Saturday, February 16, 2013

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီ နည်းပညာပိုင်း အကြံပေးအဖြစ် တာဝန်ယူ

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီ နည်းပညာပိုင်း အကြံပေးအဖြစ် တာဝန်ယူ

ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁၅။

မြန်မာနှင့်ထိုင်းတို့ ပူးပေါင်းဆောင်ရွက်နေသော ထားဝယ် 
ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီသည် နည်းပညာ ပိုင်းအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း 
သိရသည် ။

အဆိုပါထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းကို ထားဝယ်ဖွံ့ ဖြိုးရေး ကုမ္ပဏီကတည်ဆောက်မည်ဖြစ်ပြီး၊ ယင်းတွင် ပင်လယ်
ရေနက် ဆိပ်ကမ်းတစ်ခု၊ စက် မှုဇုန်မြေနေရာများ၊ သယ်ယူ ပို့ ဆောင်ရေးအတွက်လမ်းကြောင်းများလည်း ပါဝင်မည်
့ဖြစ်သည်။

မောင်းမကန်ပင်လယ်အော်တွင်တည်ရှိပြီး ထားဝယ်မြို့
မြောက်ဘက် ၂၈ ကီလိုမီတာတွင်ရှိသော အဆိုပါစီမံကိန်း
ကို ဆယ်နှစ်အတွင်း အဆင့်သုံးဆင့်ဖြင့် တည်ဆောက်
သွားမည်ဖြစ် ၏သည်။

ရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့်သင်္ဘောများမှ ကုန်
တန်ချိန်သန်း ၂၅၀ ခန့် ကို ပို့ ဆောင်ပေးနိုင်မည်ဖြစ်ပြီး 
စက်မှုဇုန်များ၏ အကျယ် အဝန်း မှာ ၂၅၀ စတုရန်းကီလို
မီတာ အကျယ်ရှိမည်ဖြစ်သည်။ 

စက်မှုဇုန်တွင် အသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းများ၊
ရေနံနှင့် ဓါတ်ငွေ့ စက်ရုံများ၊ဓါတုဗေဒစက်ရုံများ ပါဝင်မည်
ဖြစ်သည်။ 

မော့တ်မက် ဒေါ် နယ်သည် ထားဝယ်ဖွံ့ ဖြိုးရေး မဟာ
စီမံကိန်း မူကြမ်းကိုလေ့လာခဲ့ပြီးနောက် စက်မှုဇုန်များ
အတွက် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေသွယ်ယူစွန့်ထုတ်မှု စနစ်ကောင်းမွန်ရေးတို့အတွက် အကြံပေးခဲ့ပြီး စီမံကိန်း၏ 
လမ်းများဒီဇိုင်း၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စက်ရုံများ 
အတွက် လည်းကောင်း၊စက်မှုဇုန်ဖေါ်ဆောင်ရာတွင် လိုအပ်
သော သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ ကိုင်တွယ်
ဖြေရှင်းနိုင်ရေးတို့ကို လည်း ကောင်း လိုအပ်သည့် အကြံ ဥာဏ်များ ပေးခဲ့သည်။

မော့တ်မက်ဒေါ်နယ်၏ စီမံကိန်းမန်နေဂျာ ခရီယက်တီ
ဆတ် ဆရီရာယမ်က “ထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းဟာ
ဒေသအတွက် အဓိကကုန်သွယ် ရေးနဲ့  သယ်ယူပို့
ဆောင်ရေးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။
မြန်မာနဲ့ ဒေသတွင်းအတွက် စီးပွားရေး အလားအလာ
ကောင်း ဖြစ်ပါ တယ်။ထားဝယ်ရေနက်ဆိပ်ကမ်းသစ်ဟာ မာလက္ကာရေလက်ကြားပေါ် မှီခိုရမှုကို လျှော့ချပြီး အိန္ဒိယ၊ 
တရုတ်၊ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပ၊ အာဖရိကတို့ကို 
ဆက်သွယ်ပြီး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု အချိန်နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ” ဟုပြောကြားသည်။

www.sandandgravel.com
ACM Re-post 15 Feb 2013
အေးချမ်းမွန်မှ  The Myanma Age တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။
ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁၅။

