ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာ တို့သည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသော ဘာသာရေး၊ ဘာသာတရားများဖြစ်ကြသည်။တရုတ်ပြည်တွင် ကွန်ဖြူးရှပ် ၀ါဒ၊တောက် (Dao) ၀ါဒကိုလည်း လက်ခံကြသည်။ဂျပန်တွင် ထင်ရှားစွာယုံကြည်လက်ခံကြသည်မှာ ရှင်တိုဗုဒ္ဓဘာသာဖြစ်သည်။ဟိန္ဒူဘာသာဝင်များက စကြာဝဌာအနန္တကို ဗြမ္မာက ဖန်ဆင်းသည်ဟု ယုံကြည်ကြသည်။ခရစ်ယာန်၊ ဂျူးနှင့် အစ္စလာမ် ဘာသာဝင်များက ထာဝရဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ယုံကြည်ကြသည်။
အဆိုပါ ဘာသာရေးယုံကြည်မှု အယူအဆများသည် လူယဉ်ကျေးမှု၊ စီးပွားရေးဆက်နွယ်မှု လူတို့သွားလာဆက်ဆံမှုများ အမျိုးမျိုးသော အကြောင်းတရားများကြောင့် ကမ္ဘာလူအဖွဲ့အစည်းတွင် ပျံ့နှံသွားသည်။ဘာသာအသီးသီးသည် ကုန်ကူးသန်းသွားလာခြင်းကြောင့် အများဆုံးစတင်ေ၇ာက်ရှိလာခြင်းဖြစ်သည်။ရှေးက လူတို့ကုန်ကူးသန်းသွားလာခြင်းသည်သင်္ဘောဖြင့်သာ ကူးသန်းသွားလာကြသည်။အရှေ့တောင်အာရှ နိုင်ငံများသို့ အစ္စလာမ်ဘာသာေ၇ာက်ရှိခြင်လည်း ပင်လယ်ရေကြောင်းနှင့် ကုန်စည်ကူးသန်းသွားလားခြင်းဖြင့် ပျံ့နှံ့ရောက်ရှိလာကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသသို့ ရှေးနှစစ်ပေါင်း(၁၀၀၀)ကျော်ခန့်ကတည်းကပင် အစ္စလာမ်ဘာသာ ပျံ့နှံရောက်ရှိလာသည်ဟု သမိုင်းပညာရှင်များက ဆိုပါသည်။၁၄ရာစုတွင် စုမားတြား၊ ဂျာဗာ၊ မလေးကျွန်းဆွယ် တို့မှတဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိလာသည်ဟု မောရစ်ကောလစ်ရေး Into Hidden Burma ကိုဦးခင်မောင်ကြီး ဘာသာပြန်သည့် စာအုပ် စာမျက်နှာ ၂၁၁ တွင် ရေးသားထားပါသည်။
အေဒီ (၇၀၀) နှင့် အေဒီ(၁၅၀၀) ခုနှစ် များအတွင်း အာရဗ်ကုန်သည်များ၊ ပါးရှန်းကုန်သည်များနှင့် ရောမကုန်သည်များသည် ၎င်းတို့ဧ။် ကုန်သဘောင်္များဖြင့် မြန်မာနှင့် တရုတ်နိုင်ငံကမ်းခြေများကို ရောက်ခဲ့လာကြသည်။အေဒီ (၇၈၈-၈၁၀) နန်းတတ်သည့် မဟာတိုင်စန္ဒာမင်းလက်ထပ် အာရဗ်ကုန်သဘောင်္များနှင့် ရမ်ူဗြဲကျွန်းအနီးတွင်လပျက်စီးရာ ကုန်သဘောင်္သားများအားလုံးကို ဘုရင်ကလာကယ်ဆယ်ပြီး ရခိုင်ပြည်အတွင်းရှိ သင့်လျှော်သော ကျေးရွာများတွင် အခြေချနေထိုင်ခွင့်ပေးခဲ့သည်။သဘောင်္သား ကုန်သည်များ အားလုံး မွတ်စလင် အာရဗ်များဖြစ်ကြသည်။
