
ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ မြို့ နှင့် အလှမ်းဝေးသည့် ကျေးရွာများမှ ပညာဥာဏ် နည်းသော မရှိဆင်းရဲသား များကို အခကြေး ငွေပေးပြီး လှုံ့ဆော် ဖန်တီးနေကြောင်း ပဋိပက္ခ ဖန်တီးမှုများ ကြိုတင် ကာကွယ် တားဆီးရေး ဆပ်ကော် မတီ(မန္တလေး)မှ တရား လွှတ်တော်ရှေ့ နေ ဦးမြင့်သွင်က ပြောသည်။
ပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာ ကွယ် တားဆီးရေး ဆပ်ကော်မတီ (မန္တလေး)၏ လိုအပ်ချက် များနှင့် ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများ အား ဆွေးနွေး တိုင်ပင်ပွဲကို မေ ၇ ရက်နေ့က ဗြဟ္မစိုရ် အသင်း တိုက် တွင် ပြုလုပ်ခဲ့ပြီး ဘာသာ အသီးသီးမှ ဘာသာရေး ခေါင်း ဆောင်များ၊ လူမှုရေး အသင်း အဖွဲ့များ၊ ပါတီအသီးသီးမှ ပါတီဝင် များတက် ရောက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။
ပဋိပက္ခ ဖြစ်ပွားသည့် နေရာတိုင်း တွင် ဝင်ရောက် ဖျက်ဆီးသူများမှ မြို့ခံ များဟုတ်ဘဲ မျက်နှာစိမ်း များဖြစ်နေ ခြင်း၊ အသုံးပြုသည့် တုတ်များမှာ ဆင်တူ များ ဖြစ်နေခြင်း၊ ဖြစ်ပွားသည့် နေရာ များသို့ လူခြေတိတ်ချိန် တွင် ကားနှစ် စီးသုံးစီးခန့်ဖြင့် အုပ်စု လိုက်ရောက် လာကာ ဈေးဆိုင်များ၊ ဗလီများ၊ အိမ် များကို ဝင်ရောက် ဖျက်ဆီးခြင်း များကို ခြုံငုံ သုံးသပ်ကာ အုပ်စုဖွဲ့၍ ပဋိပက္ခဖန် တီးမှု များရှိနေကြောင်း အဆိုပါ ကော်မတီ မှ တရား လွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
”လုပ်နေတာတွေက အကွက်ကျ ကျ လုပ်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ ပဋိပက္ခစ ဖြစ်ပြီဆိုရင် ကားနှစ်စီး သုံးစီး နဲ့ အုပ်စုလိုက် ရောက်လာပြီး ဝင်ဖျက်ဆီး ကြတယ်။ ပြီးရင် ကားတွေနဲ့ပဲ အုပ်စု လိုက်အမြန်လမ်းပေါ် တက်ပြေးကြ တယ်။ ဖြစ်ခဲ့ သမျှတွေမှာ တကယ့်မြို့ခံ တွေပါဝင်တာ နည်းပါတယ်။ ဆင်ခြင်တုံ တရားနည်းတဲ့ ပညာမတတ်တဲ့ သူတွေက လုပ်တာ။ ဥပမာ ဘုန်းကြီးကို သတ်တဲ့ ကိစ္စ။ အခု မိတ္တီလာ ကိစ္စမှာ ရွာတစ်ရွာ က လူတစ်ရောက်က ပိုက်ဆံ သုံးသိန်း ရလို့ လိုက်သွားတယ်။ အပြန်မှာ လက် ပြတ်လာတယ်လို့ သတင်း ကြားထား တယ်။ အဲ့ဒီကွင်းဆက်ကို လိုက်နေတယ် ဟု” ရှေ့နေဦးမြင့်သွင်က ပြောသည်။
ကော်မတီ အနေဖြင့် အောက်ခြေ လူထု အခြေပြုပညာပေး အစီစဉ်များကို ပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ညှိနှိုင်းနေပြီး တိုင်းရဲမင်းကြီး၊ ဝန်ကြီး ချုပ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ် ဆောင်နေကြောင်း ၄င်းက ပြောသည်။
ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာ ကွယ်တားဆီးရေး ဆပ်ကော်မတီ(မန္တလေး)ကို ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုကူညီရေး အသင်းများ ပါတီ အသီးသီးမှ ပါတီဝင် များဖြင့် ဖွဲ့စည်း ထားပြီး အသင်း ၏လုပ် ဆောင်ပုံများကို ဘာသာ အသီးသီးမှ ဆန္ဒခံယူကာ ပညာပေး လုပ်ငန်းများ၊ ပဋိပက္ခ စောင့်ကြည့်ရေး အဖွဲ့များ၊ ကူညီ ကယ်ဆယ်ရေး အဖွဲ့များ စသည့် ကဏ္ဍများခွဲကာ လုပ်ဆောင်နေကြောင်း အသင်း ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မန္တလေး တိုင်းဒေသကြီးတွင် မိတ္ထီ လာ၊ ဝမ်းတွင်း၊ ရမည်းသင်း၊ သာစည်မြို့ များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မန္တလေးမြို့ပေါ်တွင်မူ မေလ ၂ ရက်နေ့ ညနေ ၇ နာရီ ဝန်းကျင်ခန့်တွင် ချမ်းမြ သာစည်မြို့နယ်၊ သိုးခြံ ဗလီ အနီးတွင် လူ ၂ဝ ဦးခန့် လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ၃၅ လမ်းပေါ်တွင် လူစုလူဝေး ဖြစ်ပွား အောင် လှုံ့ဆော်သူ ငါးဦးကို အမှုဖွင့် အရေးယူ နေပြီး တစ်ဦးမှာ ထွက်ပြေးနေ ကြောင်း သိရသည်။
No comments:
Post a Comment