ရခိုင်ပြည်နယ် တခုလုံးတွင် မွတ်စလင်မ်များ ဖျက်စီးခံရသော အကြမ်းဖက် ခံရမှုမှာ စုစုပေါင်း ၈၀% ရှိသွားပြီ ဖြစ်ပါသည်။
အဆိုပါ အကြမ်းဖက် ခံရသော မွတ်စလင်မ် ဒုက္ခသည်များကို ဒုက္ခသည်စခန်း ဘူးသီးတောင် မောင်းတော တောင်ပြိုကို ပို့လျက်ရှိနေပါသည်။
ရခိုင်ပြည်နယ်တွင် သံတွဲတစ်မြို့ပဲကျန်တယ်။ သံတွဲ တစ်ချို့နေရာများတွင် ဖျက်ဆီးမှုများ စတင် လုပ်ဆောင်နေကြောင်း သိရပါသည်။
ကျောက်ဖြူတွင် မွတ်စလင်မ်များ နေထိုင်သည့် ရွာဖြစ်သည့် ပိုက်စိတ်ကျေးရွာအား ပတ်ပတ်လည် မီးရှို့ခြင်း၊ မီးငြိမ်းတဲ့သူကို ဓါးနဲ့ခုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လုံထိန်းက ပထမကာတဲ့ အချိန်မှာ ခဏ ပြန်ဆုတ်သွားပြီးနောက် ၄-၅ နာရီလောက် ကြာယင် ပြန်စုပြီးလာခဲ့ကြောင်း သတင်းရရှိပါသည်။
ဆီပေပါလိုက်ကို ဘောက်ဆာတွေနဲ့ ဖျန်းတယ်၊ မီးငြိမ်းတဲ့သူတွေကို ရဲတွေ လုံထိန်းတွေက သေနတ်နဲ့ပစ်တယ်၊ မွတ်စလင်မ်တွေက အသေအပျောက် အရမ်းများတယ် အချို့ မွတ်စလင်မ် ရွာများမှ မိမိတို့ အစီအစဉ်ဖြင့် ရွာ၏ လုံခြုံရေးကို ဆောင်ရွက်သော်လည်း မယက ကမီးမရှို့ခင် ဖယ်ခိုင်းတယ်။
လုံခြုံရေးယူထားတဲ့ စစ်တပ်တွေကို မီးရှို့ဖျက်ဆီးမဲ့ လူအုပ်ကြီးမလာမှီ အရင် ရုတ်သိမ်းလိုက်တယ်၊ လို့ ဒေသခံများက ဖုံးဖြင့် အကြောင်းကြား ခဲ့ကြောင်းသိရပါသည်။
ဖမ်းမိသော မွတ်စလင်မ်များအား ခြေထောက်များ လက်များ ဖြတ်တောက်ပစ်ခြင်း ဆေးလိပ်မီးဖြင့် ရင်ဘတ်ကိုထိုးခြင်း ဓါးဖြင့်ထိုးခြင်း အသက်ကြီး ရွယ်အိုများ ကလေးများ မိန်းမများ အပါအ၀င် လူအရှင်လတ်လတ်ကို မီးပုံထဲပစ်ထည့်ခြင်းများ ပြုလုပ်ကြောင်း မျက်စိကိုဖောက်ခြင်း အစရှိသည့်
ကမ္ဘာ မည်သည့်နေရာတွင်မှ မရှိသော နှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။
လေးခွမှာ အိမ်ဆောက်တဲ့ သံချောင်းတွေကို အပိုင်းတိုလေးတွေဖြတ်ပြီး ပစ်တာ။ ထိတဲ့ သူက မျက်စိပေါက်၊ ခေါင်းကွဲတာတွေ ဖြစ်တာပေါ့၊ ဒါတွေကို ကြည့်ခြင်းအားဖြင့် စနစ်တကျ စီစဉ်ထားတယ်ဆိုတာ သိနိုင်ပါတယ်။
ကျောက်ဖြူတွင် မွတ်စလင်မ် နှင့် ရခိုင်များ အတူတစ်ကွ နေထိုင်သော ရွာများတွင် မွတ်စလင်မ်များအား “နစခ” တပ်များ နှင့် လုံထိန်းများက အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် အတင်းအကြပ် နှင်ထုတ်ကြောင်း အခြား မည်သည့် ပစ္စည်းကိုမှ ယူဆောင်ခွင့် မရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်များအား ကျောက်တင်သော ကားများဖြင့် တင်ကာ ဆားကွင်းသို့ ပို့ကြောင်း သိရပါသည်။ ယင်းသို့ ကားပေါ်သို့ တင်နေစဉ် အချိန်အတွင်း ကားအောက်မှနေ၍ ရခိုင်အကြမ်းဖက် သမားများက ပုဆိန်များ ဓါးများဖြင့် ၀င်ခုတ်သဖြင့် အဆိုပါ ကားပေါ်သို့ တက်နေစဉ် အနည်းဆုံး ၂၀ သေဆုံးခဲ့ကြောင်း ၉ ယောက် သို့မဟုတ် ၁၀ ယောက်မှာ လက်နှစ်ဖက် ပြတ်သွားကြောင်း သိရရှိပါတယ်။
ဆားကွင်းထဲကိုခေါ်သွားပြီး နေလှန်းကာ ရိက္ခာဖြတ်ထားကြောင်း ရေမတိုက်ပဲ ၄ ရက်ခန့် အခြောက်လှမ်း ထားကြောင်း သိရှိရပါသည်။
ယင်းကျောက်ဖြူမြို့တွင် ရခိုင်များနှင့် အတူနေထိုင် လျက်ရှိသော နေရာများမှ အကြမ်းဖက် မောင်းထုတ်ခံ ရသူများမှာ ကမန်လူမျိုးများဖြစ်ကြပြီး နိုင်ငံဝန်ထမ်းများ ပညာတတ် အရာရှိ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြပါသည်။
အဆိုပါ မောင်းထုတ်ခံရသော ပုဂ္ဂိုလ်များပိုင်သော နေရာများမှာ တန်ဖိုးကြီးသော နေရာများဖြစ်ပြီး သိန်း ထောင်ချီတန်သော နေရာများ ပါဝင်ကြောင်း အချို့နေရာများသည် ကမ္ဘောဇဘဏ် မှ ဘဏ်ခွဲဖွင့်လှစ်ရန် ၀ယ်ယူရေးအတွက် ကမ်းလှမ်း ခံခဲ့ရသော နေရာများဖြစ်ကြောင်း သိရှိရပါသည်။ အနည်းဆုံး သိန်း ၅၀၀ တန် အိမ်ခြံမြေများ ဖြစ်ကြောင်းသိရပါသည်။
မွတ်စလင်မ် ရွာလုံးကျွတ်မီးရှို့ခံရသော ရွာများတွင် မီးငြိမ်းသတ်သော ခုခံ ရန်ကြိုးစားသော မွတ်စလင်မ် များအား နစခမှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဖုံးဖြင့်သတင်းပေးပို့ နေစဉ်မှာပင် ပစ်ခတ်သံများ အပြန်အလှန် တိုက်ခိုက်သံများ ကြားနေရကြောင်း၊ ယင်းကဲ့သို့ ဖုံးဖြင့် သတင်းပေးနေစဉ်တွင် သတ်ဖြတ် ခံခဲ့ရကြောင်း၊ အသတ်ခံရသူ၏ ဖုံးအား လူသတ်သမားမှ ယူကာ နောက်တစ်ကြိမ် ဆက်သွယ်စဉ် ကိုင်ထားကြောင်း သိရပါသည်။
အင်တာနေရှင်နယ် မီဒီယာများကို အောက်ခြေအထိ ဆင်းပြီး သတင်းရယူကြရန် တိုက်တွန်းတောင်းဆို ထားကြောင်း သိရပါသည်။
ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှုမှ သဲချောင်းတွင် ဆိုက်ကပ်သော မွတ်စလင်မ်များအား လက်မခံပဲ မောင်းတော ပို့ရန် ပြောကြားခဲ့ကြောင်း။ သို့သော် တပ်ရင်းမှုးမှ ဒုက္ခသည်များ အလွန် ဒုက္ခရောက်နေသဖြင့် လက်ခံခဲ့ကြောင်း သိရှိရပါသည်။

No comments:
Post a Comment