မတ်လ ၂၇၊ ၂၀၁၃
M-Media
ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီး မည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတ င်းရရှိသည်။
"ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီး မယ် လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ
ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က
မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေ ကို ဘေးလွတ်ကင်းရာဘက်ကို
ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့်
၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်"ဟု ဥက္ကံမြို့ခံမှ M-Media ကို
ပြောပြလာပါတယ်။
M-Media
ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီး မည်ဆိုသောကြောင
"ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီး မယ် လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြေ
No comments:
Post a Comment