အောက်တိုဘာ၊ ၁၆၊ ၂၀၁၂
M-Media
သတင်း၊ ဇာဏီ
M-Media
သတင်း၊ ဇာဏီ
ရမည်းသင်းမြို့တွင် ဖြစ်ပွားခဲ့သော
ပဋိပက္ခများနဲ့စပ်လျဉ်းပြီး ယနေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော
ဒုရဲအုပ်ကျော်နိုင်လွင် ပြောကြားမှုများနှင့် ပတ်သက်ပြီး ရမည်းသင်းမြို့ခံ
မွတ်စလင်မ်များမှ ဗီးနပ်ဂျာနယ်သို့ ဆက်သွယ်ပြောကြားခဲ့ကြောင်း
သတင်းရရှိပါသည်။
“ဗီးနပ်စ်ဂျာနယ်မှာ ဗုဒ္ဓဘာသာ ၂-ယောက်
ဓါးထိုးခံရတယ်။ ပြီးတော့ ဗ.မ.က ရပ်ကွက်က မွတ်စလင်မ်တွေဟာ ရိုဟင်ဂျာတွေ
ဘင်္ဂါလီတွေဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောတယ်လို့ ရေးထား
တယ်လေ။ ရမည်းသင်းမှာ ဟိုး ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ဘိုးဘေးဘီဘင်တွေ
အဆက်ဆက် နေလာခဲ့ကြတဲ့ မြန်မာမွတ်စင်မ်တွေပဲ ရှိတယ်။ ဘယ်က ဘင်္ဂါလီ၊
ရိုဟင်ဂျာမှ မရှိဘူး။ ပြီးတော့ ဗ.မ.က ရပ်ကွက်က မွတ်စလင်မ်တွေဟာ
ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေဖြစ်တယ်ဆိုပြီး ပြောတဲ့ ဒုရဲအုပ်ကျော်နိုင်လွင်ဆိုတာ
ပျော်ဘွယ်ဇာတိ။ လွန်ခဲ့တဲ့ ၄-၅ လ တုန်းက သူပဲ တရားခံတစ်ယောက်ကို ရိုက်
စစ်ရင်း သူ့ကြောင့် အဲဒီတရားခံသေသွားဖူးတယ်။ အဲဒါနဲ့
သူပြောင်းသွားလိုက်ရသေးတယ်။ အခုပြန်ရောက်လာတာ။ ပြီးတော့ ရမည်းသင်းမြို့က
အခြေအနေမှန်တွေကို တိုင်းရဲမှူးကိုယ်တိုင်လည်း
ရှင်းလင်းပြောပြထားပြီးသားပဲလေ။ အဲလို မဟုတ်မမှန်ပါဘူးဆိုတဲ့ သတင်းကို
ဒီဂျာနယ်က အခုဖော်ပြတယ်။ အဲဒါနဲ့ ဗီးနပ်စ်ဂျာနယ်က အယ်ဒီတာ ဆက်နိုင်ဇော်ကို
ဖုန်းဆက်ပြီးပြောတဲ့ အခါကျတော့ သူတို့ ပြင်ဆင်ချက်
ပြန်ထည့်ပေးပါ့မယ်လို့ပြောတယ်။”လို့ ရမည်းသင်းမြို့မှ ဘကြီးအောင်က M-Media ကို ပြောပြလာပါတယ်။
“အခုခေတ်မှာ ဂျာနယ်တွေ
အပြိုင်အဆိုင်ထုတ်ရင်း ဂျာနယ်စောင်ရေတိုးဖို့ပဲ လုပ်နေကြတယ်။
မဟုတ်မမှန်သတင်းရေးသားဖို့ကိုလည်း ၀န်မလေးကြဘူး။ အဆိုးဆုံးကတော့
စာနယ်ဇင်းကျင့်ဝတ်ဆိုတာကို မစောင့်ထိန်းကြဘူး။ တွေ့မြင်နေရသလောက်
မီဒီယာတွေက ဘာသာရေး ပဋိပက္ခတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးနေတယ်။”လို့
ရမည်းသင်းမြို့ခံ မွတ်စလင်မ်တစ်ဦးမှ သုံးသပ်ပြောပြလာပါတယ်။
No comments:
Post a Comment