Thursday, March 14, 2013
မြန်မာနိုင်ငံဟာလည်း နည်းပညာပိုင်းမှာ အရင်ကထက် ခေတ်မီတိုးတက် လာနေပါပြီ။ အခုဆိုရင် မိုဘိုင်းဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ များပြား လာတာကြောင့် အင်္ဂလိပ်စာသင်ခန်းစာတွေ ကို မိုဘိုင်းဖုန်းမှတဆင့် သင်ယူနိုင်ပြီလို့ သိရပါတယ်။
မိုဘိုင်းဖုန်းကနေ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Urban English ကို Blue Ocean နဲ့ URban Planet Mobile Deucation Service တို့က ပူးပေါင်းပြီး မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ရှိ Park Royal ဟိုတယ်မှာ ၀န်ဆောင်မှုကို အသိပေးပွဲကျင်းပခဲ့တာကို ယနေ့ ထုတ် ကြေးမုံသတင်းစာ မှာ ဖော်ပြထားပါတယ်။
Urban English ရဲ့ ၀န်ဆောင်မှုထဲမှာ အခြေခံ အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အဆင့်ခွဲထားတယ်လို့ သိရပါတယ်။ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ ကဏ္ဍတွေခွဲထားပြီး TOEFL ကဏ္ဍကိုလည်း လေ့လာနိုင်အောင် စီစဉ်ထားတယ်လို့
ကဏ္ဍ တခုစီတိုင်းမှာ သင်ခန်းစာပေါင်း ၆၀ မှ ၉၀ အထိ ပါဝင်ကြောင်းနဲ့ အခြေခံ သင်ခန်းစာတခုကျသင့် ငွေ ၅၀ ကျပ်၊ သင်ခန်းစာပေါင်း ၆၀ အတွက်ကျသင့်ငွေ ကျပ် ၃၀၀၀ ဈေးနှုန်းနဲ့ ၃ လအတွင်း နှစ်သက်သလို လေ့လာနိုင်တဲ့ အခွင့်အလမ်း ရှိတယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်စာကို မိုဖုန်းဖုန်းမှ တဆင့် လေ့လာလိုသူတွေအနေနဲ့ Call Center ဖုန်း- ၀၁-၂၃၉၉၈၇၆ ကို ခေါ် ဆိုပြီး Native Speaker များပို့ချတဲ့ မိုဘိုင်းဖုန်း အင်္ဂလိပ်စာ ပို့ချမှုကို လက်ကမ်းလို့ ရပါတယ်တဲ့။ အခုလို မိုဘိုင်းဖုန်းကတဆင့် အချိန်ကုန်သက်သာ၊ ငွေနဲ့ လူသက်သာစေတဲ့ အင်္ဂလိပ်စာ သင်ယူလေ့လာ နိုင်မှု ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး လည်းဖြစ်ပါတယ်။
ဧရာဝတီ
No comments:
Post a Comment