ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးမင်းကိုနိုင် နှင့်
ဦးပြုံးချို တို့ နှစ်ဦး သည် ဥရောပ နိုင်ငံများ သို့ ဖေဖော်ဝါရီလ
၁၄ရက်နေ့က ထွက်ခွာ သွားကြောင်း ၈၈မျိုးဆက် ရုံးအဖွဲ့၏ တာဝန်ရှိသူ
ဦးဇော်မင်းက ပြောကြားသည်။
အဆိုပါ ဥရောပ ခရီးစဉ် သည် နော်ဝေ
နိုင်ငံက အဓိက ဖိတ်ကြားခြင်း ဖြစ်ပြီး ပြင်သစ်နှင့် ဒိန်းမတ် နိုင်ငံများ
သို့လည်း ဆက်လက် သွားရောက်မည် ဖြစ်ပြီး ယင်းနိုင်ငံများ၏ အစိုးရ တာဝန်ရှိသူ
များနှင့် ဥရောပ နိုင်ငံရောက် မြန်မာ များနှင့်လည်း သီးသန့် တွေ့ဆုံမှုများ
လုပ်ဆောင်မည် ဖြစ်ကြောင်း ၄င်း က ဆိုသည်။
“၂၃ရက်နေ့ ပြန်ရောက်မယ်။ ပြန်လာရင် အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်မှာပါ” ဟု ၄င်းက ရှင်းပြသည်။
နော်ဝေနိုင်ငံ အော်စလို ၌ နှစ်စဉ် ကျင်းပသည့် နိုင်ငံတကာ ကျောင်းသား
ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကို ဦးမင်းကိုနိုင် နှင့် ဦးပြုံးချို
တို့ တက်ရောက်မည် ဖြစ်သည်ဟု ယင်းအဖွဲ့ ထံမှ စုံစမ်း သိရှိရသည်။
၈၈
မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် သည် အကျဉ်းထောင်က
လွတ်မြောက် အပြီး ငြိမ်းချမ်းရေး အသွင် ကူးပြောင်းရေး လေ့လာရန် အတွက်
ဖိလစ်ပိုင် နိုင်ငံကို ယခုနှစ် ဇန်နဝါရီလ က သွားရောက် ခဲ့ပြီး ယခု
ခရီးစဉ်သည် ဒုတိယမြောက် ပြည်ပ ခရီးစဉ် ဖြစ်သည်။
No comments:
Post a Comment