Friday, October 19, 2012

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပီပြင်စွာမဆောင်ရွက်နိုင်ခြင်းအား စုံစမ်းစစ်ဆေးရေး ကော်မရှင်လေ့လာ …

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပီပြင်စွာမဆောင်ရွက်နိုင်ခြင်းအား
စုံစမ်းစစ်ဆေးရေး ကော်မရှင်လေ့လာစစ်တွေ၊ အောက်တိုဘာ ၁၀။ ။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုများ အချိန် ၄ လကျော်ကြာသည်အထိ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပီပြင်စွာ မဆောင်ရွက်နိုင်ရခြင်းအကြောင်းရင်းကိုလေ့လာရန် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တာဝန်ရှိသူများ အောက်တိုဘာ ၁၀ ရက်တွင်စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြကြောင်းကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်သန်းက ပြောကြားသည်။ယခုခရီးစဉ်သည် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ၂ ကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။ စုံစမ်းစစ်ရေးကော်မရှင်၏ ပုံမှန် လုပ် ငန်းစဉ်များအပြင်ယခုတစ်ခေါက်လာရောက်ရခြင်းအကြောင်းအရင်းနှင့် ပတ်သက်၍  ဦးတင်မောင်သန်းက‘‘ ရခိုင်ပြည် နယ်က တာဝန်ရှိပုဂ္ဂိုလ်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကို ဘာကြောင့်ပီပီပြင်ပြင် ထိထိရောက်ရောက် နဲ့ မဆောင်ရွက်နိုင်တာလဲဆိုတာကို စုံစမ်းဖို့အဓိကလာတာပါ’’ ဟုဆိုသည်။
စုံစမ်းရေးကာလတို၁ပတ် ကျော်ကြာအချိန်ယူမည်ဖြစ်ပြီးကော်မရှင်အခြေစိုက်ရုံးဖွင့်လှစ်နိုင်ရန်လည်း စီးစဉ်ဆောင် ရွက် သွားမည် ဟုသိရသည်။ အခြေအနေအရပ်ရပ်ကြောင့်ဒုတိယအကြိမ် စုံစမ်းရေးကာလမှာ ၂ ပတ်မှ ၃ ပတ်ထိ လည်း ကြာ   နိုင်ကြောင်း ကော်မရှင်အဖွဲ့ဝင်တို့က ဆိုကြသည်။ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိမှသာ စုံစမ်းရေးကော်မရှင်၏ လုပ်ငန်းစဉ်များ ပီပီပြင်ပြင်လုပ်ဆောင်နိုင်မည် ဟု ကော်မရှင်အဖွဲ့ဝင်ဦးဇာဂနာကပြောကြားသည်။‘‘ လတ်တလောမှာ ပညာရေးထက် အရေးကြီးတာက လူအားလုံးတည် တည်ငြိမ်ငြိမ်နဲ့နေရဖို့ပဲ’’ ဟုယင်းကဆိုသည်။ တည်ငြိမ်အေးချမ်းမှုပြီးမှ စားဝတ်နေရေးကအရေးကြီးကြောင်း၊ ယင်းနောက် မှသာ အခြားကိစ္စရပ်များကို ရှေ့ဆက်စဉ်စား၍ရနိုင်မည်ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဦးဇဂနာက ပြောသည်။ ယခုလပိုင်းအတွင်၌ စစ်တွေမြို့တွင် OIC ကန့်ကွက်ခြင်း ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။ အောက်တိုဘာ ၁၂ ရက်၊ ညနေ ပိုင်းကလည်း အောက်မင်္ဂလာရွာအနီးတွင် ဆူပူမှုများဖြစ်ပွားခဲ့သဖြင့် မျက်ရည် ယိုဗုံးဖောက်ခွဲခြင်း၊ သေနတ် ပစ်ဖောက်ခြင်းများပြုလုပ်တားဆီးခဲ့ရကြောင်းတာဝန်ကျရဲအရာရှိထံမှသိရသည်။ စစ်တွေမြို့အတွင်း တည်ငြိမ်အေးချမ်းမှု အားနည်းနေသဖြင့် ပြည်သူအချို့လုပ်ကိုင်စားသောက်ရန်ခက်ခဲလျက်ရှိ ကြောင်း ဒေသခံတို့ကပြောကြသည်။
ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဒုတိယအကြိမ်မြောက်လေ့လာရေး ခရီးစဉ်တွင် ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဒေါက်တာ ဆလိုင်းမူး၊ ကျူံးလျန်၊ ဦးဇဂနာ၊ ဦးမြင့်ထွန်း၊ ဦးတင်မောင်သန်းနှင့် ဒေါက်တာ အေးမောင်၊ သုတေသနအဖွဲ့မှ ဦးသူရကျော်တို့ပါဝင်ကြသည်။

No comments:

Post a Comment