မတ်လ ၂၀၊ ၂၀၁၃
M-Media
အေးမောင်
M-Media
အေးမောင်
မိတ္ထီလာ ။ ။ မိတ္ထီလာမြို့တွင်
ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင် ဆိုင်ခန်းများ အား
ဝိုင်းဝန်း ဖျက်ဆီးပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေရန်
ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း သတင်းရရှိ သည်။ဖြစ်စဉ်မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့
ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ် ပိုင်သော ရွှေဆိုင်
တစ်ခုတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ စကားများရန်ဖြစ်ရာမှ
စတင်ခဲ့ကြောင်း သိရသည်။
မွတ်စလင်မ်ပိုင်သော ရွှေဆိုင်တွင် လာဝယ်သော
အမျိုးသမီးတစ်ဦးနှင့် ရွှေဆိုင်ပိုင်ရှင်၏ တူမဖြစ်သူ တို့ ဈေးရောင်း ဈေးဝယ်
စကားများအငြင်းပွားမှုဖြစ်ခဲ့ေ ကြာင်း၊ ယင်းအမျိုးသမီးသည် ရွှေအတုကို
လိမ်လည်၍ လာရောက်ရောင်းချသောကြောင့် စကားများကြရာမှ အဆိုပါ အမျိုးသမီး သည်
ပြန်သွား ခဲ့ကြောင်း၊ ယင်းအမျိုးသမီးသည် ရွာမှတချို့ကို ခေါ်လာပြီး ဆက်လက်
စကားများကြကြောင်း၊ ယင်းစကားသည့်ကိစ္စရပ်အား ဖြေရှင်းပြီးနောက်
ယင်းအမျိုးသမီးသည်လည်း ရွာသို့ ပြန်သွားခဲ့ကြောင်း၊ ယင်းဈေးရောင်းဈေးဝယ်
အချင်းများသည့်ကိစ္စရပ် ပြီးဆုံးသွားသော်လည်း လူစုလူဝေးဖြင့် ရောက်ရှိလာပြီး
အဆိုပါ ဆိုင်အား ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြောင်း၊ ၎င်းဆိုင်သာမက အနီးဝန်းကျင်ရှိ
မွတ်စလင်မ်ပိုင် တခြားသော ဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ ယခုအခါ
လူစုအဝေးမှာ အင်အားကြီးမား လာသောကြောင့် ရဲ၊ ယာဉ်ထိန်းနှင့် မီးသတ်များပါ
ဝိုင်းဝန်းတားဆီး လူစုခွဲနေကြောင်း သိရသည်။
“ရွှေဆိုင်က မွတ်စလင်မ်ပိုင်တာပါ။
ဈေးတိုက်တန်းမဟုတ်ပါဘူး။ ဈေးကြီးအရှေ့ဘက်မှာရှိတာပါ။ ပန်းတိမ်တန်းပေါ့။
ဟာဂျီမကြီးတစ်ဦးပိုင်တဲ့အိမ်ပါ။ အဲဒါကို သူတို့ ဆွေမျိုးတွေပဲ အောက်ထပ်မှာ
တန်းလျားပုံစံမျိုးနဲ့ ဆိုင်ခန်းတွေ ဖွင့်ထားကြတာပါ။ ၁၀-ခန်းလောက်
ရှိပါတယ်။ မွတ်စလင်မ်တွေပဲ ပိုင်တဲ့ဆိုင်တွေပါ။ တခြားဘာသာခြားဆိုင်ခန်းတွေ
မရှိပါဘူး။ ဘာသာခြားဆိုင်တွေက အဲဒီ မွတ်စလင်မ်ဆိုင်တွေနဲ့
မျက်နှာချင်းဆိုင်မှာတော့ ရှိနေပါတယ်။ ကျွန်တော်တို့ အဲဒီနေရာကို သွားလို့
မရပါဘူး။ ကျွန်တော်က ဈေးကြီးအနောက်ဘက်ကပါ။ ကျွန်တော်လည်း ဆိုင်ပိတ်ပြီး
အိမ်ပြန်လာခဲ့ရ တာပါ”လို့ မွတ်စလင်မ် တစ်ဦးက ပြောပြလာပါတယ်။
“သမီး အဖေပြန်မလာသေးဘူး။ သမီးက ကျောင်းက
ပြန်လာတာ။ အဖေလည်း ဘယ်ရောက်နေလဲ မသိဘူး။ အခုပဲ အသိတွေ ဖုန်းဆက်လာတာ
အဖေလမ်းမှာ ရိုက်ခံနေရတယ်လို့ပြောတယ်။ သမီးလည်း စိတ်ပူနေတယ်”လို့
မွတ်စလင်မ် တက္ကသိုလ်ကျောင်းသူ တစ်ဦးမှ သူမအဖေအကြောင်း ကို ပြောပြလာပါ တယ်။
ထပ်မံသိရှိရသည့် သတင်းများအရ သူမ၏အဖေမှာ ရိုက်ခံရ၍ ဦးခေါင်းတွင်
ဒဏ်ရာအနည်းငယ် ရသွားကြောင်း သိရပါသည်။
“သတင်းတွေက အစုံပဲ ကောလဟာလ ထွက်နေကြတာ။
ရွှေအတုလာရောင်းလို့ ပြဿနာဖြစ်တာပါ။ ကျွန်တော် သိပါတယ်။
ဘာသာရေးပြဿနာဖြစ်အောင် ဖန်တီးတာပါ။ ကျွန်တော်တို့ အဲလို ဖန်တီးမှုကို အား
မပေးပါဘူး။ တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်”လို့ ယင်း ရွှေဆိုင်အနီးရှိ
ဗုဒ္ဓဘာသာဆိုင်ရှင် တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
ပြီးခဲ့သည့် လများမှ စတင်ပြီး ဆိုရှယ်မီဒီယာများတွင် ပြန့်နှံခဲ့သည့် ဘုန်းကြီး ဝီရသူ၏ မိတ္ထိလာ NLD ပါတီ နှင့် ပတ်သက်ပြီး ပြောကြားချက်များတွင် အစ္စလာမ်ဆန့်ကျင်ရေး တရားများ ထည့်သွင်းဟောကြားခဲ့ သည့် ဗီဒီယို တရားခွေနှင့် ၉၆၉ အဖွဲ့နှင့် ပတ်သက်သည့် အွန်လိုင်းဆိုရှယ်မီဒီယာများတွ င်
မိထ္ထီလာမြို့ရှိ တူရကီစစ်သင်္ချိုင်းအကြောင်း မဟုတ်မမှန်
လုပ်ကြံသတင်းထုတ်ပြီး အစ္စလာမ် ဆန့်ကျင်ရေးလုပ်ဆောင် မှုများ
ပြန့်နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ပြဿနာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် လများမှ စတင်ပြီး ဆိုရှယ်မီဒီယာများတွင် ပြန့်နှံခဲ့သည့် ဘုန်းကြီး ဝီရသူ၏ မိတ္ထိလာ NLD ပါတီ နှင့် ပတ်သက်ပြီး ပြောကြားချက်များတွင် အစ္စလာမ်ဆန့်ကျင်ရေး တရားများ ထည့်သွင်းဟောကြားခဲ့ သည့် ဗီဒီယို တရားခွေနှင့် ၉၆၉ အဖွဲ့နှင့် ပတ်သက်သည့် အွန်လိုင်းဆိုရှယ်မီဒီယာများတွ
No comments:
Post a Comment