၁။လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ
လာမည့် မိုးရာသီ တွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်ပြီး
လယ်ယာမြေမှတ် ပုံတင်ကို လည်း အကြွေး ကျေမှ ထောက်ခံပေးမှာ ဖြစ်တဲ့အတွက်
ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ့်မယ်၊ လယ်သိမ်းရင် ဆန္ဒပြမယ် ဆိုတဲ့
အတွေးအခေါ်လောက်ရှိတဲ့ လယ်သမားများကို စေတနာ သတိပေးစကား ပြောခဲ့သော
ဝန်ကြီးအား ထမင်းတစ်နပ် လျော့စားဆိုသည့် စကားကို အသားပေးပြီး
တိုက်ခိုက်ကြမှာ မဟုတ်ဘူး။
အကြွေးတင်နေတယ် ဆိုတာ မကောင်းဘူး၊
ကိုယ့်အကြွေးကျေဖို့ အတွက် အစာလဲ မပြတ်၊ အကြွေးလဲ မဆပ် လုပ်ချင်ရင် လယ်မ
စိုက်နဲ့၊ ဆန္ဒပြစား၊ တောင်းစားလို့ပဲ ပြောကြပါလိမ့်မယ်။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်.....
၂။ ကချင်ပြည်နယ်က လူဦးရေ၊ ကေအိုင်အေရဲ့ အကြမ်းဖက်မှုများ၊ နိုင်ငံတကာရဲ့
စံနှုန်းများကို မသိချင် ဟန် ဆောင်၊ အဆိုပါ အချက်များနှင့် ပတ်သက်ပြီး
ဖြေရှင်းချက် တစ်ခုမှ မလုပ်ဘဲ အဆုံးတွင် မှ ရွှေလက်နှင့် ခေါ်တုန်းလာပါ၊
bullet တော့ မလွှတ်ချင်ဘူး ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ စကားကို
အသား ပေးပြီး အပုပ်ချ သွေးခွဲကြမှာ မဟုတ်ဘူး။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်..
၃။ ၁ နှစ်ခွဲကျော် အပစ်အခတ်ရပ် ဆိုတဲ့ ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ
သေကြေဒဏ်ရာ ရတာ၊ အလောင်းကောင်တွေ ရှေ့မှာ ဓာတ်ပုံ အရိုက်ခံရတာ၊ ပြည်သူပိုင်
နိုင်ငံပိုင် လမ်း၊တံတားတွေ အဖျက်ဆီးခံရ တဲ့ အတွက် စစ်သားဟောင်း
ကိုယ်စားလှယ်က တိုက်လေယာဉ်တွေ ၀ယ်ထားတာ တိုက်ဖို့ပေါ့ဟု ပြောသည့် စကားကို
ပေါက်တတ်ကရ လိုက်ဖွပြီး သတင်းလုပ်ဖော်ပြကြမှာ မဟုတ်ဘူး။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်..
၎။ ပြည့်တန်ဆာ ကိစ္စကို လွှတ်တော်ထဲ သွင်းမယ်လုပ်၊ ပြည့်တန်ဆာနဲ့
ပျော်ပါးတဲ့ သူကို ဖမ်းဖို့ မေးခွန်းထုတ်တဲ့ ကိုယ်စားလှယ်ကြီးတွေကို
မသိဟန်ဆောင်နေကြမှာ မဟုတ်ဘူး။
၅။ စာမေးပွဲကျ ကျောင်းသားတွေကို ဗကသနဲ့ပေါင်းပြီး လွှတ်တော်ထဲ အဆိုတင်သွင်းပြီး ဆရာဝန် ပေး လုပ်တာကို မသိဟန်ဆောင်ကြမှာ မဟုတ်ဘူး။
၆။ ဦးလှဆွေ ပြောသွားတဲ့ ကေအိုင်အေရဲ့ လုပ်ရပ်တွေထဲက တစ်ဝက်လောက်ကို မီဒီယာမှာ ဖော်ပြဖို့ ပျက်ကွက်ကြမှာ မဟုတ်ဘူး။
ကုန်ကုန် ပြောမယ်ဗျာ။ ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက်
ရိုးသားဖြောင့်မတ်ကြရင် အခု ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရှိတော့မှာ
