Monday, March 11, 2013

ဒိန်းမတ်လွှတ်တော် ဥက္ကဌ နှင့် စစ်တွေ အရပ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေး

ဒိန်းမတ်လွှတ်တော် ဥက္ကဌ နှင့် စစ်တွေ အရပ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေး

By Yu Thandar Khin

စစ်တွေ ၊ ၁၀ မတ်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့မနက်ပိုင်း ဆယ့်တစ်နာရီခန့်တွင် ဒိန်းမတ်ပါလီမန် ဥက္ကဌ Mogens Lykketoft နှင့် စစ်တွေမြို့မှ အရပ်ဖက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ စစ်တွေဟိုတယ်တွင် ဆွေးနွေးကြရာ ရခိုင်လူမှုကွန်ရက် (စစ်တွေ) ၏ ကိုယ်စားလှယ်များအဖြစ် ဦးကျော်ဇောဦး နှင့် ဦးစိုးနိုင် ၊ စစ်တွေမြို့မိမြို့ဖ ဦးသာပွင့် ၊ ရခိုင်အမျိုးသမီးကွန်ရက် မှ ဒေါ်မညိုအေး နှင့် ရဟန်းပျိုအဖွဲ့မှ ကိုယ်စားလှယ် ရဟန်းလေးဦး တက်ရောက်ခဲ့ကြသည်။
 
Mogens Lykketoft နှင့် အဖွဲ့က လက်ရှိအခြေအနေများကို လူသားချင်းစာနာမှုအရေးဆိုင်ရာ အကြပ်အတည်းပမာ ပြောဆိုသည်ကို စစ်တွေခေါင်းဆောင်များက လက်မခံဘဲ၊ ယခုဘင်္ဂါလီများအရေးသည် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး ကိစ္စသာလျှင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ဝင်ရောက်စွက်ဖက်ပြောဆိုနေခြင်းသည် မှားယွင်းကြောင်း စစ်တွေ အရပ်ဘက် ခေါင်းဆောင်များက ပြောဆိုခဲ့ကြသည် ဟု ဆိုသည်။

ထိုအစည်းအဝေးပြီးနောက် တက်ရောက်သူ စစ်တွေခေါင်းဆောင်များက စစ်တွေ UNOCHA ၏ အကြီးအကဲ မစ္စ ဘာဘရာ ဘာတစ္စတာ နှင့် သီးခြားတွေ့ဆုံကြပြီး၊ စစ်တွေမြို့ အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖြစ် ရခိုင်လူမှုကွန်ရက်(စစ်တွေ) က စေလွှတ်သော ကိုယ်စားလှယ်များကို စစ်တွေရှိနိုင်ငံတကာအဖွဲ့အစည်းများ၏ အပတ်စဉ် general coordination meeting ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခွင့်ပြုရန် စစ်တွေအရပ်ဘက်ခေါင်းဆောင်များက ညှိနှိုင်းရန်ကြိုးစားခဲ့ကြသော်လည်း UNOCHA ဘက်မှ ယတိပြတ် အဖြေကို မရရှိသေး ဟု တက်ရောက်ခဲ့သူတစ်ဦးက Coral Arakan အား ပြောကြားသည်။ 

ရခိုင်လူမှုကွန်ရက်(စစ်တွေ) ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် အဆိုပါတွေ့ဆုံမှုများ နှင့် ပတ်သက်၍ တရားဝင် ရေးသား ဖော်ပြချက် မတွေ့ရသေးပေ။

( Coral Arakan News အတွက် ယုသန္တာခင်ရေးသားသည် )

စစ်တွေ ၊ ၁၀ မတ်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့မနက်ပိုင်း ဆယ့်တစ်နာရီခန့်တွင် ဒိန်းမတ်ပါလီမန် ဥက္ကဌ Mogens Lykketoft နှင့် စစ်တွေမြို့မှ အရပ်ဖက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ စစ်တွေဟိုတယ်တွင် ဆွေးနွေးကြရာ ရခိုင်လူမှုကွန်ရက် (စစ်တွေ) ၏ ကိုယ်စားလှယ်များအဖြစ် ဦးကျော်ဇောဦး နှင့် ဦးစိုးနိုင် ၊ စစ်တွေမြို့မိမြို့ဖ ဦးသာပွင့် ၊ ရခိုင်အမျိုးသမီးကွန်ရက် မှ ဒေါ်မညိုအေး နှင့် ရဟန်းပျိုအဖွဲ့မှ ကိုယ်စားလှယ် ရဟန်းလေးဦး တက်ရောက်ခဲ့ကြသည်။

Mogens Lykketoft နှင့် အဖွဲ့က လက်ရှိအခြေအနေများကို လူသားချင်းစာနာမှုအရေးဆိုင်ရာ အကြပ်အတည်းပမာ ပြောဆိုသည်ကို စစ်တွေခေါင်းဆောင်များက လက်မခံဘဲ၊ ယခုဘင်္ဂါလီများအရေး သည် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး ကိစ္စသာလျှင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ဝင်ရောက်စွက်ဖက်ပြောဆို
နခြင်းသည် မှားယွင်းကြောင်း စစ်တွေ အရပ်ဘက် ခေါင်းဆောင်များက ပြောဆိုခဲ့ကြသည် ဟု ဆိုသည်။

ထိုအစည်းအဝေးပြီးနောက် တက်ရောက်သူ စစ်တွေခေါင်းဆောင်များက စစ်တွေ UNOCHA ၏ အကြီးအကဲ မစ္စ ဘာဘရာ ဘာတစ္စတာ နှင့် သီးခြားတွေ့ဆုံကြပြီး၊ စစ်တွေမြို့ အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖြစ် ရခိုင်လူမှုကွန်ရက်(စစ်တွေ) က စေလွှတ်သော ကိုယ်စားလှယ်များကို စစ်တွေရှိနိုင်ငံတကာအဖွဲ့အစည်းများ၏ အပတ်စဉ် general coordination meeting ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခွင့်ပြုရန် စစ်တွေအရပ်ဘက်ခေါင်းဆောင်များက ညှိနှိုင်းရန်ကြိုးစား ခဲ့ကြသော်လည်း UNOCHA ဘက်မှ ယတိပြတ် အဖြေကို မရရှိသေး ဟု တက်ရောက်ခဲ့သူတစ်ဦးက Coral Arakan အား ပြောကြားသည်။

ရခိုင်လူမှုကွန်ရက်(စစ်တွေ) ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် အဆိုပါတွေ့ဆုံမှုများ နှင့် ပတ်သက်၍ တရားဝင် ရေးသား ဖော်ပြချက် မတွေ့ရသေးပေ။

( Coral Arakan News အတွက် ယုသန္တာခင်ရေးသားသည် )

No comments:

Post a Comment