ဒုတိယနေ့ဆွေးနွေးချက်။
၁၄-၁၀-၂၀၁၂ ယမနေ့ကအဆက် အဖြစ် ရိုဟင်ဂျာ လူမျိုးများသည် တိုင်းရင်းသား၊နိုင်ငံသားဖြစ်ကြောင်း ကို ဆက်လက်ဆွေးနွေးရာတွင်-
အဓိက ဇတ်ကောင်ဖြစ်သော
ရခိုင်လူမျိုး၊ရိုဟင်ဂျာလူမျိုးနှင့် အုပ်ချုပ်သူအဖွဲ့များသည်
လောလောဆယ်တွင် ဆန့်ကျင်လျက်ရှိနေဆဲဖြစ်သည်။ထိုကိစ္စကို
ကမ္ဘာကကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း၊ ၎င်းအတွက် အချက် (၃)ချက်ကို အဓိက
ထား ဆွေးနွေးရမည်ဖြစ်ကြောင်း-
၁ ။ သမိုင်းကြောင်းအရ ရိုဟင်ဂျာ လူမျိုးတည်ရှိမှု
၂ ။ ၁၉၈၂ ခု နိုင်ငံသား ဥပဒေ ကြောင်းရိုဟင်ဂျာလူမျိုးများ၏အခွင့်အရေးဆုံးရှုံးမှု
၃ ။ ၁၉၈၂ ခု နိုင်ငံသား ဥပဒေ နောက်အာဏာပြန်သက်ရောက်မှု
၁၉၈၂ ခု နိုင်ငံသားဥပဒေ ပြဌာန်းချက်အရ ၁၈၂၃
ခု မတိုင်မီက မြန်မာနိုင်ငံတွင်ပင် ရင်းနိုင်ငံအဖြစ် နေထိုင်ခဲ့သူများသည်
တိုင်းရင်းသားနိုင်ငံသားဖြစ်ကြောင်း ပြဌာန်ထားသည်။ထိုကြောင်း ရိုင်ဟင်ဂျာ
လူမျိုးများသည် ၁၈၂၃ ခု မတိုင်မီကပင် မြန်မာနိုင်ငံ၌
ပင်ရင်းနိုင်ငံအဖြစ်နေ ထိုင်ခဲ့ကြောင်း သမိုင်းအထောက်အထား
ခိုင်လုံကြောင်းတွေရသည်။
၁၉၈၂ ခု နိုင်ငံသားဥပဒေသည် ၁၉၇၄ ခု
ဖွဲ့စည်းပုံဥပဒေအရလည်းကောင်း၊၂၀၀၈ ခု ဖွဲ့စည်းပုံဥပဒေအရလည်းကောင်း
ဆန့်ကျင်နေသည့်အတွက် အလိုအလျှောက်ပျက်ပြယ်သည်။
နိုင်ငံတော်အစိုးရသည် ယခင်အစိုးရက
အတည်ပြုပြီးဖြစ်သော အကြောင်းကိစ္စကို ဥပဒေကြောင်းအရ ဆက်လက်
အကောင်အတည်ဖေါ်ဆောင်ရန်ဖြစ်သည် ဟု NDPD ပါတီမှ ဦးသာအေး(ခ) အာဘူတာဟေရ်
မှဆွေးနွေးသွားကြောင်း သတင်ရရှိသည်။
ဆက်လက်၍ နိုင်ငံတကာပညာရှင်များကလည်း
ရိုဟင်ဂျာ လူမျိုးမျာသည် မြန်မာနိုင်ငံအတွင်း ပင်ရင်းနိုင်ငံ
အဖြစ်နေထိုင်ခဲ့သည်မှာ အနည်း ၁၉၅ နှစ် ရှိပြီးဖြစ်ကြောင်းတွေ့ရှိရသည့်အတွက်
နိုင်ငံသား အဖြစ် လက်ခံရမည်ဖြစ်ကြောင်းဆွေးနွေးသည်။
Political reforms and peace process
Political reforms and peace process at Chatrium Hotel 13 October 2012
ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်၍ Contending approaches to communal violence in Rakhine state
Process and consequence ကိုအဓိကဆွေးနွေးသည်။
ယင်းသို့ဆွေးနွေးရာတွင်
ရိုဟင်ဂျာများသည်ရခိုင်ပြည်နယ်၏ ethnics ဖြစ်ခြင်း မဖြစ်ခြင်းနှင့်စပ်လျဉ်း
၍အငြင်းပွားလျက်ရှိနေပြီး အမှန်တကယ် ရိုဟင်ဂျာ၏ ရခိုင်ပြည်နယ် အတွင်း
အခြေချနေထိုင်မှု သည် နှစ် နှစ်ရာ ၀န်းကျင် ရှိနေပြီ ဖြစ်သဖြင့် နိုင်ငံသား
ဖြစ်သင့်ကြောင်းကို နိုင်ငံတကာပညာရှင် အများစုက
တင်ပြဆွေးနွေးကြောင်းသိရှိရသည်။
အဆိုပါဆွေးနွေးပွဲ များတွင် NDPD
ပါတီမှ ဦးသာအေး (ခ) Abu Taher (ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်၊
နိုင်ငံရေးရာနှင့်ဖွံ့ဖြိုးတိုးတက်ရေးသုတေသနမှူး) ကရိုဟင်ဂျာများ သည်
ရခိုင်ပြည်နယ်၏ Ethnics group ဖြစ်ကြောင်း သမိုင်းကြောင်း နှင့်
ဥပဒေကြောင်း တို့ အရတင်ပြဆွေးနွေး သွားသည်။ ၄င်းက ရိုဟင်ဂျာ သည်နိုင်ငံရေးအရ
ဖန်တီးထားခြင်း မဟုတ်ဘဲ သမိုင်းကြောင်းအရ လူမျိုးစုနာမည်ဖြစ်ကြောင်းကို
လည်းတင်ပြသွားသည်။၎င်းအပြင် ၁၄၉၅ မှ ၁၆၆၆ ထိရခိုင်ပြည် နှင့်
ဘင်္ဂလားနယ်တို့ကို ရခိုင် ဘုရင် နှင့် မှုဆလင် ဘုရင်တို့က တလှည့်စီ
အုပ်ချုပ်ခဲ့သည့် အတွက် နိုင်ငံ တနိုင်ငံတည်းသာ ဖြစ်နေ ၍ တရားမ၀င်
ခိုးဝင်လာသည်ဟု ဆိုခြင်းမှာ အဓိပါယ် မရှိဟုထောက်ပြ ဆွေးနွေးသွားသည်။
ထိုပြင်လူဦးရေ ပေါင်းပွါး မှု မရှိကြောင်းကိုလည်း ၁၈၂၆ ခုနှစ်
သန်းခေါင်းစာရင်း အရ ထောက်ပြ ဆွေးနွေး သွားသည်။ ၄င်းပြင် လူမှု စီးပွား ဘ၀အရ
လူဦးရေ တိုးပွား လျင်လည်း ယနေ့ ရိုဟင်ဂျာ လူမျိုးများမှာ ၄၇ သိန်း ရှိရမည်
ဖြစ်ပြီး လက်တွေ့ တွင် ပြည်တွင်း၌ ၁၂ သိန်း ခန့် သာရှိ၍ ခိုးဝင်
လာတာမဟုတ်ကြောင်းနှင့် နိုင်ငံတွင်းမှ ပြည်ပနိုင်ငံ များသို့ ထွက်ပြေး
သွားသည်ကိုသာ တွေ့ရ ကြောင်း ထောက်ပြ ဆွေးနွေးသွားသည်။
No comments:
Post a Comment