Sunday, January 27, 2013

နိုင်ငံတော် အစိုးရက ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည်

နိုင်ငံတော် အစိုးရက ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည်
============================================
ယနေ့ ၂၆-၁-၂၀၁၃ မြန်မာ့အလင်း သတင်းစာ နောက်ကျောတွင် စိတ်ဝင်စားစရာ ခေါင်းစဉ်အဖြစ် နိုင်ငံတော် အစိုးရက ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည် ဟူသော အမျိုးသားလွှတ်တော် အစည်းအဝေး သတင်းအား ဖော်ပြပါရှိပါသည်။ 

အဆိုပါသတင်းတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မှ ဦးခက်ထိန်နန် တင်သွင်းထားသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ထာဝရ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိမည့် ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရေး အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦးမှ ဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းစေလိုသည့် စေတနာများဖြင့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးကြပြီး နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သိမ်းမှ ပြန်လည်ရှင်းလင်းဆွေးနွေး ရာတွင် အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊အဆိုပါ ဆွေးနွေးချက်အားလုံး သည် နိုင်ငံတော်၏ မူဝါဒနှင့် တစ်ထပ်တည်း ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း၊ မည်သို့ဆိုစေကာမူ နိုင်ငံတော် အစိုးရမှ ယုံကြည်မှုအပြည့်အ၀ဖြင့် KIA ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ ၂၆-၁-၂၀၁၃ မြန်မာ့အလင်း သတင်းစာ နောက်ကျောတွင် စိတ်ဝင်စားစရာ ခေါင်းစဉ် အဖြစ် နိုင်ငံတော် အစိုးရက ကေအိုင်အေ၏ တောင်းဆိုချက် အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည် ဟူသော အမျိုးသားလွှတ်တော် အစည်းအဝေး သတင်း အား ဖော်ပြ ပါရှိပါသည်။

အဆိုပါသတင်းတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မှ ဦးခက်ထိန်နန် တင်သွင်းထားသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ထာဝရ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိမည့် ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရေး အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦးမှ ဆွေးနွေး ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းစေလိုသည့် စေတနာများဖြင့် လွှတ်တော် ကိုယ်စားလှယ် များ ဆွေးနွေးကြပြီး နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သိမ်းမှ ပြန်လည် ရှင်းလင်းဆွေးနွေး ရာတွင် အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊အဆိုပါ ဆွေးနွေးချက်အားလုံး သည် နိုင်ငံတော်၏ မူဝါဒနှင့် တစ်ထပ်တည်း ဖြစ်ကြောင်း၊ ကိုယ်စားလှယ် များကို ကျေးဇူးတင်ကြောင်း၊ မည်သို့ဆိုစေကာမူ နိုင်ငံတော် အစိုးရမှ ယုံကြည်မှုအပြည့်အ၀ဖြင့် KIA ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေးဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment