အိန္ဒိယနိုင်ငံသည် ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် ၁၈၉ စင်း ၀ယ်ယူမည်
၁၈-၁-၂၀၁၃
အိန္ဒိယနိုင်ငံ သည် လတ်တလောတွင် မာလီနိုင်ငံ စစ်ဆင်ရေးတွင် ပြင်သစ်နိုင်ငံက
အသုံးပြု နေသော Rafale တိုက်လေယာဉ် အမျိုးအစား ၁၈၉ စင်း ၀ယ်ယူရေး
စီစဉ်လျက် ရှိကြောင်း နှင့် ကနဦးပိုင်းက ၁၂၆ စင်းသာ ၀ယ်ယူရန် စီစဉ်
ခဲ့သော်လည်း အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး ဆေမန်ခါရှစ် အနေဖြင့်
လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ပြင်သစ်နိုင်ငံသို့ သွားရောက် လည်ပတ်စဉ်
နောက်ထပ် တိုက်လေယာဉ် ၆၃ စင်း တိုးမြှင့်၍ ၁၈၉ စင်း ၀ယ်ယူရေး စီစဉ်ခဲ့ခြင်း
ဖြစ်ကြောင်း ၊ အဆိုပါ တိုက်လေယာဉ် များ ၀ယ်ယူရေး နှင့် ပတ်သက်၍
ဆွေးနွေးနေမှု နှင့် နီးစပ်သည့် သတင်း အရင်းအမြစ် များက ပြောကြား ခဲ့သည်ဟု
ဇန်န၀ါရီ ၁၇ ရက်နေ့ AFP သတင်းတစ်ပုဒ်အရ သိရှိရသည်။
အဆိုပါ Rafale
တိုက်လေယာဉ် ၁၂၆ စင်း ၏ တန်ဖိုး ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ရှိမည်
ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံက ခန့်မှန်း ထားသည်။ တိုက်လေယာဉ် ၁၈၉
စင်းအတွက်မူ ကုန်ကျမည့် တန်ဖိုး ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ
ခန့်ရှိမည် ဖြစ်ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံသည် အဆိုပါ တိုက်လေယာဉ်များ
ဝယ်ယူရေး အတွက် ပြင်သစ် ကုမ္ပဏီ ဖြစ်သည့် Dassault Aviation ကုမ္ပဏီအား
ရွေးချယ် ထားကြောင်း ၊ ကနဦး သဘောတူညီ ချက်အရ Rafale တိုက်လေယာဉ် ၁၈
စင်းကို ပြင်သစ်နိုင်ငံ တွင် တည်ဆောက်မည် ဖြစ်ပြီး ကျန် ၁၀၈ စင်းကို အိန္ဒိယ
နိုင်ငံတွင် တည်ဆောက်မည် ဖြစ်ကြောင်း နှင့် ပထမဆုံး တိုက်လေယာဉ်ကို
စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးပြီးနောက် ၃ နှစ်အကြာ တွင် ပေးပို့ သွားမည်
ဖြစ်ကြောင်း သိရှိရသည်။
http://pyichit-thar.blogspot.com/2013/01/rafale.html
No comments:
Post a Comment