Sunday, December 23, 2012

အီရန်နိုင်ငံပါလီမန်အမတ်များမြန်မာနိုင်ငံသို့ရှေ့လတွင်လာမည်

Saturday, December 22, 2012  RB_News, ကျော်စွာဝင်း ,RB News ,22.12.2012 
တဟီရန် ။ ။ အီရန်နိုင်ငံမှ ပါလီမန်အမတ်များ ကိုယ်စားလှယ် အဖွဲ့သည်ြ မန် မာနိုင်ငံသို့ရှေ့ လတွင် လာရောက်၍ အဖိနှိပ်ခံနေရသည့် လူနည်းစု မွတ်စလင်များ၏ အခြေအနေကိုလေ့ လာမည်ဖြစ်ကြောင်း အကြီးတန်းဥပဒေပြု ပါလီမန်တစ်ဦးမှ ယနေ့ပြောကြား လိုက်ကြောင်း Fars News Agency (FNA) ၏ သတင်းတစ်ရပ်တွင်ရေး သားဖော် ပြထားသည်။ 
မြန်မာနိုင်ငံသို့ အီရန်နိုင်ငံမှ ပါလီမန်အမတ်များ ကိုယ်စားလှယ်အဖွဲ့သွားရောက်ရန် ပဏာမ သဘောတူညီ ချက်ရရှိ ထားပြီး ဖြစ်ကြောင်း ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့်နိုင်ငံခြားရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဌ Mr. Mansour Haqiqatpour မှ ယနေ့ FNA သို့ပြောကြားခဲ့သည်။ 
အဆိုပါကိုယ်စားလှယ်အဖွဲ့တွင်အီရန်နိုင်ငံ၏လခြမ်းနီ (ကြက်ခြေနီ) အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အီရန် ရုပ်မြင်သံကြားတို့မှ ကိုယ်စားလှယ်များလည်းအတူလိုက်ပါ၍ မြန်မာနိုင်ငံရှိမွတ်စလင်များ၏အခြေအနေများ ကိုလေ့လာသွားမည်ဟု ၎င်းကပြောကြားသည်။ 
အောက်တိုဘာလ ၂၉ ရက်နေ့တွင်ထုတ်ပြန်သော ကုလသမဂ္ဂ၏ အစီရင်ခံစာ အရ အောက်တို ဘာလ တွင် ဖြစ်ပွားခဲ့သောအကြမ်း ဖက်မှုကြီး၌ လူဦးရေ ၂၂၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ပြီး ၂၁၇၀၀ ကျော်မှာ မွတ်စလင်များဖြစ်သည်ဟု ၎င်းကပြောကြားကြောင်း အဆိုပါ သတင်းတွင်ရေး သားဖော်ပြ ထားသည်။ ဇွန်လတွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြောင့် ၇၅၀၀၀ ကျော်ဒုက္ခသည် များသည် ပြည့်ကျပ်နေသော ဒုက္ခ သည်စခန်းများတွင်ပြည့်နှက်နေသည်ကိုလည်းရေးသားထားသည်။ 
မြန်မာနိုင်ငံ အစိုးရသည် အခြားသောနိုင်ငံများက ရိုဟင်ဂျာမွတ်စလင်များ၏ ထိခိုက်နစ်နာမှုနှင့် ပတ်သက်၍ ကိန်းဂဏန်း ချဲ့ကာ၍ပြောနေသည်ဟုအမြဲတစေစွပ်စွဲလျက်ရှိသော်လည်း အီရန်နိုင်ငံမှ သတင်း ဌာနမှ သတင်းကိုလေ့လာခြင်းအားဖြင့် ကိန်းဂဏန်း များသည်မြန်မာ အစိုးရထုတ်ပြန် သည် ထက်လျော့နည်းနေ သည်ကိုတွေ့ရှိရသည်။

Saturday, December 22, 2012 

No comments:

Post a Comment