မြန်မာနှင့်ထိုင်းတို့ ပူးပေါင်းဆောင်ရွက်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖွံ့ ဖြိုးရေး စီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီသည် နည်းပညာ ပိုင်းအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။

အဆိုပါထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းကို ထားဝယ်ဖွံ့ ဖြိုးရေး ကုမ္ပဏီကတည်ဆောက်မည်ဖြစ်ပြီး၊ ယင်းတွင် ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခု၊ စက် မှုဇုန်မြေနေရာများ၊ သယ်ယူ ပို့ ဆောင်ရေးအတွက် လမ်းကြောင်း များလည်း ပါဝင်မည့်ဖြစ်သည်။

မောင်းမကန်ပင်လယ်အော်တွင်တည်ရှိပြီး ထားဝယ်မြို့မြောက်ဘက် ၂၈ ကီလိုမီတာတွင်ရှိသော အဆိုပါစီမံကိန်း ကို ဆယ်နှစ်အတွင်း အဆင့်သုံးဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ် ၏သည်။

ရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့်သင်္ဘောများမှ ကုန်တန်ချိန်သန်း ၂၅၀ ခန့် ကို ပို့ ဆောင်ပေးနိုင် မည်ဖြစ်ပြီး စက်မှုဇုန်များ၏ အကျယ် အဝန်း မှာ ၂၅၀ စတုရန်းကီလိုမီတာ အကျယ်ရှိမည်ဖြစ်သည်။ စက်မှုဇုန်တွင် အသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းများ၊ရေနံနှင့် ဓါတ်ငွေ့ စက်ရုံ များ၊ဓါတုဗေဒစက်ရုံများ ပါဝင်မည်ဖြစ်သည်။

မော့တ်မက် ဒေါ် နယ်သည် ထားဝယ်ဖွံ့ ဖြိုးရေး မဟာစီမံကိန်း မူကြမ်းကိုလေ့လာခဲ့ပြီးနောက် စက်မှုဇုန်များ
အတွက် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေသွယ်ယူစွန့်ထုတ်မှု စနစ်ကောင်းမွန်ရေးတို့အတွက် အကြံပေးခဲ့ပြီး စီမံကိန်း၏ လမ်းများဒီဇိုင်း၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စက်ရုံများ အတွက် လည်းကောင်း၊ စက်မှုဇုန်ဖေါ်ဆောင်ရာတွင် လိုအပ်သော သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ ကိုင်တွယ်ဖြေရှင်းနိုင်ရေး တို့ကို လည်း ကောင်း လိုအပ်သည့် အကြံ ဥာဏ်များ ပေးခဲ့သည်။

မော့တ်မက်ဒေါ်နယ်၏ စီမံကိန်းမန်နေဂျာ ခရီယက်တီဆတ် ဆရီရာယမ်က “ထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းဟာ
ဒေသအတွက် အဓိကကုန်သွယ် ရေးနဲ့  သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။
မြန်မာနဲ့ ဒေသတွင်းအတွက် စီးပွားရေး အလားအလာကောင်း ဖြစ်ပါ တယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းသစ်ဟာ မာလက္ကာရေလက်ကြားပေါ် မှီခိုရမှုကို လျှော့ချပြီး အိန္ဒိယ၊ တရုတ်၊ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပ၊ အာဖရိကတို့ကို ဆက်သွယ်ပြီး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု အချိန်နဲ့ ကုန်ကျစရိတ်တွေ ကို လျှော့ချနိုင်မှာပါ” ဟုပြောကြားသည်။

www.sandandgravel.com

No comments:

Post a Comment