ပါကစ္စတန်
နိုင်ငံ အနေဖြင့် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ်ပစ်
ပဲ့ထိန်းဒုံးကျည်အား ဧပြီလ ၉ ရက်နေ့က အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း
ပါကစ္စတန် စစ်ဘက်က ပြောကြားခဲ့ပါသည်။
အဆိုပါ ဒုံးကျည်သည် နျူကလီးယားနှင့်
သမားရိုးကျ ထိပ်ဖူးအား ကီလိုမီတာ ၉ဝဝ အကွာအဝေးထိ သယ်ဆောင်
နိုင်စွမ်းရှိကြောင်း စစ်ဘက် ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြခဲ့ပါသည်။
ပါကစ္စတန် နိုင်ငံသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် Hatf IV Shaheen-I
လက်နက်စနစ်အား ယနေ့တွင် အောင်မြင်စွာ ပစ်လွှတ်နိုင် ခဲ့ပြီးဖြစ်ကြောင်း
အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
၎င်းဒုံးကျည်အား စမ်းသပ် ပစ်ခတ်ရာတွင် မဟာဗျူဟာ စီမံကိန်းဌာနမှ ညွှန်ကြား
ရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Khalld Ahmed Kldwal ၊ အမျိုးသား
အင်ဂျင်နီယာနှင့် သိပ္ပံဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ Muhammad Irfan Burney နှင့်
အခြားစစ်ဘက် အဆင့်မြင့် အရာရှိများ၊ သိပံ္ပညာရှင်များနှင့် အင်ဂျင်နီယာများ
တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment