။ မကဒတရဲဘော်များနှင့် တိုက်ပွဲဝင်ရဲဘော်များ.ပြည်သူလူ ထုများခင်ဗျား ။
။ မကဒတရဲဘော်များနှင့် တိုက်ပွဲဝင်ရဲဘော်များ.ပြည်သူလူ
၁၂
- နံနက် (၆)နာရီမှ စတင်၍ ည (၈၃ဝ)အထိ ဦးသိန်းစိန်စစ်အစိုးရဧ။် ထိုးစစ်အား
ခုခံခဲ့သော ခုခံတော်လှန်စစ်ပွဲနှင့် ပါတ်သက်ပြီး ကျနော် ရဲဘော်ကျော်ကျော်က
အစီရင်ခံတင်ပြပေးလိုက်ပါတယ်။ ဒီခုခံစစ်ပွဲကိုကျနော်တို့ အောင်မြင်စွာ
ချေမှုန်းအနိုင်ယူနိုင်လိုက်ပါတယ်။ ကျောင်းသားတပ်တော်တိုက်ပွဲ သမိုင်းမှာ ကျနော်တို့ ပထမဦးဆုံးပေါ်ပေါက်လာတဲ့ အနိုင်ရတိုက်ပွဲသမိုင်းဖြစ်ပါတယ်။
ဒီသမိုင်းနဲ့အတူနောက်တိုက်ပွဲတွေမှာ အရှိန်အဟုန်ပြင်းစွာဆက်တိုက်အုံးမှာပါ။ ကျနော်တို့ ကျောင်းသား တပ်မတော် မြန်မာပြည်မြောက်ပိုင်းတွင် ကျနော်အပါအဝင်
ဗိုလ်မှူးအောင်ဆွေဦး၊ ဗိုလ်မှူးပေါက်ကွေး တို့နှင့်အတူ
ကျောင်းသားတပ်မတော်ရဲဘော်အင်အား (၅ဝ) ကျော် မဟာမိတ်ကေအိုင်အိုတပ်မတော်ဖြင့် လက်တွဲတိုက်ပွဲဝင်ခုခံတွန်းလှန်ခဲ့ပါတယ်။ကျနော်တို့ရဲ့လက်တွဲတိုက်ပွဲဝင် အောင်မြင်မှုရဲ့အဓိကသော့ ချက်အခြေ ခံဟာ တစ်ဖွဲ့နှင့် တစ်အပြန်အလှန်ယုံကြည်မှု ဖြစ်ပါတယ်။ ဒီအခြေခံမှတစ်ဆင့် နည်းဗျူဟာတိုက်ပွဲတွေမှာတစ်ဦးနဲ့တဦးအပြန်လေးစားမှု၊နားလည်မှု၊ချစ်ကြည်မှုများ ပိုမိုတိုးပွားလာကာ လက်တွေ့တိုက်ပွဲဝင်မှုမှာ ထိထိရောက်အောင်မြင်စွာ တွန်းလှန်တော်လှန်နိုင်မှုဟာအောင်ပွဲရဲ အဓိကကျတဲ့အခြေခံပါဘဲ.။
ယနေ့သေနင်္ဂဗျူဟာ ခံစစ်ကာလ မတရားတဲ့ ကျုးကျော်စစ်ကို တရားတဲ့တော်လှန်စစ်နဲ့ တွန်းလှန်နေတဲ့သေနင်္ဂဗျူဟာ ခံစစ်ကာလအဆင့်တစ်ခုမှာ ခံစစ်ကို မဟာမိတ်ကချင်လွတ်မြောက်ရေး တပ်မေ တ်ာမှ ပြတ်ပြတ်သားသားဆင်နွဲနေတဲ့အတွက်
တရားတဲ့စစ်ခံစစ်ကာလမှာ ကျနော်တို့ ရရှိလိုက်တဲ့ အသီးအပွင့်က(က)လူထုရဲ့နိုင်ငံရေးနိုးကြားမှုအရှိန်အဟုန်တစ်ရပ်မှာ နိုင်ငံရေးပြသနာကို
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ နိုင်ငံရေးအတွေးအခေါ်တစ်ရပ်ခိုင် မာစွာနဲ့ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာတဲ့ နိုင်ငံရေးအသိမြင့်မားလာမှုအသီးအ ပွင့်နဲ့(ခ) ကချင်ပြည်နယ် တပြည်နယ်လုံးလူထုသဘောထားရာခိုင် နှုန်းများစွာ
