Tuesday, January 7, 2014

Biography of Secretary General of OIC H.E. Mr. Iyad Amin Madani (born April 1946)

Biography of Secretary General of OIC H.E. Mr. Iyad Amin Madani (born April 1946) is a Saudi public figure who served in different cabinet posts. In addition, he is elected as the secretary general of the Organisation of Islamic Cooperation. He will be the first Saudi official to hold his position. Madani was born in Mecca in April 1946. He holds a bachelor's degree in production administration, which he obtained from Arizona State University in 1969. Madani began his career as general director in a Saudi Airlines’ administrative office in 1970. Then he joined media and he was editor-in-chief of Saudi Gazette until 1999, being the first editor of the daily. At the same time he served as general director of the Okaz Organization for Press and Publication until his resignation in April l993. He was appointed to the shoura council as a member. He served there until 1999 when he was appointed hajj minister. He was in office as Hajj minister from 1999 to February 2005. Next, he was appointed minister of culture and information in February 2005, replacing Fouad bin Abdulsalam Al Farsi, who in turn became Hajj minister. On 1 August 2005, Madani as information minister announced the death of King Fahd on state television. Madani was elected as the head of the Islamic International News Agency (IINA) and the Organization of Islamic Broadcasting in 2007. He was in office until 2009 and was replaced by Abdulaziz Al Khoja in the post. During his tenure, Madani drew criticisms from Saudi clerics due to his tolerance towards the publications that were questioning the strong effects of the religious establishment in Saudi Arabia. Then Madani was appointed chairman of the board of directors of Knowledge Economic City in Madinah on 10 March 2012, replacing Sami Mohsen Baroum. He also served as vice president of King Abdullah bin Abdulaziz Foundation for housing development. In November 2012, Saudi Arabia nominated Madani to the post of secretary general of the Organization of Islamic Cooperation (OIC) at the 39th session of the Council of Foreign Ministers of OIC member states in Djibouti. On 2 February 2013, Arab News reported that Madani would replace Ekmeleddin Ihsanoglu as secretary-general of the OIC. His appointment was officially announced after the 12th Summit of the OIC in Cairo on 8 February 2013. Madani's term as secretary general of OIC will be effective in January 2014.

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ ကျောင်းသားညီလာခံတွင် မိန့်ခွန်းပြောကြားမည်

Tuesday, January 7, 2014

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ Pune မြို့၌ ကျင်းပမည့် ကျောင်းသားညီလာခံ၌ ဇန်န၀ါရီ ၁၀ ရက်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း India Today သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာတို့သည် အိန္ဒိယနိုင်ငံ Maharashtra Institute of Technology က ကြီးမှူး၍ သုံးရက်ကြာ ကျင်းပမည့် အိန္ဒိယကျောင်းသားများ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

အိန္ဒိယ ကျောင်းသားညီလာခံ ကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် "မာလာလာ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အိန္ဒိယအမျိုးသားညီလာခံ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်" ဟု ပြောကြား သည်။

တာလီဘန်တို့အား တော်လှန်အာခံခဲ့သူ မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားရေး၊ လူငယ်များအကြား နိုင်ငံရေးအရေးပါမှု အစရှိသည်တို့နှင့် ပတ်သက်၍ သူမ၏အမြင်များကို မျှဝေပြောကြားမည် ဖြစ်သည်ဟု သိရသည်။

အသက် ၁၆ နှစ်အရွယ် မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးနှင့် ပတ်သက်၍ လှုံ့ဆော်ခဲ့သူဖြစ်ပြီး ၎င်းအား ၂၀၁၂ ခုနှစ်တွင် တာလီဘန် အကြမ်းဖက်သမားများက ကျောင်းကားပေါ်၌ ပစ်ခတ်လုပ်ကြံခဲ့သည်။ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိ ခဲ့သော်လည်း မာလာလာသည် တစ်ကမ္ဘာလုံး၏ လေးစားမှုနှင့် နာမည်ကြီးလာခဲ့သည်။

