နာမည်ကို ပြောဖို့တော့
ငြင်းဆိုခဲ့ပါတယ်။
ဘဏ်တွေရဲ့ Website လွှင့်တင်ထားတဲ့ Serverတွေ အားလုံးက အမေရိကန် ပြည်ထောင်စုအတွင်းမှာ တည်ရှိတာဖြစ်ပြီး ဒီ Cyber တိုက်ခိုက်မှုကို ပြုလုပ်တဲ့ Cyber အကြမ်းဖက် အဖွဲ့အစည်းက ဘဏ်ဝက်ဘ်ဆိုက်တွေရဲ့ Serverတွေကို Requestတွေ ပြည့်ကျပ်နေပြီး Server Downသွားဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ Kenigက ပြောခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး တိုက်ခိုက်မှုမှာ တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ မလိုလားအပ်သော Data စီးဆင်းမှု တစ်စက္ကန့်မှာ 100GBအထိ ရှိခဲ့ပြီး ယခင် တိုက်ခိုက်မှုတွေတုန်းက 60GBကနေ 70GBအထိပဲ ရှိခဲ့တယ်လို့ Keningကပြောခဲ့ပါတယ်။
တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်ကဘဏ်တွေရဲ့ ဝက်ဘ်ဆိုက် တွေကိုလွှင့်တင်ပေးထားတဲ့ ကုမ္ပဏီတွေရဲ့ ဒီဝက်ဘ်ဆိုက် ကိုအသုံးပြု Request လုပ်နိုင်မယ့် User အရေအတွက် တရားဝင် သဘောတူညီချက်ထက် ကျော်လွန်သွားအောင် ကြံစည်ခြင်း ဖြစ်တယ်လို့ Radwareရဲ့ DriectorKenigက ရှင်းပြထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေအတွက် ကြိုတင် သိရှိခဲ့ခြင်းတွေ ရှိပေမယ့် တိုက်ခိုက်မှုတွေကို မဟန့်တားနိုင်ခဲ့ခြင်းက နည်းပညာ အားနည်းလို့ မဟုတ်ဘဲ ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက်တွေကို လုံခြုံမှုအတွက် တာဝန်ယူရတဲ့ Security Vendorတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့လို့ ဖြစ်တယ် လို့လည်း Kenigက ပြောခဲ့ပါတယ်။
Radware Security Solutionမှ ၂၀၁၂ခုနှစ်အတွင်း DdoS တိုက်ခိုက်မှုဟာ အရင်နှစ်ကထက် 1707 ပိုမိုလာခဲ့တယ်လို့ အစီရင်ခံခဲ့ပြီး ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက် လွှင့်တင်ထားတဲ့ Serverတွေ ကျခဲ့ရင် Server Downချိန် တစ်မိနစ်မှာ ဆုံးရှုံးနစ်နာမှု USD 32,560ရှိတယ်လို့ တွက်ချက်ပြထား ပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုတွေကို နာရီ အနည်းငယ်ကနေ လပိုင်းအထိ ကြာအောင် အချိန်ယူပြီး တိုက်ခိုက်တယ်လို့လည်း သိရပါတယ်။ Cyber Fighters of Izz ad-Din al- Qaassamမှ တိုက်ခိုက်မှု ငါးကြိမ် ပြုလုပ်မယ်လို့ ကြေညာခဲ့ပြီး ၂၀၁၂ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ စက်တင်ဘာလ အတွင်းမှာ စတင် တိုက်ခိုက်ခဲ့ တာဖြစ်ပြီး နောက်ဆုံး တိုက်ခိုက်မှုကတော့ လွန်ခဲ့တဲ့ တစ်လက ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

No comments:
Post a Comment