အလားတူပင် ကျောက်ဖြူ၊ ပုသိမ်၊ သံလျှင်၊ မုတ္တမ၊ မြိတ် စသည့်သဘောင်္ဆိပ်ကမ်းများတွင်လည်း သဘောင်္များပျက်ပြီး မွတ်စလင်သဘောင်္သားများနှင့်ကုန်သ်ခဲ့ကြောင်း မွန်-မြန်မာ ၇ာဇာဝင်များတွင် တွေ့နိုင်ပါသည်။မြန်မာကမ်းရိုးတန်းတလျှောက် ဒါရ်ဂါခေါ် အစ္စလာမ်သူတော်စင်တို့ ဂူသချိုင်းများကို နေရာအနှံအပြားတွင် တွေ့ရှိရခြင်းသည် အစ္စလာမ်သူတော်စင်များနှင့် အစ္စလာမ်ဘာသာရောက်ရှိကြောင်း မျက်မြင်သက်သေ သာဓက ဖြစ်ပါသည်။(ဆရာချယ်ဧ။် ရှေးဦးမွတ်စလင်များ(၁၇၈၉) ဗြိတိသျှ ဘာမားဂေဇက်ကို ကိုးကားသည်-စာမျက်နှာ ၁၆)
အေဒီ (၈)ရာစုမှ ပုဂံမင်းဆက် ပိတ်သုန်မင်း လက်ထက်တွင် တရုတ်အရှေ့ အိန္ဒိယကျွန်းစု(အင်ဒိုနီး၇ှားနှင့် မဒ၀ါစကတို့မှ အာရပ် ကုန်သည်များသည် သုံနှင့် မုတ္တမများသို့ခေတ္တလာရောက် လည်ပတ်လေ့ရှိသည်။ထိုမှ တဆင့် အစ္စလာမ်ဘာသာ ရောက်ရှိလာသည်။(ဦးကြည် B.A,(Hons)(Hist) မြန်မာရာဇာဝင် စာမျက်နှာ ၁၅၆၊ ၁၅၇)
အေဒီ (၈) ရာစုမှ (၁၅) ရာစုအတွင်း အာရဗ်နှင့် ပါရှန် ကုန်သည် များသည် အရှေ့တိုင်းနိုင်ငံများ ပင်လယ်ေ၇ကြောင်းတခုလုံးကို စိုးမိုးနေပြီး မြန်မာနိုင်ငံ လုပ်ငန်းအချက်အချာဗဟိုဌာနများတွင် အခြေချနေထိုင် လုပ်ကိုင်လာရာမှ အစ္စလာမ်ဘာသာ ရောက်ရှိလာခြင်းဖြစ်သည်။အေဒီ (၁၆၆၀) ပြည့်နှစ်တွင် ရခိုင်ဘုရင် ' စန္ဒာသုဓမ္မ' ထံသို့ ' ရှားရှူးဂျာ' ဘုရင် ခိုလှုံသည်။နားလည်မှု လွဲပြီး ရှားရှူဂျာနှင့် နောက်လိုက်များကို သုတ်သင်ပစ်သည်။လွတ်မြောက်သွားသူ မွတ်စလင်များမှာ ကမန်လူမျိုးလေးစစ်သည်ကျော်များဖြစ်ကြသည်။' စန္ဒာဝိဇယ မင်း ' (၁၇၁၀-၁၇၃၁) လက်ထပ်တွင် ကမန်တို့ကိုအောင်နိုင်ရာ ကမန်မွတ်စလင်များအား စစ်တွေ သာယာုန်းရွာနှင့် ရမ်းဗြဲသို့ နယ်နှင်ဒဏ်ပို့သည်။ယင်း ဒေသများ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ နယ်များတွင် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ ရှိနှင့်ပြီးဖြစ်သည်။
၁၅၃၉ ခုနှစ်တွင် တပင်ရွှေထီးက ပဲခူးကိုတိုက်ခိုက်အောင်မြင်ပြီး ၁၅၄၇ ခုနှစ်တွင် မြို့ဟောင်းကို တိုက်ခိုက်အောင်မြင်ပြန်သည်၁၇၀၇ ခုနှစ်တွင် စနေမင်းက သံတွဲကို တိုက်ခိုက်အောင်မြင်သည်။၁၆၁၃ ခုနှစ်တွင် အနောက်ဘက် လွန်မင်းက သံလျှင်ကိုတိုက်ခိုက်အောင်မြင်သည်။ယင်းသို့ တိုက်ခိုက်အောင်မြင်ပြီး ဖမ်းဆီးလာသော မွတ်စလင်များအား မြေဒူး(ရွှေဘိုခရိုင်) ပင်းယ(စကိုင်းတိုင်း) လက်ပံ(ကျောက်ဆည်ခရိုင်) ယင်းတော် (ရမည်းသင်း ခရိုင်) စသည့်နေရာများသို့ ပို့ဆောင်နေရာချထားပေးသည်။
