Saturday, January 12, 2013

ကော့သောင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာများ လာရင်းဒေသ ပြန်ပို့ပြီ


တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေ နဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ ရိုဟင်ဂျာ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ် တစ်စုံတစ်ရာမရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်နဝါရီ ၁ဝ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြားလာတဲ့အတွက် ဒီကနေ့မနက်မှာ ပြန်ပို့လိုက်တာဖြစ်တယ်လို့ ကော့သောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါတယ်။

"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန်ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနားသဘောင်္နဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလဝကအစီအစဉ်နဲ့ သူတို့နေရပ်ဒေသ ပြန်ပို့မှာပေါ့နော်"

ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်နဝါရီ ၂ ရက်နေ့ ည ၁ဝ နာရီခွဲခန့်မှာ ကော့သောင်းမြို့ သီိရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူးထံမှ သိရပါတယ်။

RFA
ကော့သောင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာများ လာရင်းဒေသ ပြန်ပို့ပြီ
2013-01-11

တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေ နဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ ရိုဟင်ဂျာ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ်တစ်စုံတစ်ရာမရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်နဝါရီ ၁ဝ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြားလာတဲ့အတွက် ဒီကနေ့မနက်မှာ ပြန်ပို့လိုက်တာဖြစ်တယ်လို့ ကော့သောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါတယ်။

"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန်ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနားသဘောင်္နဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလဝကအစီအစဉ်နဲ့ သူတို့နေရပ်ဒေသ ပြန်ပို့မှာပေါ့နော်"

ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်နဝါရီ ၂ ရက်နေ့ ည ၁ဝ နာရီခွဲခန့်မှာ ကော့သောင်းမြို့ သီိရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူးထံမှ သိရပါတယ်။

RFA
Like · · · 5

No comments:

Post a Comment