Friday, January 25, 2013

ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ဧပြီလမှစ၍ ရပ်ဆိုင်းမည်


ရန်ကုန် ၊ ၂၄-၁-၂၀၁၃
http://myawady-myawady.blogspot.com/2013/01/blog-post_9964.html

ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ကန်ထရိုက် စနစ်ဖြင့် အငှားချ ထားသော ယာဉ်ရပ်စခန်း Car Parking ငွေကြေး ကောက်ခံခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် ၊ ဧပြီလမှ စ၍ ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော် ခန်းမ၌ ပြုလုပ်သည့် ရန်ကုန် မြို့တော် အများပြည်သူများ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့၏ စာနယ်ဇင်း ဆိုင်ရာ ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လသာ ၊ လမ်းမတော် ၊ ပန်းဘဲတန်း ၊ ကျောက်တံတား ၊ ဗိုလ်တထောင် နှင့် ပုဇွန်တောင် စသည့် မြို့တွင်း ၆ မြို့နယ်ရှိ အခကြေးငွေဖြင့် ကောက်ခံသော ယာဉ်ရပ်စခန်း များသည် ရန်ကုန်မြို့တော် ယာဉ်သွားလာမှုအား နှောင့်နှေး ကြန့်ကြာမှု များရှိသည်ကို လေ့လာ တွေ့ရှိရသည့် အတွက် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် သွတ်လက် လျင်မြန်စွာ ပို့ဆောင် နိုင်ရေး နှင့် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်း သက်သာစေရန် အတွက် အဆိုပါ ကန်ထရိုက် စနစ်ဖြင့် အငှားချ ထားသော " ကားပါကင် " လုပ်ငန်းအား ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ရပ်စခန်းမျာ နှင့်အတူ အများပြည်သူ အသုံးပြုသော လူသွားစင်္ကြီ ၊ လူသွားလမ်း များ၌ ဈေးဗန်းခင်း ရောင်းချ လျက်ရှိသော လမ်းဘေး ဈေးသည် များကိုလည်း လမ်းအသုံးပြု သူများအတွက် အနှောင့်အယှက် အဟုန့်အတား မဖြစ်စေရန် လမ်းဘေး ဈေးရောင်းချမှု များကိုပါ ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က စနစ်တကျ ဖြင့် လမ်းဥပဒေ များ နှင့်အညီ ဆောင်ရွက် သွာမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment