Monday, December 17, 2012

တပ်ရင်း ၃၇၉ မှစစ်သားများသည် ဆင်းရဲသော ရိုဟင်ဂျာ လယ်သမားများထံမှ မညှာမတာငွေညှစ်နေကြောင်းသိရ

မင်းပြား ။ ။ တပ်ရင်း ၃၇၉ မှစစ်သားများသည် လက်တော်ရွှဲ (ကျွန်းအုပ်) နှင့်စပ်ကြာရွာများမှ ဆင်းရဲသော ရိုဟင်ဂျာ လယ်သမားများထံမှ မညှာမတာငွေညှစ်နေကြောင်းသိရသည်။ ဗိုလ်မှူးဇော်သက်ပိုင်နှင့် တပ်ကြပ်မြင့်မိုးတို့မှ ရိုဟင်ဂျာလယ်သမားများစွာကို ဒီဇင်ဘာ (၁၄) ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီး သွားသူများထံမှငွေညှစ်၍ ပြန်လည်လွှတ်ပေးလိုက်ကြောင်းသတင်းရရှိပါသည်။

ဖမ်းဆီးခံရသူများမှာ -

(၁) ဦးဇာဟိဒ်ဟူဆောင် (ခ) မောင်နီနှင့်သားဖြစ်သူ (ပေးခဲ့ရသည့်ငွေကျပ် - ခြောက်သောင်း)
(၂) ဦးခင်မောင်ရွှေ (ပေးခဲ့ရသည့်ငွေကျပ် - သုံးသောင်း)
(၃) ဦးအာလမ် (ပေးခဲ့ရသည့်ငွေကျပ် - နှစ်သောင်းခွဲ)
(၄) ဦးနူးရ်ကူဒူ (ပေးခဲ့ရသည့်ငွေကျပ် - နှစ်သောင်းခွဲ)
(၅) ဦးအဗ်ဒူနှင့် လယ်သမား ၁၂ ဦး (ပေးခဲ့ရသည့်ငွေကျပ် - နှစ်သိန်းခြောက်သောင်း - တစ်ဦးလျှင် နှစ်သောင်းစီ)
(၆) ဦးနူးရ်မိုဟာမတ်နှင့် ဦးရဖိခ် (ပေးခဲ့ရသည့်ငွေကျပ် - ခုနှစ်သောင်း)
(၇) ဦးနူးရ်အစ္စလာမ် (ပေးခဲ့ရသည့်ငွေကျပ် - ခုနှစ်သောင်း)
(၈) ဦးကူးရ်ရှီဒ် (ပေးခဲ့ရသည့်ငွေကျပ် - ခုနှစ်သောင်း)

“ဖမ်းခံရတဲ့သူတွေအားလုံးကလယ်သမားတွေ။ သူတို့စိုက်ထားတဲ့ယာခင်းတွေမှာသီးနှံတွေအခိုးမခံရဖို့နေ့နဲ့ ညနဲ့ စောင့်နေတဲ့သူတွေ။ အဲဒီတပ်ရင်း ၃၇၉ ကအရာရှိကတော့ ကျွန်တော်တို့ကိုအမြဲဒုက္ခပေးနေတယ်။ ခင်ဗျားတို့ရိုဟင်ဂျာ ကုလားတွေတရားမျှတတာကို ဆက်ပြီးတောင်းမယ်ဆိုရင် ကျွန်တော်တို့ဖမ်းပြီးရဲလက် အပ်မယ်လို့ခြိမ်းခြောက်တယ်။ သူတို့တပ်ရင်းကိုဒီမှာထား ကျွန်တော်တို့ကိုအကာ ကွယ်ပေး ဖို့၊ နှိပ်စက်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့မှာနေ့တိုင်း ကြက်၊ ဘဲ၊ ဆိတ်နဲ့အခြားစားစ ရာတွေ သူတို့ကိုပေးနေ ရ တယ်” ဟုမင်းပြားမြို့မှအမည်မဖော်လိုသူဒေသခံတစ်ဦးမှ RB News သို့ပြော သည်။

No comments:

Post a Comment