ဘိုးတော်ဘုရားလက်ထပ် ၁၈၀၁ ခုနှစ်တွင် ရေးထိုးထားသော ' ဗိုလ်မင်းလှကျော်ထင်' ကျောက်စာတွင် စနေမင်း (၁၆၉၈-၁၇၁၄) လက်ထပ် ရခိုင်ပြည်မှ ခေါ်ဆောင်၍ ရောက်ရှိလာသောမွတ်စလင် (၃၇၀၀)ကို တောင်ငူ၊ ရမည်းသင်၊ ညောင်ရမ်း၊ ယင်းတော်၊ မိထ္ထီလာ၊ ပင်းတယ၊ တဖက်ဆွေ၊ ဗောဒိ၊ သာစည်၊ မြေဒူး၊ စည်ပုတ္တရာ၊ ဒီပဲယင်းတို့တွင် အခြေစိုက် နေရာချထားပေးသည်ဟု ရေးထိုးထားသည်။
ကမ္ဘာပေါ်တွင် ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဟု ဘာသာကြီးလေးခု ရှိရာ အဆိုပါဘာသာ အယူ)၀ါဒများသည် နည်းလမ်းအသွယ်သွယ်ဖြစ် မြန်မာနိုင်ငံအတွင်းရောက်ရှိလာကြသည်။မြန်မာနိုင်ငံသည် မည်သည့်အယူဝါဒ အတွေးအခေါ်မျှ အစပြုဖြစ်တည်ပေါ်ပေါက်ရာ ဒေသတခု မဟုတ်ပါ။ကမ္ဘာယဉ်ကျေးမှု အစောဆုံးထွန်းကားသည် တိဂရစ်နှင့်ယူဖရေတီး မြစ်နှစ်သွယ်ကြားဒေသဟု ကမ္ဘာသမိုင်းနှင့် သုတေသန ပညာရှင်များက အသိအမှတ်ပြုထားကြသည်။အာရှတိုက်မှ လူသားမျိုးနွယ်စုများမှာ မွန်ဂိုလွိုက်အုပ်စုမှတိဘက်တိုဘားမင်းအနွယ်များဖြစ်ာကသည်။အိန္ဒိယတိုက်ငယ် အရှေ့တောင်အာရှမှ လူမျိုးနွယ်များမှာ တိဘက်တိုဘားမင်း အနွယ်နှင့် အာရိယာန် လူမျိုးများဖြစ်ကြသည်။မြန်မာနိုင်ငံ အိန္ဒယတိုက်ငယ်ရှိ လူသားမျိုးနွယ်စုများသည် အာရိယာန်အနွယ်များဖြစ်ကြသည်။သမိုင်းအဆိုအရ မြန်မာပြည်တွင် မွန်၊ ပျူ၊ သက်၊ ကမ်းယံ ဟူသော အဓိကမျိုးနွယ်စုများ ရှေးဦးလာရောက် အခြေချနေထိုင်ခဲ့ကြရာ ၎င်းတို့အားလုံးသည် တိဘက်တိုဘားမင်းအနွယ်များ ဖြစ်ကြသည်။
ရှေးနှစ်ပေါင်းများစွာကပင် ယဉ်ကျေးမှုတုရာ မျိုးနွယ်စုများသည် စုဝေးနေထိုင်လာကြရမှာ တစတစ လူဦးရေတိုးပွား တိုးပွားများပြားလာခြင်းဖြင့်သည်။ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ကယား ရှမ်းပြည်နယ်များတွင် ဓလေ့စရိုက် ယဉ်ကျေးမှု ဆင်တူရာ လူမျိုးများ စုပေါင်းနေထိုင်လာကြသည်။မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်သည် အန္ဒိယတိုက်နယ်နမိတ်ချင်း ဆက်စပ်နေသည်။ယနေ့မြန်မာပြည်မနှင့် ရခိုင်ရိုးမတောက်တန်းကြီးက ကာဆီးနေသည်။ထူထပ်သော မုတ်သုံ သစ်တောကြီးကြောင့် ရခိုင်ပြည်နယ်သည် ကုန်းဘောင်ခေတ်အထိပင် သီးခြားတိုင်းပြည်တခုအဖြစ် တည်ရှိနေခဲ့သည်။ဌာနေတိုင်း၇င်းသားများသည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ဘုရင် ကိုယ့်သခင် ဖြစ် သီးခြားယဉ်ကျေးမှုဖြင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။သမိုင်းသက်သေခံပါသည်။အစ္စလာမ့် အတွေးအခေါ်သည် မြန်မာနိုင်ငံသို့ရောက်ရှိလာသည်မှာ နှစ်ပေါင်းထောင်ချီ ရှိနေပါသည်။
သမိုင်းမှတ်တမ်းများအရ မြန်မာပြည်မအတွင်းသို့ အစ္စလာမ်ဘာသာအတွေးအခေါ် ရောက်ရှိပြန်နှံလာသည်မှာ ညောင်ရမ်းခေတ် စနေမင်းနှင့် ကုန်းဘောင်ခေတ် ဆဌမမင်းဆက် ဘိုးတော်ဘုရားသည် ရခိုင်ကို သိမ်းပိုက်အောင်မြင်သည်။ရခိုင်ဘုရင်နှင့် မိသားစုများ၊ မူးမတ်ပညာရှိများ အတတ်ပညာရှင်များကို မြန်မာပြည်မကို ခေါ်ဆောင်သွားသည်။ရခိုင်မှ မဟာမြတ်မုနိရုပ်ပွားတော်များကို ပင့်ဆောင်သည်။ယင်းသို့ ပင့်ဆောင်ရာတွင် ရခိုင်တို့က တိုက်ခိုက်တားဆီးသောကြောင့် ရခိုင်မွတ်စလင် ထောင်ပေါင်းများစွာကို စစ်မှုထမ်းအဖြစ် အဓမ္မသိမ်းသွင်းကာ အစောက်အရှောင့်ဖြင့်ခေါ်လာခဲ့သည်။မန္တလေးသို့ရောက်သောအခါ ထိုမွတ်စလင်များကို မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘို၊ မိတ္တီလာ၊ ရမည်းသင်း၊ ကျောက်ဆည် စသည့် မန္တလေး ခရိုင်များတွင် နေရာချပေးသည်။
ညောင်ရမ်းခေတ် စနေမင်းလက်ထက်ကတည်း ယနေ့တိုင်အစဉ်တစိုက် အခြေချနေထိုင်လာခဲ့သော တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များသည် အသက်မွေးဝမ်းကြောင်းမျိုးစုံဖြင့် ရှင်သန်ရပ်တည်လာခဲ့ကြသည်။အထူးသဖြင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။ပညာတတ်အချို့သာလျှင် အစိုးရ အမှုထမ်းများ အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိကြသည်။အများစုမှာ လယ်ယာလုပ်ငန်း၊ ကုန်ရောင်းကုန်ဝယ် ကုန်သည်များအဖြစ်သာ ရပ်တည်နေကြသည်။အထက်ဖော်ပြပါ ခရိုင်နယ်များတွင် ဗာမာယဉ်ကျေးမှုအတိုင်း ၀တ်စားဆင်ယင်နေထိုင်ပြောဆိုကာ ရိုးသားစွာ သမာအာဇီဝဖြင့် လုပ်ကိုင်စားသောက်လျက် အသက်ရှင်နေထိုင်လျှက်ရှိသည့် ကျေးရွာကြီးများရှိပါသည်။ဘာသာတရားကို အစွန်းရောက် စွဲလမ်းယုံကြည်ကိုးကွယ် ဆည်းကပ်ကြသူ အချို့သာလျှင် အကျီရှည်ဝတ်၊ ဦးထုပ်ဆောင်း၊ မုတ်ဆိတ်ထားကြသည်။ဘာသာရေးဆရာ(ဘုန်းကြီး)များ တချို့သာ မုတ်ဆိတ်ထား ဦးထုတ်ဆောင်းကြသည်။ဗမာစကားမှလွဲ၍ အခြား အိန္ဒိယစကား(ဟင်ဒူစတန်စကား)၊ အူရ်ဒူစကား၊ လုံးဝ(လုံးဝ) မပြောတတ်ကြပေ၊ မြန်မာစာ၊ အင်္ဂလိပ်စာ တတ်မြောက်ကြသည်။မြန်မာစာ၊ မြန်မာ စကားကိုသာပြောတတ်ကြသည် နားလည်ကြသည်။
