Saturday, February 16, 2013

လွှတ်တော် အတွင်း ဒီမိုကရေစီ ဖော်ဆောင် နေမှု၊ လူ့အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

=====================================

ယနေ့ညနေ ၃ နာရီတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းအား မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ Mr.Tomas Ojea Quintana ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ လွှတ်တော် ကော်မတီ အဆောင် အမှတ် (၂ဝ)၌ လာရောက် တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာ၌ လွှတ်တော် အတွင်း ဒီမိုကရေစီ စနစ် ဖော်ဆောင်နေမှု၊ လူ့အခွင့်အရေး ဆိုင်ရာများ ဆောင်ရွက်နေမှု၊ လွှတ်တော် အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ပါဝင်ပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းသည် များကို ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသား လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဇော်မြင့်ဖေ၊ ဦးစံထွန်း၊ ဒေါက်တာ အေးမောင်၊ ဦးအောင်ငြိမ်း၊ ဒေါ်နန်းနီနီအေး၊ ဗိုလ်မှူးကြီး မောင်မောင်ထူးနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ကြသည်။

မြ၀တီ

No comments:

Post a Comment