Sunday, March 10, 2013

ငွေကြေးတတ်နိုင်သူများထံမှငွေညှစ်၍မတတ်နိုင်သူများအားဖမ်းဆီးထား


ဌေးဇော် 
RB News 
6.3.2013 
ဘူးသီးတောင် ။ ။ ဘူးသီးတောင်မြို့နယ်ရှိ နစကစ ခန်းအမှတ် (၂၁) နှင့် အမြောက် တပ်ရင်းတို့မှ အပြစ် မဲ့ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်လျက်ရှိပြီး၊ ငွေကြေးတတ်  နိုင်သူများကို ပြန်လည်လွှတ်ပေးသော် လည်း ငွေကြေး  မတတ်နိုင်သူများကို ဆက်လက် ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း သိရှိရပါ သည်။ 
မတ်လ (၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အခြေစိုက် နစက စခန်းအမှတ် (၂၁) မှ စခန်းမှူး ဗိုလ် ကြီး ဇင်မောင်မောင်နှင့် စစ်ဦးစီးတို့သည် ကျောက်ရန်ကျေးရွာအုပ်စု၊ တိပ်တိုးပေါက်ရွာမှ ဦးအဘူဆီဒိက်၊ ဦးမာမတ်ဇူဘိုင်ရ်နှင့် ဦးအာမာနူလ္လာတို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးအာမာနူလ္လာထံ မှငွေကျပ်နှစ်သိန်းယူ၍ ပြန်လည်လွှတ်ပေး လိုက်သော် လည်း ကျန်ရှိ သည့်နှစ်ဦးမှာ ငွေကြေး မတတ်နိုင်သောကြောင့် ဆက်လက်ဖမ်းဆီး ထားပြီး ညှင်းပန်းနှိပ် စက် လျက် ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့ နှစ်ဦးအား ယနေ့အချိန်ထိ မိသားစုများနှင့် တွေ့ဆုံခွင့် လည်း ပိတ်ပင်ထားသည်။ 
မတ်လ (၁) ရက်နေ့ည ၁၀ နာရီခန့်တွင် အမြောက်တပ်ရင်း ၃၇၈ မှတပ်ရင်းမှူး၏ ကိုယ်ရံတော် တစ် ဦး ဖြစ်သည့် တပ်ကြပ်ကြီး မြင့်အေးသည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက် ပုဇွန်ချောင်းကျေးရွာနှင့် တပ် မင်းချောင်းကျေးရွာ တို့မှ ဦးအဒူနော်ဘီ၏ ဇနီးဖြစ်သူ ဒေါ်ဆော်မူဒါခါတူနှင့် ဦးအဒူရဟင်းတို့အား ဖမ်းဆီး သွားပြီး လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည်။ ထို့အပြင် ဖမ်းဆီးသွားသူနှစ်ဦးအား အတင်းအဓမ္မ အရက် တိုက်ခဲ့ကြောင်း သိရှိရပါသည်။ တပ်ကြပ်ကြီးမြင့်အေးမှ ငွေမရမချင်း ညှင်းပန်းနှိပ်စက်ခဲ့ပြီး ယမန်နေ့ က ငွေကျပ် ၄ သိန်းယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။

No comments:

Post a Comment