မြန်မာနိုင်ငံသည် အရှေ့ဘက်တွင် တရုတ်ပြည်၊ ထိုင်း၊ လာအို၊ နိုင်ငံများ အနောက်ဘက်တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်နေပါသည်။တရုတ်ပြည်နှင့် နယ်စပ်ချင်းထိစပ်နေသော ကချင်၊ ရှမ်းပြည်နယ်များမှ ရှမ်း၊ ၀၊ ဂျိန်းဖော၊ လီဆူး၊ ရ၀မ်လူမျိုးများသည် တရုတ်နိုင်ငံတွင်ရော မြန်မာနိုင်ငံတွင်းမှာပါ ရပ်တည်နေကြသည်ကို ယနေ့တိုင်တွေ့ရှိနိုင်ပါသည်။ထိုင်းနိုင်ငံနှင့်ထိစပ်လျက်ရှိသော မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ မွန်၊ ကရင် လူမျိုးစုများသည် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိုင်းနိုင်ငံသားအဖြစ်နေထိုင်လျက်ရှိကြသည်။ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ အသီးသီးကို လက်ခံယုံကြည်ကိုးကွယ်ကြသည်။
မြန်မာနိုင်ငံသား မြန်မာတိုင်းရင်းသားဖြစ်ခြင်းသည် အဓိကဖြစ်သည်။ဘာသားနှင့် ယုာံကည်ကိုးကွယ်မှုသည် သာမညဖြစ်ပါသည်။နှစ်ကာလကြာလာသည်နှင့်အမျှရှေးယခင်ကတည်းက အခြေချနေထိုင်လာသာ တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များ အရေအတွက်မှာလည်း တိုးပွားလာပါသည်။မြန်မာနိုင်ငံအတွင်း ကုန်ကူးသန်းသွားလားရင်း၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း၊ အမြို့မြို့အနယ်နယ်တွင်အခြေချနေ ထိုင်စားသောက်လုပ်ကိုင်လျှက်ရှိသည်။ ဗမာစကားပြောသည် မြန်မာ့ ယဉ်ကျေးမှု ဆင်ယင်ထုံးဖွဲ့မှု မြန်မာဓလေ့ ထုံးတမ်းဥပဒေများအတိုင်း လိုက်နာနေထိုင်လျှက်ရှိကြသည်။
လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀) ကျော့်ခန့်ကတည်းကပင် မြန်မာနိုင်ငံသို့ အစ္စလာမ်အယူအဆ အတွေးအခေါ် ရောက်ရှိပျံ့နှံ့လာပါသည်။ဘာသာအယူဝါဒကို အဓမ္မစည်းရုံးသိမ်းသွင်းခြင်းဖြင့် ပျံ့နှံ့လာသည်မဟုတ်ပါ။အချိန်ကာလရှည်လျှား ကြာမြင့်လာသည်နှင့်အမျှ လူတို့အချင်းချင်း ပေါင်းသင်းဆက်ဆံကြရမှာ ဘာသာရေးယုံကြည်ချက် မတူသူချင်း ထိမ်းမြားလက်ထက်ကြကာ ဘာသာပြောင်းကြမှုများလည်း ရှိလာသည်။နေထိုင်ရာဒေသအလိုက် ပတ်ဝန်းကျင် လူအဖွဲ့အစည်းနှင့် အဆင်ပြေစွာ လိုက်လျောညီထွေ နေထိုင်လာခဲ့ကြသည်။မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များသည် ကုန်းဘောင်မင်းဆက်တလျှောက် လုံးတွင် ဘုရင့် သစ္စာတော်ခံတပ်မှူးများ၊ သွေးသောက် စစ်သည်မျာ ဖြစ်ခဲ့ကြသည်။ဗိုလ်မှူး ဗိုလ်ကြီးများမှာ နယ်စား၊ ရွာစားများ ဖြစ်ကြသည်။ကျေးရွာသား ယောကျာင်္းများမှာ သျှောင်ဆံထုံး နှင့် ထိုးကွင်းမင်ကြောင်နှင့်ဖြစ်သည်။တောင်ရှည်ပုဆိုး၊ ရင်ဖုံးတိုက်ပုံ၊ ၀တ်ဆင်ကြသည်။ဆွေမျိုးစဉ်ဆက်၊ အဘ၊ အမေ၊ အဖိုး၊ အမေကြီး၊ ဘဒွေး၊ ဒွေးလေး၊ ဦးလေး၊ အရိးလေး၊ ကြီးတော်၊ အရီးကြီး စသည့် ဆွေမျိုးစပ် ဝေါဟာရ အသုံးအနှုံးများသည် ယနေ့တိုင်ပင် အညာကျေးလက်ဒေသ ဗမာအစ္စလာမ် ဗမာ ဗုဒ္ဓဘာသာရွာများတွင် ခေါ်ဝေါ် သုံးစွဲကြဆဲဖြစ်ပါသည်။
(၁၈၂၄-၂၅) ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီးနောက် အင်္ဂလိပ်တို့က ရခိုင်ပြည်နယ်နှင့် တနသာင်္ရီတိုင်း တို့ကို သိမ်းပိုက်ခဲ့သည်။မြန်မာနိုင်ငံ တစိတ်တပိုင်း လွတ်လပ်ရေး ဆုံးရှူံးသွားသည်။လွတ်လပ်ေ၇း ကြိုးပမ်းမှု ကာလာများတွင် ဗမာမွတ်စလင်စစ်သည်၊ မြင်းတပ်၊ မြင်းစီး စစ်သည်များက ဘုရင့်တပ်နှင့်အတူ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးစစ်ပွဲများတွင် ပါဝင်တိုက်ပွဲ ၀င်ခဲ့ကြသည်။
ထိုနည်းတူ လွတ်လပ်ေ၇းကြိုးပမ်းမှု ကာလတလျှေက်လုံးတွင်လည်း လူသားအချင်းချင်း အသိဥာဏ်၊ ဆင်ခြင်တုံတရား၊ စာနာထောက်ထားမှု၊ သနားကြင်နာမှု၊ မေတ္တာထားကြရမည့်ကာလ၊ ယဉ်ကျေးမှုတွေ စည်ပင်ဖွံ့ဖြိုးနေသည့် ကာလဖြစ်ပါသည်။အသိတရား၊ သတိတရားများကို နှလုံးသားမှာ သိုမှီး သိမ်းဆည်းကာ အမိနီုင်ငံတော်ကြီး ခေတ်မီမှီဖြိုး တိုးတတ်ရေးအတွက်(နိုင်ငံခြားမှ နယ်ချဲ့ရောက်၇ှိလာသော ဘာသာရေး အယူအဆ၊ အတွေးအခေါ်များကို ဘေးဖယ်ထားပြီး) ဥာဏ်ရည်၊ စွမ်းရည်၊စီမံခန့်ခွဲတတ်မှု၊ပည့်ဝထက်မြက်သောလူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ကြရမည်ကို မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ရေး အတွက် ပညာပေးလျှက်ရှိနေပါသည်။
မြန်မာပြည်သားဟူသော တိုးတတ်မြင့်မားသည့် အသိတရားဆန်းသစ်သည့် အတွေးအခေါ်အယူအဆများဖြင့်သာ ကမ္ဘာနှင့်ယှဉ်ဘောင် တန်းနိုင်ကြမည် ဖြစ်ပါသည်။ဘာသာစွဲ၊ လူမျိုးစွဲကင်းစွာဖြင့် တိုင်းပြည် တိုးတတ်ဖွံ့ဖြိုးရေးကိုစည်းလုံးညီညွတ်စွာ ဆောင်ရွက်နေထိုင် ရပ်တည်ကြရန် တိုက်တွန်းရေးသားအပ်ပါသည်။
No comments:
Post a Comment