Wednesday, March 6, 2013

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာအရှော့ စစ်တွေ၌ ရှင်းလင်းပွဲပြုလုပ်

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာအရှော့ စစ်တွေ၌ ရှင်းလင်းပွဲပြုလုပ်
Tuesday, March 5, 2013

နှစ်ရက်တာခရီးစဉ်အဖြစ် စစ်တွေမြို့သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ
မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အရှော့ ဦးဆောင်သည့် အဖွဲ့မှာ ယမန့်နေ့ နံနက်ပိုင်းတွင် စစ်တွေဟိုတယ်၌ သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

စစ်တွေမြို့ခံသတင်းထောက်များသာ တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ၏ ရခိုင်အရေး နှင့်ပတ်သက်၍ ကိုင်တွယ်ပုံများ၊ ဒုက္ခသည် ကိစ္စရပ်များကို တက်ရောက်လာသည့် သတင်းထောက် များက မေးမြန်းခဲ့ကြသည်။ 

“ ဒီဒုက္ခသည် တွေကို တတိယနိုင်ငံသို့ပို့မယ် မပို့ဆိုတာကလောလောဆယ် ဆုံးဖြတ်လို့မရသေးပါဘူး ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်ဆောင်
ရွက်လိုက်တဲ့ ဖြစ်လာတဲ့ အခြေအနေကို အစိုးရအနေနဲ တဆင့်ပြီး တစ်ဆင့် ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်၊ အဲဒီအချိန်မှာ အစိုးရ အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး
ညှိနိုင်းတိုင်ပင်မယ်၊ အဲဒီ အခြေအနေကိုမူတည်ပြီးမှဘဲ ပြောလို့ရမှာ ဖြစ်ပါ
တယ်”ဟုဌာနေကိုယ်စားလှယ် မစ္စတာ အရှော့ကသတင်းထောက်
များအားပြောသည်။ 

သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ဆက်လက် ဖြေရာတွင်ရာတွင် ’’ တစ်ဖက်ကလဲ ရိုဟင်ဂျာလို့ပြောတယ်၊ တစ်ဖက်ကလည်း ဘင်္ဂလီ
လို့ပြောတယ်၊ တစ်ဖက်ကလည်း မူဆလင်လို့ပြောတယ်။ အဲလိုမျိုး
အသုံးနှုန်းတွေကတော့ အများကြီးရှိနေမှာပေါ့ ဆိုတဲ့အခါကျတော့ နိုင်ငံ
တကာ အသိုင်းအဝိုင်းကတော့ နိုင်ငံတကာမှာရေးထားတဲ့ စာရွက်
စာတမ်းတွေက ရိုဟင်ဂျာလို့ သုံးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနိုင်ငံအတွင်းမှာတော့ ရိုဟင်ဂျာရှိလား မရှိလားဆိုတာ ဖြေရှင်းရမှာဖြစ်ပါ
တယ်၊ ဒီမိုကရေစီစနစ်ကိုသွားနေ တယ် ဆိုတဲ့အခါကျတော့ဒီမှာရှိတဲ့ အခြေနေအတိုင်း ရှိမရှိဆိုတာ ခင်ဗျားတို့မှာ တာဝန်ရှိပါတယ်၊ နိုင်ငံတကာမှာ
ရိုဟင်ဂျာဆိုတာ သုံးတယ် ၊ မြန်မာမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးဆိုတာကို
နိုင်ငံတာအသိုင်းအဝိုင်း နဲ့ ခိုင်ခိုင်မာမာနဲ့ သွားရောက်ဆွေးနွေးပြီးတော့
ဆွေးနွေးရရမှာဖြစ်ပါတယ်၊ ကျနော်တို့် ကုလသမဂ္ဂအနေနဲ့ ဘယ်ဟာကို
သုံးပါ ဘယ်ဟာကို မသုံးဘူးဆိုတာ ဖြေရှင်းရမယ့် အပိုင်းမဟုတ်ပါဘူး” မစ္စတာ အရှော့ က ရှင်းပြခဲ့သည်။ 

ရခိုင်ပြည်နယ်တွင်ရှိသည့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများသည့်
ဒေသတွင်း အခြေစိုက် မီဒီယာများနှင့် ဆက်သွယ်မှုမရှိသည့်အတွက်
ဝေဖန်မှုများထွက်လာပြီးနောက် ပိုင်းတွင် ယခုလို သတင်းထောက်
များနှင့်တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

“ အရင်ကတော့ ရခိုင်မှာရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဒေသတွင်း
မီဒီယာတွေနဲ့တွေ့ဖို့နေနေသာသာ သတင်းယူလို့တောင် မရဘူး၊ အရေးခင်းဖြစ်လာတဲ့နောက်ပိုင်းပွင့်လင့်မြင်သာမှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အတွက် ဒေသတွင်းမီဒီယာတွေကို အာရုံစိုက်လာတာဖြစ်
တယ်”ဟု စစ်တွေအခြေစိုက် ပြည်တွင်း သတင်းထောက်တစ်ဦးကပြော
သည်။ 

မစ္စတာ အချောဦးဆောင်သည့် အဖွဲ့မှာ မတ်လ ၃ရက်နေ့က စစ်တွေမြို့သို့ေ ရာက်ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်ကူညီရေး
အတွက် အဓိကထား ဆွေးနွေးခဲ့ကြသည်။

Myit Makha Mediagroup

Tuesday, March 5, 2013

နှစ်ရက်တာခရီးစဉ်အဖြစ် စစ်တွေမြို့သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အရှော့ ဦးဆောင်သည့် အဖွဲ့မှာ ယမန့်နေ့ နံနက်ပိုင်းတွင် စစ်တွေဟိုတယ်၌ သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

စစ်တွေမြို့ခံသတင်းထောက်များသာ တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ၏ ရခိုင်အရေး နှင့်ပတ်သက်၍ ကိုင်တွယ်ပုံများ၊ ဒုက္ခသည် ကိစ္စရပ်များကို တက်ရောက်လာသည့် သတင်းထောက် များက မေးမြန်းခဲ့ကြသည်။

“ ဒီဒုက္ခသည် တွေကို တတိယနိုင်ငံသို့ပို့မယ် မပို့ဆိုတာကလောလောဆယ် ဆုံးဖြတ်လို့မရသေးပါဘူး ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လိုက်တဲ့ ဖြစ်လာတဲ့ အခြေအနေကို အစိုးရအနေနဲ တဆင့်ပြီး တစ်ဆင့် ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်၊ အဲဒီအချိန်မှာ အစိုးရ အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနိုင်းတိုင်ပင်မယ်၊ အဲဒီ အခြေအနေကိုမူတည်ပြီးမှ ဘဲ ပြောလို့ရမှာ ဖြစ်ပါတယ်”ဟုဌာနေကိုယ်စားလှယ် မစ္စတာ အရှော့ကသတင်းထောက်များ အားပြောသည်။

သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ဆက်လက် ဖြေရာတွင်ရာတွင် ’’ တစ်ဖက်ကလဲ ရိုဟင်ဂျာလို့ပြောတယ်၊ တစ်ဖက်ကလည်း ဘင်္ဂလီလို့ပြောတယ်၊ တစ်ဖက်ကလည်း မူဆလင်လို့ပြောတယ်။ အဲလိုမျိုးအသုံးနှုန်းတွေကတော့ အများကြီးရှိနေမှာပေါ့ ဆိုတဲ့အခါကျတော့ နိုင်ငံတကာ အသိုင်းအဝိုင်း ကတော့ နိုင်ငံတကာမှာရေးထားတဲ့ စာရွက်စာတမ်းတွေက ရိုဟင်ဂျာလို့ သုံးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနိုင်ငံအတွင်းမှာတော့ ရိုဟင်ဂျာရှိလား မရှိလားဆိုတာ ဖြေရှင်းရမှာဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ကိုသွားနေ တယ် ဆိုတဲ့အခါကျတော့ဒီမှာရှိတဲ့ အခြေနေအတိုင်း ရှိမရှိဆိုတာ ခင်ဗျားတို့မှာ တာဝန်ရှိပါ တယ်၊ နိုင်ငံတကာမှာရိုဟင်ဂျာဆိုတာ သုံးတယ် ၊ မြန်မာမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးဆိုတာ ကိုနိုင်ငံတာအသိုင်းအဝိုင်း နဲ့ ခိုင်ခိုင်မာမာနဲ့ သွားရောက်ဆွေးနွေးပြီးတော့ဆွေးနွေးရရမှာဖြစ်ပါတယ်၊ ကျနော်တို့် ကုလသမဂ္ဂအနေနဲ့ ဘယ်ဟာကိုသုံးပါ ဘယ်ဟာကို မသုံးဘူးဆိုတာ ဖြေရှင်းရမယ့် အပိုင်းမဟုတ်ပါဘူး” မစ္စတာ အရှော့ က ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ်တွင်ရှိသည့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများသည့်ဒေသတွင်း အခြေစိုက် မီဒီယာများနှင့် ဆက်သွယ်မှုမရှိသည့်အတွက်ဝေဖန်မှုများထွက်လာပြီးနောက် ပိုင်းတွင် ယခုလို သတင်းထောက်များနှင့်တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ အရင်ကတော့ ရခိုင်မှာရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဒေသတွင်း မီဒီယာတွေ နဲ့တွေ့ဖို့ နေနေ သာသာ သတင်းယူလို့တောင် မရဘူး၊ အရေးခင်းဖြစ်လာတဲ့နောက်ပိုင်းပွင့်လင့်မြင်သာမှုမရှိဘူး ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အတွက် ဒေသတွင်းမီဒီယာတွေကို အာရုံစိုက်လာတာဖြစ်တယ်”ဟု စစ်တွေအခြေစိုက် ပြည်တွင်း သတင်းထောက်တစ်ဦးကပြောသည်။

မစ္စတာ အချောဦးဆောင်သည့် အဖွဲ့မှာ မတ်လ ၃ရက်နေ့က စစ်တွေမြို့သို့ေ ရာက်ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်ကူညီရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြသည်။

Myit Makha Mediagroup

No comments:

Post a Comment