Wednesday, March 20, 2013
ငွေဆောင်ကမ်းခြေကို အရှေ့တောင်အာရှတွင် အကြီးဆုံး ကမ်းခြေအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီး
သွားလာရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမိုးက
“ငွေဆောင်ကမ်းခြေ ဖော်ဆောင် ရာမှာ အပိုင်း (၁) ရယ် (၂) ရယ် ဆိုပြီးရှိတယ်။
အဲဒီအထဲမှာ အပိုင်း (၁) ကတော့ အကောင်အထည်ဖော်ပြီးနေပြီ။ အပိုင်း (၂)
ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိတယ်။ ဒါပေမဲ့ အပိုင်း (၂) မှာ
ဒေသခံတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေရတယ်လို့ ကြားတယ်” ဟု ဆိုသည်။
ငွေဆောင်ကမ်းခြေ စီမံကိန်း အပိုင်း (၂) ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးလျှင် အရှေ့တောင်အာရှတွင် အကြီးဆုံး ကမ်းခြေဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနမှ သိရသည်။
ဦးလှမိုးက “အခုနောက်ပိုင်း အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတာ တိုင်းဒေသကြီး ဝန်ကြီးတွေ အပေါ်မှာ မူတည်တယ်။
ကျွန်တော်တို့ကတော့ စီမံကိန်း အကောင်အထည် ဖော်ပြီးလို့ အဲဒီမှာ
တည်ဆောက်မယ့် ဟိုတယ်တွေ အရည်အသွေးမြှင့်တင်မှု အပိုင်းကို
စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောသည်။
ယင်းကဆက်လက်ပြီး လက်ရှိ အပိုင်း (၁) တွင် စီမံကိန်းများ ပြီးစီးတော့မည်ဖြစ်ပြီး အကောင်အထည် ဖော်ပြီးသော နေရာများတွင်လည်း ဟိုတယ်
အရေအတွက်မှာ နည်းနေသေးကြောင်း၊ စီမံကိန်း အပိုင်း (၂) ပါ အကောင်အထည်
ဖော်ပြီးသွားပါက ငွေဆောင်ကမ်းခြေသည် ကိုးမိုင်ခန့် ရှည်လျားသည့်
ကမ်းခြေကြီးတစ်ခု ဖြစ်နိုင်ကြောင်း ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး
ငွေဆောင်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက “မြန်မာနိုင်ငံမှာ ဒီလိုရှည်လျားတဲ့
ကမ်းခြေတွေ အများကြီးရှိတယ်။ အဲဒီအထဲမှာမှ ငွေဆောင်ကို ရွေးဖြစ်တယ်ဆိုတော့
ကောင်းပါတယ်။ တကယ့်အပန်းဖြေ ကမ်းခြေကြီး ဖြစ်ပြီဆိုရင် ဒေသခံတွေအတွက်
အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာနိုင်တယ်” ဟု သုံးသပ်သည်။
ထပ်မံဆောင်ရွက်မည့် ငွေဆောင် အပိုင်း (၂) စီမံကိန်းမှာ ချစ်သူများကျွန်းမှ ငရုတ်ကောင်း ကျေးရွာအထိ ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး လေးမိုင်ခွဲခန့်ရှိပြီး တည်ဆောက်ချိန် လေးနှစ်မှ ငါးနှစ် ကြာမြင့်နိုင်ကြောင်း သိရသည်။ အဆိုပါ လက်ရှိ ငွေဆောင်ဇုန် အပိုင်း (၁) တွင် ဟိုတယ် ၂၁ လုံးခန့် ရှိပြီး အပိုင်း (၂) ကို ဆက်လက် အကောင်အထည် ဖော်ပြီးပါက ငွေဆောင်အပန်းဖြေ စခန်းသည် အရှေ့တောင်အာရှတွင် အရှည်ဆုံး ပင်လယ် အပန်းဖြေစခန်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဟန်
FLOWER NEWS JOURNAL
yatanarpon.com.mm
Wednesday, March 20, 2013
ငွေဆောင်ကမ်းခြေကို အရှေ့တောင်အာရှတွင် အကြီးဆုံး ကမ်းခြေအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမိုးက “ငွေဆောင်ကမ်းခြေ ဖော်ဆောင် ရာမှာ အပိုင်း (၁) ရယ် (၂) ရယ် ဆိုပြီးရှိတယ်။ အဲဒီအထဲမှာ အပိုင်း (၁) ကတော့ အကောင်အထည်ဖော်ပြီးနေပြီ။ အပိုင်း (၂) ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိတယ်။ ဒါပေမဲ့ အပိုင်း (၂) မှာ ဒေသခံတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေရတယ်လို့ ကြားတယ်” ဟု ဆိုသည်။
ငွေဆောင်ကမ်းခြေ စီမံကိန်း အပိုင်း (၂) ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးလျှင် အရှေ့တောင်အာရှတွင် အကြီးဆုံး ကမ်းခြေဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနမှ သိရသည်။
ဦးလှမိုးက “အခုနောက်ပိုင်း အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတာ တိုင်းဒေသကြီး ဝန်ကြီးတွေ အပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ကတော့ စီမံကိန်း အကောင်အထည် ဖော်ပြီးလို့ အဲဒီမှာ တည်ဆောက်မယ့် ဟိုတယ်တွေ အရည်အသွေးမြှင့်တင်မှု အပိုင်းကို စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောသည်။
ယင်းကဆက်လက်ပြီး လက်ရှိ အပိုင်း (၁) တွင် စီမံကိန်းများ ပြီးစီးတော့မည်ဖြစ်ပြီး အကောင်အထည် ဖော်ပြီးသော နေရာများတွင်လည်း ဟိုတယ် အရေအတွက်မှာ နည်းနေသေးကြောင်း၊ စီမံကိန်း အပိုင်း (၂) ပါ အကောင်အထည် ဖော်ပြီးသွားပါက ငွေဆောင်ကမ်းခြေသည် ကိုးမိုင်ခန့် ရှည်လျားသည့် ကမ်းခြေကြီးတစ်ခု ဖြစ်နိုင်ကြောင်း ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ငွေဆောင်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက “မြန်မာနိုင်ငံမှာ ဒီလိုရှည်လျားတဲ့ ကမ်းခြေတွေ အများကြီးရှိတယ်။ အဲဒီအထဲမှာမှ ငွေဆောင်ကို ရွေးဖြစ်တယ်ဆိုတော့ ကောင်းပါတယ်။ တကယ့်အပန်းဖြေ ကမ်းခြေကြီး ဖြစ်ပြီဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာနိုင်တယ်” ဟု သုံးသပ်သည်။

No comments:
Post a Comment