Thursday, April 11, 2013

(၄၈)လမ်းဗလီမှာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းရခြင်းဖြစ်ဟု ကော်မရှင်အစီရင်ခံစာထွက်။

ဧပြီလ(၁၁)ရက်နေ့ ၂၀၁၃ ခုနှစ်။
(၄၈)လမ်း ဗလီမီးလောင်မှုမှာ ရှို့မီးမဟုတ်ပဲ ဗလီဆရာနှစ်ဦး၏ ပေါ့ဆမှုကြောင့်ဆိုကာ ၄င်းတို့ကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု မီးလောင်မှုစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရ သိရသည်။
ဧပြီလ (၁၀) ရက်နေ့ ညနေ (၅း၀၀) နာရီတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့် ဆွေနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ကောလာဟာလများထွက်ပေါ်သကဲ့သို့ ရေကျော်ဗလီ မီးလောင်မှုသည် ရှို့မီးမဟုတ်ဘဲ ဗလီဆရာနှစ်ဦး၏ အားနည်းချက်ကြောင့်ဖြစ်သည့်အတွက် ၄င်းတို့ကို ဥပဒေနှင့်အညီ အရေးယူ သွားမည်ဟု ပြောကြားထားသည်။
ဗလီဆရာနှစ်ဦးသည် မဟုတ်မမှန်သတင်းများပြောဆိုခဲ့ခြင်းကြောင့် ပြင်ပတွင် ကောလာဟလများ ထွက်ပေါ် ခဲ့ရပြီး လူမျိုးဘာသာအချင်းချင်း ယုံမှားသံသယဝင်မှုများဖြစ်ပေါ်လာခဲ့ရကြောင်းကိုလည်း ဆက်ပြောခဲ့သည်။
မီးလောင်မှုကြောင့် ပျက်ဆီးသွားသည့် (၄၈)လမ်း ဗလီကိုလည်း ပြန်လည်ပြင်ဆင်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ဗလီအပါအဝင်သာသနာပိုင်အဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက သာသနာရေးဦးစီးဌာန ၏ ထောက်ခံချက်ရယူရန် လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်အသီးသီးကို တင်ပြရ မည်ဖြစ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိလျင် ဆောက်လုပ်ခွင့်နှင့် ပြုပြင်ခွင့်မရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေမှူး ဦးခင်မောင်သိန်းက ပြောကြားခဲ့သည်။
မီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ(၂) ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁/၂-၃(၆) စီမံဖြင့် ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ပြီး အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးပါဝင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဧပြီလ(၂)ရက်နေ့တွင် စတင်တာဝန်ပေးအပ်ခဲ့ပြီး (၁၀)ရက်နေ့တွင် အစီရင်ခံ စာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
(၄၈)လမ်း ဗလီမီးလောင်ကျွမ်းမှုမှာ မီးအားမြှင့်စက်(အင်ဗာတာ)အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး အာရ်ဗီကျောင်းသား(၁၃)ဦး သေဆုံးခဲ့ရသည်။
ထွန်းနေအောင် (မြစ်မခ) / မြန်မာခရိုနီကယ်

No comments:

Post a Comment