Wednesday, March 27, 2013

ပဲခူးတိုင်းတွင်အနောက်ခြမ်း အဓိကရုဏ်းတွေမဖြစ်ခင် ဖုန်းလိုင်းများဖြတ်တောက်ခြင်းခံရ


မတ်လ ၂၅ ရက်နေ့ ည ၁ဝ နာရီ ၃၆ မိနစ်က ပဲခူးတိုင်း အနောက်ဘက် စစ်ကွင်းမြို့တွင် ဗလီတစ်လုံးနှင့် အစ္စလာမ်ဘာသာဝင်ပိုင် နေရာသစ်လက်ဘက်ရည်ဆိုင်တို့ ဖျက်စီးခံခဲ့ရပါတယ်။

ဒီဖြစ်စဉ်မဖြစ်ပွားမီအချိန်က ၄င်းဒေသရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ဆက်သွယ်ရေးကြိုးများ ဖုန်းလိုင်းများ ဖျက်စီးခြင်းခံရကြောင်း ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

စစ်ကွင်းမြို့ဟာ မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၇ ရက်မနက်ထိ စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်များတွင် အဓိကရုဏ်းမဖြစ်ပွားခင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရသည့် ပထမဆုံးဒေသဖြစ်ပါတယ်၊

No comments:

Post a Comment