မဟုတ်ဘူး။
၁။လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ
လာမည့် မိုးရာသီ တွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်ပြီး
လယ်ယာမြေမှတ် ပုံတင်ကို လည်း အကြွေး ကျေမှ ထောက်ခံပေးမှာ ဖြစ်တဲ့အတွက်
ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ့်မယ်၊ လယ်သိမ်းရင် ဆန္ဒပြမယ် ဆိုတဲ့
အတွေးအခေါ်လောက်ရှိတဲ့ လယ်သမားများကို စေတနာ သတိပေးစကား ပြောခဲ့သော
ဝန်ကြီးအား ထမင်းတစ်နပ် လျော့စားဆိုသည့် စကားကို အသားပေးပြီး
တိုက်ခိုက်ကြမှာ မဟုတ်ဘူး။
အကြွေးတင်နေတယ် ဆိုတာ မကောင်းဘူး၊ ကိုယ့်အကြွေးကျေဖို့ အတွက် အစာလဲ မပြတ်၊ အကြွေးလဲ မဆပ် လုပ်ချင်ရင် လယ်မ စိုက်နဲ့၊ ဆန္ဒပြစား၊ တောင်းစားလို့ပဲ ပြောကြပါလိမ့်မယ်။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်.....
၂။ ကချင်ပြည်နယ်က လူဦးရေ၊ ကေအိုင်အေရဲ့ အကြမ်းဖက်မှုများ၊ နိုင်ငံတကာရဲ့ စံနှုန်းများကို မသိချင် ဟန် ဆောင်၊ အဆိုပါ အချက်များနှင့် ပတ်သက်ပြီး ဖြေရှင်းချက် တစ်ခုမှ မလုပ်ဘဲ အဆုံးတွင် မှ ရွှေလက်နှင့် ခေါ်တုန်းလာပါ၊ bullet တော့ မလွှတ်ချင်ဘူး ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ စကားကို အသား ပေးပြီး အပုပ်ချ သွေးခွဲကြမှာ မဟုတ်ဘူး။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်..
၃။ ၁ နှစ်ခွဲကျော် အပစ်အခတ်ရပ် ဆိုတဲ့ ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေကြေဒဏ်ရာ ရတာ၊ အလောင်းကောင်တွေ ရှေ့မှာ ဓာတ်ပုံ အရိုက်ခံရတာ၊ ပြည်သူပိုင် နိုင်ငံပိုင် လမ်း၊တံတားတွေ အဖျက်ဆီးခံရ တဲ့ အတွက် စစ်သားဟောင်း ကိုယ်စားလှယ်က တိုက်လေယာဉ်တွေ ၀ယ်ထားတာ တိုက်ဖို့ပေါ့ဟု ပြောသည့် စကားကို ပေါက်တတ်ကရ လိုက်ဖွပြီး သတင်းလုပ်ဖော်ပြကြမှာ မဟုတ်ဘူး။

၎။ ပြည့်တန်ဆာ ကိစ္စကို လွှတ်တော်ထဲ သွင်းမယ်လုပ်၊ ပြည့်တန်ဆာနဲ့ ပျော်ပါးတဲ့ သူကို ဖမ်းဖို့ မေးခွန်းထုတ်တဲ့ ကိုယ်စားလှယ်ကြီးတွေကို မသိဟန်ဆောင်နေကြမှာ မဟုတ်ဘူး။
၅။ စာမေးပွဲကျ ကျောင်းသားတွေကို ဗကသနဲ့ပေါင်းပြီး လွှတ်တော်ထဲ အဆိုတင်သွင်းပြီး ဆရာဝန် ပေး လုပ်တာကို မသိဟန်ဆောင်ကြမှာ မဟုတ်ဘူး။
၆။ ဦးလှဆွေ ပြောသွားတဲ့ ကေအိုင်အေရဲ့ လုပ်ရပ်တွေထဲက တစ်ဝက်လောက်ကို မီဒီယာမှာ ဖော်ပြဖို့ ပျက်ကွက်ကြမှာ မဟုတ်ဘူး။
ကုန်ကုန် ပြောမယ်ဗျာ။ ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ်ကြရင် အခု ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။

No comments:
Post a Comment