Wednesday, March 27, 2013

ပဲခူးတိုင်း မင်းလှတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများ ၀င်ရောက်ဖျက်ဆီးနေ

ပဲခူးတိုင်း မင်းလှတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများ ၀င်ရောက်ဖျက်ဆီးနေ 
===========
မတ်လ ၂၇၊ ၂၀၁၃
M-Media
ဇာဏီ

မင်းလှမြို့ ။ ။ မင်းလှမြို့ရှိ မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ နေ့လည် ၂း၃၀ နာရီခွဲခန့်မှ စတင် ၀င်ရောက်ဖျက်ဆီးနေသည်ဟု သတင်းရရှိသည်။

"စစ်ကွင်းမှာ ဒီနေ့ မနက်ကတည်းက တစ်ခါထပ်ပြီး ဖျက်ဆီးမှုတွေ လုပ်နေတယ်။ ဆိုင်ကယ် အစီး(၃၀)လောက်နဲ့ဝင်လာတယ်လို့ စစ်ကွင်းကပြောတယ်။ အဲဒီကနေ အခု မင်းလှကို ကူးလာနေပြီလို့ပြောတယ်။ မင်းလှမှာလည်း အားလုံးကို တပ်လှန့်နေတယ်။ စစ်တပ်နဲ့ ရဲကတော့ လှုံ့ဆော်နေတဲ့သူတွေနောက်ကို နောက်လိုက်တယ်။ အခုပြောနေတဲ့အချိန်မှာပဲ မြောက်ဘက်မြို့သစ်က အိမ်တစ်အိမ်ကို ဖျက်နေပြီ။"လို့ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

ယခုအချိန်တွင် မင်းလှမြို့ မြောက်ဘက်မြို့သစ်၊ ၄-လမ်းမှ မွတ်စလင်မ်အိမ်တစ်အိမ်နှင့်၊ ဇေယျဝတီရပ်ကွက်မှ မွတ်စလင်မ်အိမ်တစ်အိမ် စုစုပေါင်း (၂)အိမ် ဖျက်ခံလိုက်ရပြီဖြစ်ကြောင်း၊ မင်းလှမြို့၏ နာမည်ကြီးဗလီဖြစ်သည့် တိုင်ရာကျော်ဗလီကို ဖျက်ဆီးမည်ဆိုသည်ကြောင့် လုံခြုံရေးချလိုက်ရာ ဖျက်ဆီးမည့် လူစုလူဝေးမှာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

မင်းလှမြို့တွင် ရှေးယခင်ကတည်းမှ ဗလီ(၃)လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ (၁၀၀)နီးပါး ရှိသည်ဟု သိရသည်။

နောက်ဆုံးရရှိတဲ့ သတင်းအရ အကြမ်းဖက်သမား(၃၀၀)ကျော်လာပြီ၊ ဗလီတံခါးဖွင့်ပြီး တိုင်ရာကျော်ဗလီကိုဖျက်ဆီးနေကြကြောင်း လုံခြုံရေးလည်း မထိန်းနိုင်တော့ကြောင်းသတင်းရရှိပါသည်။
မတ်လ ၂၇၊ ၂၀၁၃
M-Media

မင်းလှမြို့ ။ ။ မင်းလှမြို့ရှိ မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ နေ့လည် ၂း၃၀ နာရီခွဲခန့်မှ စတင် ၀င်ရောက်ဖျက်ဆီးနေသည်ဟု သတင်းရရှိသည်။

"စစ်ကွင်းမှာ ဒီနေ့ မနက်ကတည်းက တစ်ခါထပ်ပြီး ဖျက်ဆီးမှုတွေ လုပ်နေတယ်။ ဆိုင်ကယ် အစီး(၃၀)လောက်နဲ့ဝင်လာတယ်လို့ စစ်ကွင်းကပြောတယ်။ အဲဒီကနေ အခု မင်းလှကို ကူးလာနေပြီလို့ပြောတယ်။ မင်းလှမှာလည်း အားလုံးကို တပ်လှန့်နေတယ်။ စစ်တပ်နဲ့ ရဲကတော့ လှုံ့ဆော်နေတဲ့သူတွေနောက်ကို နောက်လိုက်တယ်။ အခုပြောနေတဲ့ အချိန်မှာ ပဲ မြောက်ဘက်မြို့သစ်က အိမ်တစ်အိမ်ကို ဖျက်နေပြီ။"လို့ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

ယခုအချိန်တွင် မင်းလှမြို့ မြောက်ဘက်မြို့သစ်၊ ၄-လမ်းမှ မွတ်စလင်မ်အိမ်တစ် အိမ်နှင့်၊ ဇေယျဝတီ ရပ်ကွက်မှ မွတ်စလင်မ်အိမ်တစ်အိမ် စုစုပေါင်း (၂)အိမ် ဖျက်ခံလိုက်ရပြီဖြစ်ကြောင်း၊ မင်းလှမြို့၏ နာမည်ကြီးဗလီဖြစ်သည့် တိုင်ရာကျော်ဗလီကို ဖျက်ဆီးမည်ဆိုသည်ကြောင့် လုံခြုံရေးချလိုက်ရာ ဖျက်ဆီးမည့် လူစုလူဝေးမှာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

မင်းလှမြို့တွင် ရှေးယခင်ကတည်းမှ ဗလီ(၃)လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ (၁၀၀)နီးပါး ရှိသည်ဟု သိရသည်။ နောက်ဆုံးရရှိတဲ့ သတင်းအရ အကြမ်းဖက်သမား(၃၀၀)ကျော်လာပြီ၊ ဗလီတံခါးဖွင့်ပြီး တိုင်ရာကျော်ဗလီကိုဖျက်ဆီးနေကြကြောင်း လုံခြုံရေးလည်း မထိန်းနိုင်တော့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment