ရခိုင်ပြည်နယ်ပဋိပက္ခ အထူးသတင်း ♦♦♦ ၂၁ ဇန်န၀ါရီလ ၂၀၁၃
သတင်း – ဟစီနာဟ် (မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
စစ်တွေပွိုင့် နားမှာ ရိုဟင်ဂျာအလောင်း ဆယ့် ငါးလောင်းကို ဇန်န၀ါရီဆယ်
့ခြောက်ရက်နေ့  ညနေ ငါးနာရီဆယ့် ငါးဝန်းကျင်လောက် မှာဒေသခံတစ်ချို့ တွေ
့ရှိခဲ့ တယ်လို့  သိရပါသည်။
ရိုဟင်ဂျာအလောင်း ဆယ့်ငါးလောင်းမှာ
အမျိုးသမီးတစ်လောင်း၊ အမျိုးသား ဆယ့်လေးလောင်းဖြစ်ပါတယ်။ ရိုဟင်ဂျာလို့
သတ်မှတ်ရခြင်းမှာလည်း အမျိုးသမီးရင်ဘတ်တွင် အလ္လာဟုရေးထိုး
ထားတဲ့ရွှေပြားမျိုးတွေ့ရှိ ခဲ့ရတာကြောင့်ဖြစ်တယ်လို့ သိရပါသည်။
အမျိုးသားတွေကတော့ ဘာသာရေး အရ ပြောရမယ်ဆိုရင် စွန်နတ်ပြုလုပ်ထား တာကိုတွေ
့ရှိခဲ့ ကြတာကြောင့် ဖြစ်တယ်လို့ ဒေသ ခံတစ်ချို့ ထံကသိရသည်။
သေဆုံးချိန်ကိုတော့ သုံးရက်ခန့်ရှိပြီလို့ သတ်မှတ်ကြပြီး တော်တော်
ရက်ရက်စက်စက် အသတ်ခံခဲ့ ရလို့ကောက်ချက်ချကြပါသည်။
အမျိုးသမီးတစ်ယောက်ကိုဒီလောက်ရက်ရက်စက်စက်သတ်တာ တစ်ခါမှ မတွေ့ ဘူးဘူး ဟစ်တလာလ်တောင် ဒီလောက် ရက်စက်မယ်လို့ မထင်ဘူး
လို့ ဒေသခံကသူ့ အမြင်ကိုပြောပြပါသည်။
အမျိုးသမီးသေဆုံးမှုကိုဒေသခံတွေက
အဓမ္မကျင့် ပြီးတော့မှ အသတ်ခံရတယ်လို့ ယူဆကြပါတယ်။ အခုလိုပြောရတာကလည်း
အမျိုးသမီး အင်္ဂါစပ်နားမှာ ဓားဒဏ်ရာ သုံးချက်တွေ့ရတာကြောင့်ပါ။
အဆိုပါအမျိုးသမီးမှာ မင်းပြားမြို့ နယ်က ဖြစ်ပါတယ်။ လိပ်စာအတိအကျကိုတော့
မသိရှိပေမယ့် ဇွန်လ အရေးခင်းမှာ ဆယ်တန်းအောင်မြင် ထားသူတစ်ဦးလို့
ဒေသခံတစ်ချို့ ကဆိုပါတယ်။
ဒေသခံတွေရဲ့ ဖုန်းဆက် စုံစမ်းထားချက်အရ
သေဆုံးသူများမှာ မင်းပြား၊ ပေါက်တော၊ ဆောင်တော်မော် ဘက်က ထွက်ပြေး လာသူတွေ
ဖြစ်တယ်လို့ သိရပါသည်။ မင်းပြားကထွက်ပြေးသူ ၂၇ဦး၊ ပေါက်တောက ထွက်ပြေးသူ
၈ဦးနဲ့ ဆောင်တော်မော်က ထွက်ပြေးသူ ၈ဦးတို့ ရှိပါသည်။ အဲဒီထဲကမှ
သေဆုံးသူတွေက ဘယ်မြို့ နယ်ထဲက ဖြစ်တယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။
စစ်တွေဒေသခံတစ်ဦးက တွေ့ ရှိတဲ့ အလောင်းတွေနဲ့ ပတ်သက်ပြီး
ရခိုင်တွေသတ်တယ်လိုပဲထင်ပါတယ် ရခိုင်တွေက ပင်လယ်မှာမော်တော်ကြီးတွေနဲ
့စောင့်နေတာ ရိုဟင်ဂျာစက်လှေတွေတွေ့ တာနဲ့  ခုတ်သတ်တယ် ရခိုင်စက်လှေတွေက
ပင်လယ်မှာနှစ်ဆယ် သုံးဆယ်လောက်ရှိတယ် ဒီစက်လှေတွေက အရင်တုန်းကတော
့ရိုဟင်ဂျာပိုင်တာတွေပဲ ဇွန်လ အရေးခင်းမှာ ရခိုင်တွေသိမ်းသွားတာ
လို့ သူ့ ရဲ့ ထင်မြင်ချက်ကို အခုလိုပြောပါသည်။
ရခိုင်အစိုးရအနေနဲ့ တွေ့ရှိခဲ့ တဲ့ ရိုဟင်ဂျာအလောင်းတွေနဲ့ ပတ်သက်ပြီး
တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းတော့ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာတာ ၀န်ရှိသူတွေက
ပြည်နယ်အစိုးရက အလောင်းရရှိရေး ဆွေးနွေးရာမှာလည်း ဘာမှထူးခြားချက်
မရှိခဲ့ဘူးလို့ သိရသည်။ အဲဒီအတွက်ကြောင့် အလောင်းတွေကိုလည်း
မြုပ်နှံခွင့်လည်း မရရှိခဲ့ပါဘူးလို့ ဆိုတယ်။ မြုပ်နှံခွင့် မရရင်တော့
အလောင်းတွေ ဒီရေတက်နဲ့ အတူ ပြန်ပါသွားမှာပဲလို့ ဒေသခံတစ်ချို့က
သုံးသပ်ကြပါသည်။
No comments:
Post a Comment