Monday, March 11, 2013

ၾသစေၾတးလ် နိုင်ငံ မြို့တော် ကင်ဘာရာတွင် သံရုံး ဖွင့်လှစ်ရန် မြောက်ကိုရီးယား၏ အစီအစဉ်အား သြစတြေးလျ အစိုးရက အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ပြီးနောက် သြစတြေးလျ နိုင်ငံ မြို့တော် ကင်ဘာရာတွင် သံရုံး ဖွင့်လှစ်ရန် မြောက်ကိုရီးယား၏ အစီအစဉ်အား သြစတြေးလျ အစိုးရက အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့ ပါသည်။

နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အပေါ် လုံခြုံရေး ကောင်စီက အရေးယူမှု ပြုလုပ်ရန် စဉ်းစားသုံးသပ် နေချိန်တွင် သံရုံးဖွင့်ရေး အဆိုပြုချက်အား ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရက မြောက်ကိုရီးယား အစိုးရ ထံ ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဘော့ကာ၏ ပြောရေးဆိုခွင့်ရ ပတ်ထရစ်လိုက မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ မြောက်ကိုရီး ယားသည် ၂ဝဝ၂ ခုနှစ်၌ ကင်ဘာရာတွင် သံရုံး ဖွင့်ခဲ့သော်လည်း  ၆ နှစ် ကြာပြီးနောက် ပိတ်ပစ် ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/8787-2013-03-09-15-19-18

မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ပြီးနောက် သြစတြေးလျ နိုင်ငံ မြို့တော် ကင်ဘာရာတွင် သံရုံး ဖွင့်လှစ်ရန် မြောက်ကိုရီးယား၏ အစီအစဉ်အား သြစတြေးလျ အစိုးရက အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့ ပါသည်။

နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အပေါ် လုံခြုံရေး ကောင်စီက အရေးယူမှု ပြုလုပ်ရန် စဉ်းစားသုံးသပ် နေချိန်တွင် သံရုံးဖွင့်ရေး အဆိုပြုချက်အား ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရက မြောက်ကိုရီးယား အစိုးရ ထံ ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဘော့ကာ၏ ပြောရေးဆိုခွင့်ရ ပတ်ထရစ်လိုက မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ မြောက်ကိုရီး ယားသည် ၂ဝဝ၂ ခုနှစ်၌ ကင်ဘာရာတွင် သံရုံး ဖွင့်ခဲ့သော်လည်း ၆ နှစ် ကြာပြီးနောက် ပိတ်ပစ် ခဲ့ပါသည်။

No comments:

Post a Comment