ယနေ့(အောက်တိုဘာလ ၁၈ ရက်နေ့) တွင် ကျင်းပမည့်ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင်
၁) အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု
ပပျောက်ရေး ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့်
ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း၊
၂) နိုင်ငံတော် အစိုးရမှ ဝေးလံခက်ခဲ၍ ၀န်ထမ်းလစာ နှစ်ဆ ခံစားခွင့် ပြုသင့်သော ဒေသ မြို့နယ်များ မကျန်ရှိအောင် ထပ်မံ လေ့လာစိစစ်၍ အမှန်တကယ် ပေးသင့်သည့် မြို့နယ်များကို ဆက်လက် ခွင့်ပြုသင့်ကြောင်း အဆိုတင်သွင်းခြင်း၊
၃) နိုင်ငံ့ဝန်ထမ်းများအား အရေးယူ အပြစ်ပေးရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနှင့် အညီ စစ်ဆေးခြင်း မပြုဘဲ တိုက်ရိုက်ထုတ်ပယ်မှုကြောင့် ၀န်ထမ်းများမှာ ထုချေဖြေရှင်းခွင့် မရသဖြင့် နစ်နာမှုများ ရှိနေပါ၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

No comments:
Post a Comment