အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ အစ္စလာမ်ဘာသာကို လက်ခံစေဖို့ လူသားတွေကို သက်တမ်းတစ်ခု မကုန်ဆုံး သရွေ့ အချိန်ပေးထားကြောင်း အသက် ၉၁နှစ် အရွယ် ပြင်သစ်က ဖွားဖွား တစ်ဦးကို အစ္စလာမ်ရဲ့ ရတနာ ချီးမြှင့်ပြီး သက်သေပြခဲ့ပါတယ်။
အစ္စလာမ်ဘာသာကို လက်ခံခဲ့ပြီး သူမရဲ့ အမည်ကို (Noor) လို့ ပြောင်းလဲခဲ့တဲ့ ဖွားဖွားက သူမ အစ္စလာမ်ဘာသာကို လက်ခံခဲ့ရတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
သူမရဲ့ သားသမီးတွေက အသက်အရွယ်ကြီးရင့်နေတဲ့ အတွက် သူမကို သက်ကြီးများဂေဟာကို ပို့ဖို့စီစဉ်ကြပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းတွေ အဖြင့် နှစ်ပေါင်း ၄၀မျှ အတူတူနေထိုင်လာကြတဲ့ Mohammed Maddah တို့ မွတ်စလင်မ် မိသားစုက သူမကို စောင့်ရှောက်ပြုစုပေးဖို့ တာဝန်ယူမည့်အကြောင်း သားသမီးတွေကိုပြောပြီး သူတို့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။
အဲဒီအိမ်မှာနေရင်း Mohammed Maddah တို့ မိသားစုရဲ့ အိမ်တွင်းမှာ တည်ဆောက်ထားတဲ့ မိသားစုဝင်တွေရဲ့ တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားစွာ ဆက်ဆံမှုတွေ၊ ဝတ်ပြုချိန်တွေမှာ အတူတကွ စုပေါင်းဝတ်ပြုပုံတွေ၊ အစ္စလာမ်ဘာသာရဲ့ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) သင်ကြားပေးထားတဲ့ လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို
လေ့လာသိရှိခဲ့ပြီး သူမရဲ့ သက်တမ်း တစ်လျှောက်လုံးမှာ အခုလို အဓိပ္ပါယ်
ပြည့်ဝတဲ့ မိသားစုတွင်း ဆက်ဆံရေး သူမရဲ့ မိသားစု နှင့်အတူ တစ်ခါမျှ
မခံစားခဲ့ဘူးကြောင်း ဝန်ခံရှာပါတယ်။
ဒီလိုနဲ့ မွန်မြတ်လှတဲ့ ရမ်ဇမ် ဥပုဒ်လလည်း ရောက်ရှိလာသလို ဖွားဖွား Noor ရဲ့ နှလုံးသားထဲမှာလည်း အလ္လာဟ်အရှင်မြတ်ရဲ့ သနားကြင်နာမှုတွေရဲ့ အလင်းရောင်များလည်း ဝင်ရောက်လာပါတော့တယ်။ အဲဒီ အစ္စလာမ်ရဲ့ အလင်းရောင်ကပဲ ဖွားဖွား Noor ကို မွတ်စလင်မ် တစ်ဦးအဖြင့် ဖွင့်ဟဝန်ခံ သက်သေထွက်ဆိုစေခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ နေထိုင်မှု စနစ် မှန်ကန်မယ်ဆိုရင် အစ္စလာမ်ရဲ့ အလင်းရောင်ကို အိမ်နီးချင်း မဆိုထားနဲ့ ကမ္ဘာတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှ ဟေဒါယသ် ရဲ့ အလင်းရောင် ကြရောက်စေမှာ ဖြစ်ပါတယ် ခင်ဗျား။
အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ အစ္စလာမ်ဘာသာကို လက်ခံစေဖို့ လူသားတွေကို သက်တမ်းတစ်ခု မကုန်ဆုံး သရွေ့ အချိန်ပေးထားကြောင်း အသက် ၉၁နှစ် အရွယ် ပြင်သစ်က ဖွားဖွား တစ်ဦးကို အစ္စလာမ်ရဲ့ ရတနာ ချီးမြှင့်ပြီး သက်သေပြခဲ့ပါတယ်။
အစ္စလာမ်ဘာသာကို လက်ခံခဲ့ပြီး သူမရဲ့ အမည်ကို (Noor) လို့ ပြောင်းလဲခဲ့တဲ့ ဖွားဖွားက သူမ အစ္စလာမ်ဘာသာကို လက်ခံခဲ့ရတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
သူမရဲ့ သားသမီးတွေက အသက်အရွယ်ကြီးရင့်နေတဲ့ အတွက် သူမကို သက်ကြီးများဂေဟာကို ပို့ဖို့စီစဉ်ကြပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းတွေ အဖြင့် နှစ်ပေါင်း ၄၀မျှ အတူတူနေထိုင်လာကြတဲ့ Mohammed Maddah တို့ မွတ်စလင်မ် မိသားစုက သူမကို စောင့်ရှောက်ပြုစုပေးဖို့ တာဝန်ယူမည့်အကြောင်း သားသမီးတွေကိုပြောပြီး သူတို့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။
အဲဒီအိမ်မှာနေရင်း Mohammed Maddah တို့ မိသားစုရဲ့ အိမ်တွင်းမှာ တည်ဆောက်ထားတဲ့ မိသားစုဝင်တွေရဲ့ တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားစွာ ဆက်ဆံမှုတွေ၊ ဝတ်ပြုချိန်တွေမှာ အတူတကွ စုပေါင်းဝတ်ပြုပုံတွေ၊ အစ္စလာမ်ဘာသာရဲ့ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) သင်ကြားပေးထားတဲ့ လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာတွေကိ
ဒီလိုနဲ့ မွန်မြတ်လှတဲ့ ရမ်ဇမ် ဥပုဒ်လလည်း ရောက်ရှိလာသလို ဖွားဖွား Noor ရဲ့ နှလုံးသားထဲမှာလည်း အလ္လာဟ်အရှင်မြတ်ရဲ့ သနားကြင်နာမှုတွေရဲ့ အလင်းရောင်များလည်း ဝင်ရောက်လာပါတော့တယ်။ အဲဒီ အစ္စလာမ်ရဲ့ အလင်းရောင်ကပဲ ဖွားဖွား Noor ကို မွတ်စလင်မ် တစ်ဦးအဖြင့် ဖွင့်ဟဝန်ခံ သက်သေထွက်ဆိုစေခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ နေထိုင်မှု စနစ် မှန်ကန်မယ်ဆိုရင် အစ္စလာမ်ရဲ့ အလင်းရောင်ကို အိမ်နီးချင်း မဆိုထားနဲ့ ကမ္ဘာတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှ ဟေဒါယသ် ရဲ့ အလင်းရောင် ကြရောက်စေမှာ ဖြစ်ပါတယ် ခင်ဗျား။

No comments:
Post a Comment