တောင်ကိုရီးယား နိုင်ငံသည် အဝေးရှိ ရန်သူကို နေ့ရောညပါ ၂ ရပ်စလုံး
တိုက်ခိုက် နိုင်စွမ်းသော GPS စနစ်သုံး ပဲ့ထိန်းဗုံးများ ထုတ်လုပ်
ခဲ့ကြောင်း နိုင်ငံပိုင် ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက် ဖွံ့ဖြိုး တိုးတက်ရေး
အေဂျင်စီက ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဇန်န၀ါရီ ၁၇ ရက်နေ့ Newsnow
သတင်းတစ်ပုဒ် အရ သိရှိရသည်။
ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ဖွံ့ဖြိုး
တိုးတက်ရေး အေဂျင်စီ နှင့် ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက် ပစ္စည်း
ထုတ်လုပ်ရေး ကုမ္ပဏီ ၂၀ ခုတို့သည် တိုက်လေယာဉ် များ၏ တိုက်စွမ်းအားကို
တိုးမြှင့်ရန် လွန်ခဲ့သော ၅ နှစ်အတွင်း ၀မ် ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၇၈
သန်း ) အကုန်အကျခံ သုံးစွဲ၍ ၂၂၅ ကီလိုကရမ် အလေးချိန်ရှီ ပဲ့ထိန်းဗုံး
များကို ပူးပေါင်း ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက
ပြောကြား ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံ အနေဖြင့် အဆိုပါ GPS စနစ်သုံး
ပဲ့ထိန်းဗုံးများ ထုတ်လုပ် နိုင်ခဲ့ခြင်းသည် ကိုယ်ပိုင် နည်းပညာဖြင့်
တိုက်လေယာဉ် များတွင် တပ်ဆင် အသုံးပြုမည့် လက်နက် စနစ်တစ်ခု အား ထုတ်လုပ်
နိုင်စွမ်းရှိသည်ကို ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း အဆင့်မြင့် သုတေသီ
တစ်ဦးဖြစ်သူ Lee Dae-yeol က ပြောကြား ခဲ့သည်။
တိုက်လေယာဉ်
များတွင် တပ်ဆင်မည့် အဆိုပါ ပဲ့ထိန်း ဗုံးများသည် အလှမ်းဝေးသော အကွာအဝေးရှိ
အတားအဆီးများ နောက်တွင် သိုဝှက် ထားသော ပစ်မှတ်များကို ၂၄ နာရီပတ်လုံး
အချိန်မရွေး တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း ၊ အကွာအဝေး ၁၀၀ ကီလိုမီတာ
အထိ ပစ်မှတ်များကို အကောင်းဆုံး တိုက်ခိုက် နိုင်စွမ်း ရှိစေရန် F-4 နှင့်
F-5 တိုက်လေယာဉ်များ အပါအ၀င် နိုင်ငံပိုင် သက်တမ်းရင့် တိုက်လေယာဉ်
များတွင်လည်း အဆိုပါ ပဲ့ထိန်းဗုံး များကို တပ်ဆင် သွားရန် မျှော်မှန်း
ထားကြောင်း နှင့် ပဲ့ထိန်းဗုံး ထုတ်လုပ်မှု ကုန်ကျစရိတ် မှာ တစ်ယူနစ်လျှင်
ဝမ်သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၉၄၃၉၅) ခန့် ဖြစ်ကြောင်း ၄င်းအေဂျင်စီက
ပြောကြား ခဲ့သည်ဟု သိရှိရသည်။
တောင်ကိုရီးယား နိုင်ငံသည် အဝေးရှိ ရန်သူကို နေ့ရောညပါ ၂ ရပ်စလုံး
တိုက်ခိုက် နိုင်စွမ်းသော GPS စနစ်သုံး ပဲ့ထိန်းဗုံးများ ထုတ်လုပ်
ခဲ့ကြောင်း နိုင်ငံပိုင် ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက် ဖွံ့ဖြိုး တိုးတက်ရေး
အေဂျင်စီက ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဇန်န၀ါရီ ၁၇ ရက်နေ့ Newsnow
သတင်းတစ်ပုဒ် အရ သိရှိရသည်။
ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ နှင့် ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ ၂၀ ခုတို့သည် တိုက်လေယာဉ် များ၏ တိုက်စွမ်းအားကို တိုးမြှင့်ရန် လွန်ခဲ့သော ၅ နှစ်အတွင်း ၀မ် ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၇၈ သန်း ) အကုန်အကျခံ သုံးစွဲ၍ ၂၂၅ ကီလိုကရမ် အလေးချိန်ရှီ ပဲ့ထိန်းဗုံး များကို ပူးပေါင်း ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြား ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံ အနေဖြင့် အဆိုပါ GPS စနစ်သုံး ပဲ့ထိန်းဗုံးများ ထုတ်လုပ် နိုင်ခဲ့ခြင်းသည် ကိုယ်ပိုင် နည်းပညာဖြင့် တိုက်လေယာဉ် များတွင် တပ်ဆင် အသုံးပြုမည့် လက်နက် စနစ်တစ်ခု အား ထုတ်လုပ် နိုင်စွမ်းရှိသည်ကို ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း အဆင့်မြင့် သုတေသီ တစ်ဦးဖြစ်သူ Lee Dae-yeol က ပြောကြား ခဲ့သည်။
တိုက်လေယာဉ် များတွင် တပ်ဆင်မည့် အဆိုပါ ပဲ့ထိန်း ဗုံးများသည် အလှမ်းဝေးသော အကွာအဝေးရှိ အတားအဆီးများ နောက်တွင် သိုဝှက် ထားသော ပစ်မှတ်များကို ၂၄ နာရီပတ်လုံး အချိန်မရွေး တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း ၊ အကွာအဝေး ၁၀၀ ကီလိုမီတာ အထိ ပစ်မှတ်များကို အကောင်းဆုံး တိုက်ခိုက် နိုင်စွမ်း ရှိစေရန် F-4 နှင့် F-5 တိုက်လေယာဉ်များ အပါအ၀င် နိုင်ငံပိုင် သက်တမ်းရင့် တိုက်လေယာဉ် များတွင်လည်း အဆိုပါ ပဲ့ထိန်းဗုံး များကို တပ်ဆင် သွားရန် မျှော်မှန်း ထားကြောင်း နှင့် ပဲ့ထိန်းဗုံး ထုတ်လုပ်မှု ကုန်ကျစရိတ် မှာ တစ်ယူနစ်လျှင် ၀မ်သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၉၄၃၉၅) ခန့် ဖြစ်ကြောင်း ၄င်းအေဂျင်စီက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:
Post a Comment