Saturday, January 12, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ

ကြေးစေတမန်တဦး၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile Phone များအား ဈေးနှုန်းများချပြီး ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း ၀န်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ဖုန်းပျောက်အပျက်များအား ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့် အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန်လာခြင်း မရှိးသေးသလို လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed  တို့အား ယခင်Bandwidth 2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ ၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ် Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။

ယခုကဲသိုInternet Speed များ လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက ၄င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေးဆွဲနေပြီး ပြည်သူတို့ထံမှ ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ဆက်သွယ်ရေး မှ ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊ ဘယ်တော့များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။

ုမြစ်မခ

ကြေးစေတမန်တဦး၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile Phone များအား ဈေးနှုန်းများချပြီး ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း ၀န်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ ဖုန်းပျောက်အပျက်များအား ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့် အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင် ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန် လာခြင်း မရှိးသေးသလို လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed တို့အား ယခင်Bandwidth 2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ ၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ် Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။

ယခုကဲသိုInternet Speed များ လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက ၄င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေး ဆွဲနေပြီး ပြည်သူတို့ထံမှ ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ ဆက်သွယ်ရေး မှ ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊ ဘယ်တော့ များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။

No comments:

Post a Comment