တသံတည်းထွက်နိုင်ခြင်း အသီးအပွင့်တွေ ရရှိခဲ့ပါတယ်။ လူထုရဲ့ရေချိန်နဲ့
နိုင်ငံတကာအခြေအနေကို မှန်ကန်စွာ သုံးသပ်ရင်းသေနင်္ဂဗျူဟာ ခုခံစစ်မှစစ်ရေးအရ
ပြန်လှန်ထိုးစစ်ဆင်သည့်အဆင့်သို့  ရောက်ရှိသွားရန် ကြိုးပမ်းအားထုတ်ပါမှ စစ်ဗျူရိုကရက်ယန္တယားကို ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။
အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး အဆင့်မှာ
အဓိကအခြေခံအကျဆုံးမှာ တစ်ဦးနှင့်တဦး စိတ်ရင်းစေတနာဖြူစင်ရန်နှင့်
ရိုးသားရန်တို့ ဖြစ်ပါတယ်။ မည်သည့်လုပ်ငန်းမဆို အရေးကြီးဆုံးမှာ
ဒီအချက်နှစ်ရပ်ဖြစ်ပါတယ်။ ယနေ့ကာလ ကျနော်တို့ မဟာမိတ်ကေအိုင်အိုနဲ့
ပြတ်သားစွာလက်တွဲ၊ ဆင်နွဲနိုင် နေခြင်းဟာ ကျနော်တို့ ကျောင်းသားတပ်မတော်
(မြန်မာပြည်မြောက်ပိုင်း) ဟာ ရိုးသားခဲ့လို့ပါ..။ ကျနော်တို့ လူထုအပေါ်မှာ
ရိုးသားခဲ့ပါတယ်။ ကျနော်တို့ရဲ့ကျောင်းသားတပ်မတော်ရဲဘော်များအပေါ်မှာ
ရိုးသားခဲ့ပါတယ်။ ကျနော်တို့ရဲ့ သစ္စာဓိဌာန်လေးချက်အပေါ်မှာ ရိုးသားခဲ့တယ်။
တိုင်းပြည်အပေါ်မှာ ရိုးသားခဲ့ပါ တယ်။ အမှန်တစ်ရားအပေါ်မှာ
ရိုးသားပါတယ်။ကျနော်တို့ရဲ့ အလုပ်တွေအပေါ်မှာ ရိုးသားခဲ့ပါတယ်။ အပစ်ရပ်
၁၄နှစ်ကို ရိုးသားစွာ ဖြတ်ခဲ့ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို
သွားရင် အရေးကြီးဆုံးလုပ်ရမဲ့ အဓိကလုပ်ငန်းစဉ်တစ်ရပ်ကို ကျနော်တို့
ရိုးရိုးသားသားယုံကြည်တာက ရိုးသားမှုပြသရေးလုပ်ငန်းပါ။ ရိုးသားမှု့ကို
ဘာနဲ့ပြမလဲ.။ စေတနာနဲ့ ပြရပါမယ်။ ဒီကနေ့ ဦးသိန်းစိန်စစ်တပိုင်းအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေးနဲ့နောက်ကြောင်း
ပြန်မလှည့်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး ခြေလှမ်းတိုင်းကို ကျနော်တို့
စောင့်ကြည့် အကဲဖြတ်တဲ့အခါမှာ စေတနာခြေလှမ်းများကို မတွေ့ရပါဘူး။
ဒါ့ကြောင့် ကျနော်တို့လူထုဘက်မှနေ၍ စစ်ရေးအရ ပြတ်သားစွာ (အာဃာတကင်းစင်ရေးမဟုတ်) ဘက်တစ်ခုပေါ်မှာ မတွေဝေဘဲရပ်လျှက် တိုက်ပွဲဝင်နေမှုဟာ လူထုလှုပ်ရှားမှုကို ကြီးမားတဲ့ ပံ့ကူမှုကြီးတစ်ခု ဖြစ်စေပါတယ်။ ဒါပေမဲ့ လူထုရဲ့နိုင်ငံရေးနိုးကြားမှုအဆင့်တစ်ခုမှာ ဒီတက်ကြွမှုကို ချိုးနှိမ်စေတဲ့ အာဃာတကင်းစင်ရေးဆိုတဲ့စကားလုံးကို
ရိုးသားမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ ပေတံနဲ့တိုင်းပြီးမှ သုံးသပ်၊
အသုံးပြုပြောမှဖြစ်ပါတယ်။ ကျနော့်အတွေ့ကြုံလေးတစ်ခု ပြောခြင်တယ်။
၁၉၉၃ခုခန့်ဖြစ်မယ်ထင်တယ်။ မကဒတညီလာခံမှာ ကိုနိုင်အောင်ဦးဆောင်ဗဟိုကော်မီတီက
နိုင်ငံရေးအစီရင်ခံစာမှာ အာဃာတကင်းစင်ရေးတင်တဲ့အခါ ပထမဦးစွာကန့်ကွက်သူက
ကျနော်ပါ.။ နောက်ကန့်ကွက်သူက ကိုတင်စိုးနောင် (ကွယ်လွန်)ပါ။
နောက်ကန့်ကွက်သူက ကိုစိုင်းမြင့်သူတို့ရဲ့ ABSDF တပ်ရင်း(၂ဝ၉)ပါ.
များစွာဆွေးနွေးတဲ့ အချက်ထဲမှာ အမှတ်ရဆုံး အချက်က ပြည်သူလူထုကဘယ်လောက်အထိ
ထိခိုက် ဆိုးဝါးစွာခံစားနေရသလဲ..။ အာဃာတမရှိရင် တော်လှန်ရေးလုပ်လို့ မရ..။
ဆိုတဲ့အချက်က ကျနော်အမှတ်မိဆုံးအချက်ပါ..။
တော်လှန်ရေးတစ်ခုမှာ မူပေါ်မှာ ရပ်တည်ချက် ပြတ်သားဖို့ အရေးကြီးဆုံးပါ။ ရပ်တည်ချက် ပြတ်သားမှုနဲ့အတူ ကျွဲကူးတော့ ရေပါလာတတ်ပါတယ်။ ဗမာပြည်ရဲ့တော်လှန်တဲ့သမိုင်ြးေ ကာင်းကို
ပိုင်နိုင်စွာသိမှ သမိုင်းအမြင်နဲ့အတူ ရပ်တည်ချက် ပြတ်သားပါတယ်။
ဗမာစစ်အာဏာရှင်ဟာ တခြားတိုင်းပြည်က အာဏာရှင်တွေလို ဝါးတားတားကောင်တွေ
မဟုတ်ပါဘူး.။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အာဏာရှင်တွေပါ..။ ဒါကို
စိတ်ကူးမယဉ်ကြဖို့ အရေးကြီးပါတယ်။ နည်းပရိယာယ်လုပ်ငန်းတွေနဲ့
ဝေဝါးအောင်လုပ်တော့ ကိုယ်ကလည်း ဝေဝါးပြီး အပျော့တွေ၊ အမာတွေ တံဆိပ်တပ်ပြီး
စည်းရုံးရေးမူတွေ ချပြီး လုပ်နေတာဟာ မယောင်ရာဆီလူးနေတာ ဖြစ်တယ်။
ခင်ဗျားတို့ ရှစ်လေးလုံးတွေပြောနေတဲ့ အပျော့တွေဟာ အမိန်နာခံမှုတခုထဲနဲ့
တည်ဆောက်ထားတဲ့ အပျော့တွေဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ တိုင်းပြည်အတွက်
အနစ်နာခံပါ။ သူများအသုံးချတာခံဖို့ ကျနော်တို့ လူဖြစ်လာတာ မဟုတ်ဘူး။
