Tuesday, April 16, 2013

အစိုးရတပ် တပ်ရင်း ၃ ရင်းပေါင်းပြီး ကွတ်ခိုင် လွယ်စရမ်းရွာသား ၅ ဦးကို ရိုက်နှက်ဖမ်းဆီးထား

ဧပြီ ၁၅၊ ၂ဝ၁၃

ယနေ့ ဧပြီလ ၁၅ ရက် နံက်(၁၀)နာရီတွင် အစိုးရ တပ်မှ ခလရ ၁၂၃၊ ခလရ ၂၉၀ နှင့် ခမရ ၅၀၁ တို့ ပူးပေါင်း တပ်ရင်းသည် ကွတ်ခိုင်မြို့နယ် နမ့်ဖကာ 
ကျေး ရွာအုပ်စု လွယ်စရမ်းရွာတွင် ၀င်ရောက် လာပြီး TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့်ဆပ်စပ်သည်ဟု ယူဆသည့် အိမ်များကို ၀င်ရောက် စစ်ဆေးကာ အိမ်ရှင်များနှင့် ရွာသူကြီးကိုလည်း ဖမ်းဆီးထားပါ သည်။

'' အခုဒီည ၁၀ နာရီလောက်အထိ အဲဒီ (၅)ဦးကို ကြိုးတုတ်ဖမ်းဆီးထားပြီး မေးမြန်းနေဆဲပဲ ၊ တနေ့ကုန်လုံးကို သူတို့ တွေကို ရိုက်နှက်ထုထောင်းထားပြီးပြီဗျာ၊ ခုထိလည်း မလွတ်သေးဖူး''ဟု လွယ်စရမ်းရွာသားတစ်ဦးမှ ပြောဆိုသည်။

အစိုးရတပ်ရင်းများသည် ၂၀၁၂ ခု အောက်တိုဘာ ၁၉ ရက်ဝန်းကျင်တွင်လည်း နမ့်ဆန်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးရိုက်နှက် အချုပ်ချထားဖူးသည်။ TNLA နှင့် ဆက်စပ်သည်ဟု သံသယ ရှိသည့် ရွာသားများကို ယခုကဲမကြာခဏ ရိုက်နှက်ဖမ်းဆီး အရေး ယူလေ့ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF

No comments:

Post a Comment