ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့သည် သမ္မတ ဘာရှာအယ်လ်အာဆတ်၏ တပ်ဖွဲ့များထံမှ သိမ်းယူထားသော နယ်မြေများကို ထိရောက်စွာ
စီမံနိုင်ရေး အတွက် ယာယီအစိုးရ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရန် အမေရိကန် IT
ပညာသင်ကြားရေး မန်နေဂျာနှင့် အစ္စလာမ် လှုပ်ရှားပြောင်းလဲရေး ဝါဒီ
ဂါဆန်ဟစ်တိုအား မတ် ၁၉ ရက် အစောပိုင်းက မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။
ဆီးရီးယား ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၆၃ ဦး ပါဝင်သော အစ္စတန်ဘူလ် မြို့၌ပြုလုပ်သည့် အစည်းအဝေး၌ ဂါဆန်ဟစ်တိုသည် လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ် ခဲ့ရာတွင် ထောက်ခံမဲ ၃၅ မဲ ရရှိခဲ့ခြင်း ဖြစ်သည်။
ဟစ်တိုသည် အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ်ချီ ကြာအောင် နေထိုင်ခဲ့သူဖြစ်ပြီး မကြာသေးမီကပင် အတိုက်အခံ တပ်ဖွဲ့များ စခန်းချရာ ဒေသများ၌ ပူးပေါင်း အကူအညီပေးရန် တက္ကဆက်ပြည်နယ်မှ တူရကီ သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
အစိုးရ အဖွဲ့သစ်သည် အာဆတ် တပ်ဖွဲ့များအား တိုက်ခိုက်လျက်ရှိသော အတိုက်အခံ အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ညွန့်ပေါင်း တပ်ဖွဲ့ဝင်များ က မျှော်မှန်းထားသလို အတိုက်အခံ တပ်ဖွဲ့များ စခန်းချ ရာဒေသများ အတွင်း ထောက်ပံ့မှုများ ပေးအပ် သွားမည်ဟု လည်း မျှော်မှန်း ထားကြောင်း သိရသည်။
http://bit.ly/15oRRF2

No comments:
Post a Comment