Sunday, March 10, 2013

အင်ဒိုနီးရှား၌လှေစီးဒုက္ခသည် ၁၂၁ ဦးကိုကယ်တင်ခဲ့

အင်ဒိုနီးရှား၌လှေစီးဒုက္ခသည် ၁၂၁ ဦးကိုကယ်တင်ခဲ့

RB News 
27.2.2013

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၊ ဆုမာတြာကျွန်းရှိ ကော်တရူအန်ရွာ၏ ၁၅ မိုင်အကွာခန့်တွင်မျောနေ စက်လှေတစ်စီးမှ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၂၁ ဦးကိုယမန်နေ့က ငါးဖမ်းသမားများကကယ်တင် လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင်ရေးသားဖော်ပြထားပါသည်။ 

သစ်သားဖြင့်ပြုလုပ်ထားသောစက်လှေပေါ်တွင် အမျိုးသမီးခြောက်ဦး၊ ကလေးနှစ်ဦးအပါအ၀င် ၁၂၁ ဦးပါဝင်ပြီး ၎င်းတို့သည်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်မှုများကြောင့်နေရပ်စွန့်ခွာ၍ ထိုင်း နိုင်ငံသို့ထွက်ခွာလာခဲ့သူများဖြစ်သည်။ ခရီးလမ်းတွင်ဓါတ်ဆီကုန်သွား၍ စက်လှေမှာမျောနေခဲ့ခြင်းဖြစ် ကြောင်း ကော်တရူအန်ရွာမှ ရွာအုပ်ချုပ်ရေးမှူးမှအေအက်ဖ်သတင်းဌာနသို့ပြောကြားခဲ့သည်။

အဆိုပါရွာအုပ်ချုပ်ရေးမှူး၏ပြောကြားချက်အရ ကယ်တင်လိုက်သောရိုဟင်ဂျာဒုက္ခသည်များ၏အခြေ အနေမှာအလွန်မောပန်းနေခဲ့ပြီး၊ အစာရေစာများကျွေးမွေးပြီးနောက်ကောင်းမွန်လာခဲ့ကြောင်းသိရပါ သည်။ 

ဒုက္ခသည်များအားလုံးကို လုပ်ဆူမွှေမြို့ရှိလူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းသို့ပို့ဆောင် လိုက်သည်ဟုရေးသားဖော်ပြထားပါသည်။

RB News
27.2.2013

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၊ ဆုမာတြာကျွန်းရှိ ကော်တရူအန်ရွာ၏ ၁၅ မိုင်အကွာခန့်တွင်မျောနေ စက်လှေတစ်စီးမှ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၂၁ ဦးကိုယမန်နေ့က ငါးဖမ်းသမားများကကယ်တင် လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင်ရေးသားဖော်ပြထားပါသည်။

သစ်သားဖြင့်ပြုလုပ်ထားသောစက်လှေပေါ်တွင် အမျိုးသမီးခြောက်ဦး၊ ကလေးနှစ်ဦးအပါအ၀င် ၁၂၁ ဦးပါဝင်ပြီး ၎င်းတို့သည်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်မှုများကြောင့်နေရပ်စွန့်ခွာ၍ ထိုင်း နိုင်ငံ သို့ထွက်ခွာလာခဲ့သူများဖြစ်သည်။ ခရီးလမ်းတွင်ဓါတ်ဆီကုန်သွား၍ စက်လှေမှာမျောနေခဲ့ခြင်း   ဖြစ် ကြောင်း ကော်တရူအန်ရွာမှ ရွာအုပ်ချုပ်ရေးမှူးမှအေအက်ဖ်သတင်းဌာနသို့ပြောကြားခဲ့သည်။

အဆိုပါရွာအုပ်ချုပ်ရေးမှူး၏ပြောကြားချက်အရ ကယ်တင်လိုက်သောရိုဟင်ဂျာဒုက္ခသည်များ၏အခြေ အနေမှာအလွန်မောပန်းနေခဲ့ပြီး၊ အစာရေစာများကျွေးမွေးပြီးနောက်ကောင်းမွန်လာခဲ့ကြောင်းသိရပါ သည်။

ဒုက္ခသည်များအားလုံးကို လုပ်ဆူမွှေမြို့ရှိလူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းသို့ပို့ဆောင် လိုက်သည်ဟုရေးသားဖော်ပြထားပါသည်

No comments:

Post a Comment