မြန်မာ့ဆန်စက် လယ်ယာထွက်ကုန် တန်ဖိုးမြင့် စက်ကိရိယာ ပြပွဲ ကျင်းပမည်
ရန်ကုန် ၊ ၂၉-၁-၂၀၁၃
http://myawady-myawady.blogspot.com/2013/01/blog-post_6370.html
နိုင်ငံ ၆ နိုင်ငံမှ နောက်ဆုံးပေါ် စိုက်ပျိုးရေး နည်းပညာ နှင့် လယ်ယာသုံး
စက်ပစ္စည်းများ ပြသရောင်းချ သွားမည် ဖြစ်သည့် မြန်မာ့ ဆန်စက် နှင့် လယ်ယာ
ထွက်ကုန် တန်ဖိုးမြင့် စက်ကိရိယာ ပြပွဲကို ၂၀၁၃ ခုနှစ် မတ်လ ၂ ရက်မှ ၅
ရက်အထိ Myanmar Converntion Center ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း
မြန် မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း
သိရသည်။
ယင်းပြပွဲ ပြသရန် Row A , Row B နှင့် Outdoor ဟူ၍
ဈေးနှုန်း ခွဲခြား ထားကြောင်း ၊ Row A ကို အမေရိကန် ဒေါ်လာ ၁၂၀၀ ၊ Row B ကို
အမေရိကန် ဒေါ်လာ ၅၀၀ နှင့် Outdoor ကို အမေရိကန် ဒေါ်လာ ၁၂၀၀ သတ်မှတ်
ထားကြောင်း ၊ ပါဝင် ပြသမည့် ကုမ္ပဏီ များသည် ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၇
ရက် နောက်ဆုံး စာရင်း ပေးသွင်းပြီး တစ်ပါတည်း ငွေချေရမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ပြပွဲတွင် အိန္ဒိယ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊
တရုတ် ၊ မလေးရှား ၊ ထိုင်း နှင့် အစ္စရေး နိုင်ငံ များက ၄င်းတို့၏
နောက်ဆုံးပေါ် စက်ပစ္စည်း များကို ပါဝင် ပြသ သွားမည် ဖြစ်ပြီး ပြပွဲကို
အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေး နှင့် စားသောက်ကုန် လုပ်ငန်းများမှ
ကိုယ်စားလှယ် အများအပြား သည်လည်း တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment