Sunday, December 2, 2012

ကားဖြတ်သတင်း - ရိုဟင်ဂျာ (၅) ဦးကိုသေနတ်ဖြင့်ပစ်ခတ်၊ ဒဏ်ရာပြင်းထန်



ဒဏ်ရာရရှိသွားသူတစ်ဦး (ဓါတ်ပုံ - Rohingya News Team, Sittwe)

ဒီဇင်ဘာ (၁)၊ စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်းဒုက္ခသည်စခန်းသို့ရောက်ရှိနေသော ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည် (၅) ဦးအား နယ်မြေခံရဲများကပစ်ခတ်ခဲ့သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ သွားကြောင်းသတင်းရရှိပါသည်။

အခင်းဖြစ်ပွားပုံမှာ - ယနေ့ (ဒီဇင်ဘာ (၁)) ရက်နေ့ညနေ ၄ နာရီ မိနစ် (၂၀) ခန့်တွင် နယ်မြေခံရဲ များရောက်ရှိလာပြီး၊ သဲချောင်းတွင်နေထိုင် လျက် ရှိသော ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များ အား ဝေး လံခေါင် ဖျား၍ ခရီးလမ်းကြမ်းတမ်းသော ဆေးသမားကျေးရွာသို့ အတင်း အဓမ္မပြောင်းရွှေ့ ခိုင်းသည်။ ရိုဟင်ဂျာဒုက္ခသည်များမှထိုသို့ဝေးလံခေါင်ဖျား၍ခရီးလမ်းကြမ်းတမ်းသောနေရာသို့မ ပြောင်းရွှေ့
 နိုင်ကြောင်း ငြင်း ဆိုသောကြာင့် ထိုနေရာတွင်ပင် ရဲများကပစ်ခတ်ရာ ရိုဟင်ဂျာမွတ်စ လင် (၅) ဦးဒဏ် ရာရရှိ သွားသည်။
(၄) ဦး၏ဒဏ်ရာမှာမပြင်းထန်သော်လည်း (၁) ဦး၏ဒဏ်ရာမှာအလွန်ပြင်းထန်ကြောင်းသိရသည်။ ဒဏ် ရာပြင်း ထန်သူတစ်ဦးကို စစ်တွေမြို့ ပြည်နယ်ဆေးရုံကြီးသို့ခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။
ဒဏ်ရာရရှိသွားသူ (၄) ဦးမှာ -
(၁) ဇီယာဘုလ်ဟောခ် (ဘ) ဦးဟာမိတ်ဟူဆောင် (အသက် ၂၅ နှစ်) - နေရပ် - နာဇီ အကွက် (၁)
(၂) မော်နူရာဘေဂေါမ် (ဘ) ဦးမိုဟာမတ်ရဖိခ် (အသက် ၂၃ နှစ်) - နေရပ် - နာဇီ အကွက် (၃)
(၃) စလင်း (ဘ) ဦးဘိုဒီရာမန် (အသက် ၂၂ နှစ်) - နေရပ် - နာဇီ အကွက် (၄)
(၄) အနူဝါဘေဂေါမ် (ဘ) ဦးအဟမတ်ဟူဆောင် (အသက် ၂၀ နှစ်) - နေရပ် - နာဇီ အကွက် (၁၁)
ပြင်းထန်စွာဒဏ်ရာရရှိ၍ စစ်တွေဆေးရုံကြီးသို့ပို့လိုက်ရသူမှာ -
ရှော်ဖီရာမန် (ဘ) ဦးဟာလာမီယာ (အသက် ၂၈ နှစ်) - နေရပ် - နာဇီ အကွက် (၃) ဖြစ်သည်။
ရိုဟင်ဂျာမွတ်စလင်များအနေဖြင့် ယခုသဲချောင်းကျေးရွာတွင် ဒုက္ခပေါင်းစုံရောက်နေရာ ဆေးသမားကျေး ရွာသည် ပိုမို၍ဒုက္ခရောက်နိုင်မည့်နေရာတွင်တည်ရှိသောကြောင့် ပြောင်းရွှေ့ရန်ငြင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံများကိုဤနေရာတွင်ကြည့်ရှူနိုင်ပါသည်။ https://www.facebook.com/media/set/?set=a.332520866856013.80506.110572132384222&type=1
စစ်တွေမြို့ရှိ Rohingya News Team မှသတင်းပေးပို့သည်။

No comments:

Post a Comment