၆၂သမိုင်းကို ပြန်ကြည့်ပါ။ စစ်အာဏာရှင်စနစ်ဘဲဟေ့လို့ တော်လှန်ရေးကောင်စီကို
ရဲရဲ၊ ပြတ်ပြတ်အော်တာ ကျောင်းသားပါ။ ကျန်တဲ့ပါတီတွေ မအော်ရဲပါဘူး။
ဝိဓူရသခင်ချစ်မောင်ဟာ ခွေးချစ်မောင်ဖြစ်သွားတယ်ဆိုတာ သတိထားပါ။
ဒီကနေ့ ကျနော်တို့ လဂျားယန်တိုက်ပွဲမှာ လူကို မုန်းလို့တိုက်တာ မဟုတ်၊ အာဏာရှင်စနစ်ကို မုန်းတီးရွံရှာလို့ ပြတ်ပြတ်သားသား အော်ပြီး အသေခံစွန့်လွှတ်စွန့်စားမှုနဲ့ တိုက်ပွဲထိပ်မှာ ကျနော်ကိုယ်တိုင်ဦးစီးပြီး ရပ်ခဲ့ပါတယ်။ ကျနော့် အသံကိုလည်း မကဒတရဲဘော်များ ဗွီဒီယိုထဲမှာကြားရမှာပါ..။ ကျနော်တို့ ကျောင်းသားတပ်မတော်ရဲဘော်များ မဟာမိတ်နဲ့အတူ ဝင်ရောက်ခြေမှုန်းရာမှာ ဒဏ်ရာရ ဦးသိန်းစိန်အစိုးရရဲ့ စစ်သားများစွာရဲ့ အသက်ကို ကယ်နိုင်ခဲ့ပါတယ်။ သံဃာများအား မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သော ဦးသိန်းစိန်အမည်ခံ၊ မင်းအောင်လှိုင်အမည်ခံ စစ်တပ်ကို ရန်၊ ငါစည်း ပြတ်စွာတိုက်ပွဲဝင်နေသော ရဲဘော်များက သူသေကိုယ်ကြေတိုက်နေရသော တိုက်ပွဲထိပ်တွင် သံဃာများအား ဦးသိန်းစိန်အစိုးရမှ နှိပ်ကွပ်နေတယ်ဆိုတဲ့ စိတ်အသိဖြင့် သေနတ်ဖြင့် ပစ်သတ်ရန် အမိန့်တောင်းခံခဲ့သော်လည်း ကျနော်တို့ ခေါင်းဆောင်များက ပစ်သတ်ခွင့်အမိန့် မပေးခဲ့ပါ။ ယနေ့အချိန်တွင် ဒဏ်ရာရ ရဲဘော်များအားအနီးကပ် ပြုစုစောင့်ရှောက်ပေးသည် တာဝန်များကို ယူထားပါတယ်။ နိုင်ငံရေး၊စစ်ရေးတာဝန်များ နေ့ရောညပါ ထမ်းဆောင်နေကြသည့် ကျောင်းသားတပ်မတော်ရဲဘော်၊ရဲမေများက
လိုင်ဇာဒေသခံပြည်သူများနဲ့အတူ ပြင်းထန်စွာ ဒဏ်ရာရ တပ်မတော်သားလူနာများအား
ဆေးကြော၊ ကုသ၊ ပြုစု ချက်ပြုတ်ကြွေးမွေးလျှက် ရှိနေပါတယ်။
ကျနော်တို့အနေနဲ့ စစ်မြေပြင်မှ ရရှိတဲ့ ထိုစစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဖြင့် ကိုယ်ချင်းစာတရားရှေ့ထားနေသော်လ ည်း
ဒဏ်ရာရလူနာများအား မသယ်နိုင်ပါက ပစ်သတ်ခွင့်ပေးရန် အမိန့်ပေးခဲ့သော
ဗိုလ်ချုပ်မင်းအောင်လှိုင်၏ စစ်ဗျူဟာမှူးများအား တာဝန်မဲ့သည့် ၊
တာဝန်မခံသည့်၊ လူသားမဆန်သည့်၊ မိမိစစ်သားများအပေါ် ခွေးတစ်ကောင်ကဲ့သို့
တန်ဖိုးမထားသည့် လုပ်ရပ်အား ပြစ်တင်၊ ဝေဖန်ရှုံ့ချပါသည်။
တဆက် တည်းတွင် သေတွင်းထဲသို့၊ သတ်ကွင်းထဲသို့ စစ်လက်နက်ပစ္စည်း၊ ဆန်ရိက္ခာဝန်စည်စလည်များစွာဖြင့်
ပို့လွှတ်လိုက်သော ဦးသိန်းစိန်အစိုးရအား ကန့်ကွက်၊ ရှုံ့ချပါသည်။ အကယ်၍
ခေါင်းမာစွာဖြင့် ထိုးစစ်ကို ဆက်လက်ဆင်နွဲနေမည်ဆိုပါက
ဗမာ့တပ်မတော်ရဲဘော်များ၏ အသက်များ၊ ဘဝများစွာ ထပ်မံဆုံးရှုံးလာနိုင်ဖွယ်ရာ
ရှိနေသေးသဖြင့် ဗမာ့တပ်မတော် စစ်ခေါင်းဆောင်များအနေဖြင့် တပ်မတော်သားများ၏
ဘဝများစွာကို ကိုယ်ချင်းစာတရားထားပေးပါရန် တိုက်တွန်းပါသည်။
ပြည်သူလူထုသို့လည်း မေတ္တာရပ်ခံခြင်သည်က သေတွင်းထဲသို့ တွန်းပို့နေသော ဦးသိန်းစိန်စစ်အစိုးရအား ဝိုင်းဝန်းဆန္ဒပြ ကန့်ကွက်ကြရန်နှင့် ဒဏ်ရာရစစ်သည်များ၏ အနာဂါတ်အရေးကို အဖြေရှာပေးကြပါရန် တိုက်တွန်းပါသည်။
ကျနော်တို့ ကျောင်းသားတပ်မတော်တိုက်ပွဲဝင်မှုနှင့် တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ကျနော် (သားချစ်) ကလောင်အမည်ဖြင့် ဆောင်းပါးအသေးစိတ်ဖေါ်ပြပေးပါမည် ။ မကြာမှီ ဖေ့စ်ဘွတ်(ခ်)တွင် တင်ပြပေးပါမည်။
"လဂျားယန် တိုက်ပွဲတွင် ဖမ်းဆီးရမိသော အစိုးရ စစ်သားအချို့ အား မြောက်ပိုင်း ABSDF စခန်းတွင် ထိန်းသိမ်း ဆေးကုသ ပေးနေစဉ်..."
ဒီသမိုင်းနဲ့အတူနောက်တိုက်ပွဲတေ
ယနေ့သေနင်္ဂဗျူဟာ ခံစစ်ကာလ မတရားတဲ့ ကျုးကျော်စစ်ကို တရားတဲ့တော်လှန်စစ်နဲ့ တွန်းလှန်နေတဲ့သေနင်္ဂဗျူဟာ ခံစစ်ကာလအဆင့်တစ်ခုမှာ ခံစစ်ကို မဟာမိတ်ကချင်လွတ်မြောက်ရေး တပ်မေ
အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ
ဒါ့ကြောင့် ကျနော်တို့လူထုဘက်မှနေ၍ စစ်ရေးအရ ပြတ်သားစွာ (အာဃာတကင်းစင်ရေးမဟုတ်) ဘက်တစ်ခုပေါ်မှာ မတွေဝေဘဲရပ်လျှက် တိုက်ပွဲဝင်နေမှုဟာ လူထုလှုပ်ရှားမှုကို ကြီးမားတဲ့ ပံ့ကူမှုကြီးတစ်ခု ဖြစ်စေပါတယ်။ ဒါပေမဲ့ လူထုရဲ့နိုင်ငံရေးနိုးကြားမှုအဆင
တော်လှန်ရေးတစ်ခုမှာ မူပေါ်မှာ ရပ်တည်ချက် ပြတ်သားဖို့ အရေးကြီးဆုံးပါ။ ရပ်တည်ချက် ပြတ်သားမှုနဲ့အတူ ကျွဲကူးတော့ ရေပါလာတတ်ပါတယ်။ ဗမာပြည်ရဲ့တော်လှန်တဲ့သမိုင်ြးေ
