အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေက အမေရိကန်ဘီလျံနာသူဌေးကြီး George Soros နဲ့ အဖွဲ့ကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံခဲ့ကြောင်း နဲ့ ဟန်ဂေရီနိုင်ငံခြားရေး ၀န်ကြီးနဲ့အဖွဲ့ကိုလည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသေးစိတ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အဲဒီမတိုင်ခင် ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ပန်းတောင်းတောင်အရေး စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး လေ့လာ စစ်ဆေးခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ME I ရဲ့ တင်ပြချက်တွေကို လေ့လာ သုံးသပ်တယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ကော်မရှင်က သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နဲ့ လူမှုဘ၀ အကျိုးသက်ရောက်မှုတွေကို လေ့လာဖို့အတွက် ပညာရှင်ပေါင်းစုံပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့က ကနဦးအစီရင်ခံစာကို သီတင်းနှစ်ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြဖို့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ
နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ စစ်ရေးချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မနေ့က တွေ့ဆုံပြီး
လက်ပန်းတောင်းတောင်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေက အမေရိကန်ဘီလျံနာသူဌေးကြီး George Soros နဲ့ အဖွဲ့ကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံခဲ့ကြောင်း နဲ့ ဟန်ဂေရီနိုင်ငံခြားရေး ၀န်ကြီးနဲ့အဖွဲ့ကိုလည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသေးစိတ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အဲဒီမတိုင်ခင် ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ပန်းတောင်းတောင်အရေး စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး လေ့လာ စစ်ဆေးခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ME
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ကော်မရှင်က သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နဲ့ လူမှုဘ၀ အကျိုးသက်ရောက်မှုတွေကို လေ့လာဖို့အတွက် ပညာရှင်ပေါင်းစုံပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီ
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ
No comments:
Post a Comment