Friday, February 1, 2013

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေးဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

နေပြည်တော်၊ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူသဖြင့် အတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသည်။

ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီး ခန့်အပ်ရန် ကာယကံရှင်၏ ဆန္ဒ သဘောထားကို အရင်ဆုံး မေးမြန်းပြီးမှ ဆုံးဖြတ် သင့်ကြောင်း ပန်းတနော် မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး မန်းမောင်မောင်ဉာဏ်က လွှတ်တော်ကို အကြံပြုသော်လည်း ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်က ခန့်အပ်ခြင်း မခန့်အပ်ခြင်းမှာ နိုင်ငံတော် သမ္မတနှင့် ဆိုင်ပြီး မိမိတို့ တာဝန်မှာ သဘောတူခြင်း မတူခြင်း ဆုံးဖြတ်ပေးရန် သာ ဖြစ်ကြောင်း ပြန်လည် ပြောကြား သည်။

နိုင်ငံတော် သမ္မတက ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

No comments:

Post a Comment