ဒီကနေ့ ကျနော်တို့ လဂျားယန်တိုက်ပွဲမှာ လူကို မုန်းလို့တိုက်တာ မဟုတ်၊ အာဏာရှင်စနစ်ကို မုန်းတီးရွံရှာလို့ ပြတ်ပြတ်သားသား အော်ပြီး အသေခံစွန့်လွှတ်စွန့်စားမှုနဲ့ တိုက်ပွဲထိပ်မှာ ကျနော်ကိုယ်တိုင်ဦးစီးပြီး ရပ်ခဲ့ပါတယ်။ ကျနော့် အသံကိုလည်း မကဒတရဲဘော်များ ဗွီဒီယိုထဲမှာကြားရမှာပါ..။ ကျနော်တို့ ကျောင်းသားတပ်မတော်ရဲဘော်များ မဟာမိတ်နဲ့အတူ ဝင်ရောက်ခြေမှုန်းရာမှာ ဒဏ်ရာရ ဦးသိန်းစိန်အစိုးရရဲ့ စစ်သားများစွာရဲ့ အသက်ကို ကယ်နိုင်ခဲ့ပါတယ်။ သံဃာများအား မီးလောင်ဗုံးဖြင့် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သော ဦးသိန်းစိန်အမည်ခံ၊ မင်းအောင်လှိုင်အမည်ခံ စစ်တပ်ကို ရန်၊ ငါစည်း ပြတ်စွာတိုက်ပွဲဝင်နေသော ရဲဘော်များက သူသေကိုယ်ကြေတိုက်နေရသော တိုက်ပွဲထိပ်တွင် သံဃာများအား ဦးသိန်းစိန်အစိုးရမှ နှိပ်ကွပ်နေတယ်ဆိုတဲ့ စိတ်အသိဖြင့် သေနတ်ဖြင့် ပစ်သတ်ရန် အမိန့်တောင်းခံခဲ့သော်လည်း ကျနော်တို့ ခေါင်းဆောင်များက ပစ်သတ်ခွင့်အမိန့် မပေးခဲ့ပါ။ ယနေ့အချိန်တွင် ဒဏ်ရာရ ရဲဘော်များအားအနီးကပ် ပြုစုစောင့်ရှောက်ပေးသည် တာဝန်များကို ယူထားပါတယ်။ နိုင်ငံရေး၊စစ်ရေးတာဝန်များ နေ့ရောညပါ ထမ်းဆောင်နေကြသည့် ကျောင်းသားတပ်မတော်ရဲဘော်၊ရဲမေမ
ကျနော်တို့အနေနဲ့ စစ်မြေပြင်မှ ရရှိတဲ့ ထိုစစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဖြင့် ကိုယ်ချင်းစာတရားရှေ့ထားနေသော်လ
တဆက် တည်းတွင် သေတွင်းထဲသို့၊ သတ်ကွင်းထဲသို့ စစ်လက်နက်ပစ္စည်း၊ ဆန်ရိက္ခာဝန်စည်စလည်များစွာဖြင့်
ပြည်သူလူထုသို့လည်း မေတ္တာရပ်ခံခြင်သည်က သေတွင်းထဲသို့ တွန်းပို့နေသော ဦးသိန်းစိန်စစ်အစိုးရအား ဝိုင်းဝန်းဆန္ဒပြ ကန့်ကွက်ကြရန်နှင့် ဒဏ်ရာရစစ်သည်များ၏ အနာဂါတ်အရေးကို အဖြေရှာပေးကြပါရန် တိုက်တွန်းပါသည်။
ကျနော်တို့ ကျောင်းသားတပ်မတော်တိုက်ပွဲဝင်မ
"လဂျားယန် တိုက်ပွဲတွင် ဖမ်းဆီးရမိသော အစိုးရ စစ်သားအချို့ အား မြောက်ပိုင်း ABSDF စခန်းတွင် ထိန်းသိမ်း ဆေးကုသ ပေးနေစဉ်..."

No comments:
Post a Comment