အိန္ဒိယကျောင်းသား ညီလာခံသည် နိုင်ငံရေးကဏ္ဍသို့ စွန့်စားဝင်ရောက်လိုသည့် ကျောင်းသားများအတွက် အခြေခံ အဆောက်အအုံဖြစ်ပြီး ယခုလို ကမ္ဘာ့နာမည်ကြီး ပုံရိပ်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာတို့အား ဖိတ်ခေါ်ခဲ့ခြင်းမှာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် လူငယ်များကို အကူအညီပေးရန်နှင့် လမ်းညွှန်ပြသပေးရန် ဖြစ်သည်ဟု သိရသည်။

သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ဇော်ဇော်ထွေး ရန်ကုန် ၊ မဇ္ဈိမ ။ ။ တက္ကစီ စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင် များက 
လေးဒေါင့် ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။ စောင့်ဆိုင်းနေစဉ် ပရိုဘောက် အဖြူရောင်အငှားယာဉ်အား ငှားစီးလာသူ ရဟန်းဝတ် ဦးခေမိန္ဒ(ခ)စိုးဖြူအောင် (၄၅)နှစ်နှင့် ကိုကိုဝင်း (၃၉)နှစ်ဆိုသူတို့ကို ထိန်းသိမ်းပြီး ငမိုးရိပ်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆောင် စစ်ဆေးခဲ့ကြသည်။ ထို့ကြောင့် ဦးခေမိန္ဒ လွယ်ထားသော ထိုင်းစာတန်းပါ အဝါရောင်လွယ်အိတ်အတွင်းမှ အစိမ်းရောင် ကြွပ်ကြွပ်အိတ်အတွင်း အဖြူရောင် ပလပ်စတစ်များနှင့် ထုပ်ထားသော ICE (၅၀၀) ဂရမ်ကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါ ICE မူးယစ်ဆေးဝါးများမှာ တစ်ဂရမ်သည် ကာလတန်ဖိုး (၂၀၀၀၀)ကျပ် ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၀၀) တန်ကြေးရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းအပြင် အဆိုပါ သံဃာထံမှ လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဦးကိုကိုဝင်းထံမှလည်း လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းခဲ့သည်။ လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ရဟန်းကို မြို့နယ် သံဃာ့နာယကအတွင်းရေးမှူး ဆရာတော် က လူဝတ်လဲပေးခဲ့ပြီး ဥပဒေအရ အရေးယူမှု ပြုနိုင်ရန် အပ်နှံပေးခဲ့သည်။ ထို့ကြောင့် ဦးခေမိန္ဒ(ခ) စိုးဖြူအောင်နှင့် ဦးကိုကိုဝင်းတို့အပေါ် အရေးယူပေးရန် ရဲအုပ် ဝင်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ) ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ တို့ဖြင့် တရားစွဲတင်နိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်။ Mizzima

ကာလာ အမည်ရှိ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လုပ်ကြံခံရ

၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(၆)ရက် အချိန်- ည ၉ နာရီ ၁၅ မိနစ် ရခိုင်ပြည်နယ်မှ ကာလာ အမည်ရှိ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လုပ်ကြံခံရကြောင်းသတင်းရရှိပါသည်။ ထိုသူသည် ရခိုင်ပြည်နယ်မှ စက်လှေများဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာမွတ်စလင်များအား ရောင်းစားနေကြောင်းကို သတင်းဌာနများနှင့် ဘာသာပြန်ပြောဆိုပေးသည့်အပေါ် သတ်ပစ်ခဲ့သည်ဟု ယူဆရသည်။ ထိုသူသည် အီရှာနမားဇ်ဖတ်ပြီးအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်အလာတွင် ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်သမား က သေနတ်ဖြင့်ပစ်သတ်သွားပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ ထိုသူ၏ အမျိုးသမီးမှာလည်း သေနတ်ဒဏ်ရာ ရရှိသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း သိရသည်။

ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်

 ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာ တို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီးဖတ်ရှုကြပါဦး။ကျွန်တော်တို့ ခြေဖ၀ါး တွေ ဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။ How to Fix Dry Cracked Feet အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။ နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။ နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။ နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။ How to Fix Dry Cracked Feet အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။ အထက်က ဖော်ပြခဲ့တဲ့ နည်းတွေမှာ ခြေအိတ် သုံးရင် ချည်ခြေအိတ်သာ သုံးသင့် ပါတယ်။ ဒါမှ လေ၀င် လေထွက် ရှိပြီး အကျိုးရှိမှာ ဖြစ် ပါတယ်။ ခြေဖ၀ါးတွေ ကွဲလှပါတယ် ဆိုတဲ့ သူတွေအတွက် သိမှတ်ဖွယ်ရာ တွေကို ဖော်ပြပေး ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကို ကော ပြန်လည် ကုစားရတဲ့ နည်းလမ်း တွေပါ ဖော်ပြပေး ခဲ့တာကြောင့် အသုံးဝင်မှာပါ။ ဖော်ပြပါ သဘာဝနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စာဖတ်သူ တွေရဲ့ ခြေဖ၀ါး တွေဟာ လှပပြီး နူးညံ့နိုင် ကြပါစေလို့ မျှော်လင့် ပါတယ်ဗျာ။ (မည်သူမဆိုမျှဝေယူနိုင်သညShwe Eaim Siကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ) http://www.facebook.com/lwinthandarsoe

Saturday, January 4, 2014

OIC အတွင်းရေးမှူးချုပ် အိဟ်ဆန်နိုဂလူ ရာထူးမှ အနားယူ




ကိုင်ရို။

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)၏ အတွင်းရေးမှူးချုပ်အဖြစ် ၉ နှစ်ကြာ အောင်မြင်စွာတာဝန် ထမ်းဆောင်ပြီးနောက် ရာထူးမှ လွှဲပြောင်းအနားယူလိုက်ပြီဖြစ်သော အိက္ကမိလဒ္ဒီးန် အိဟ်ဆန်နိုဂလူက နှုတ်ဆက်ပွဲ အခမ်းအနားတွင် မွတ်စလင်နိုင်ငံများအား အချင်းချင်း ရန်ညိုးဖွဲ့တိုက်ခိုက်နေမှုများ၊ ဆင်းရဲမွဲတေမှုနှင့် အစွန်းရောက်ဝါဒ

တို့၏ မြင့်မားလာသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။


“အိုအိုင်စီဟာ အခုဆိုရင် နိုင်ငံတကာရေးရာတွေမှာ ကမ္ဘာနဲ့ချီ အရေးပါတဲ့ စွမ်းဆောင်နိုင်သူ၊ မွတ်စလင်ကမ္ဘာရဲ့ ခေတ်နဲ့အမီ ရင်ပေါင်တန်းနိုင်တဲ့ အစွန်းမထွက် သမာသမတ်ကျတဲ့ ကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ်”ဟု အိဟ်ဆန်နိုဂလူက သူ၏ (OIC အတွက်)နောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း အာရပ်သတင်းဌာနက ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဖော်ပြသည်။ မွတ်စလင်ကမ္ဘာရှိ အခွင့်ရေးနှင့်ပတ်သက်သော ပြဿနာရပ်များကို အကျိုးဆောင်ပေးရာတွင် အဖွဲ့၏ နိုင်ငံတကာသြဇာကို အသုံးပြု၍ အတွင်းရေးမှူးဟောင်း အိဟ်ဆန်နိုဂလူက အဖွဲ့ကိုဦးဆောင်နိုင်ခဲ့သည်ကို အလေးအနက်ထားဖော်ပြကြသည်။

… မွတ်စလင်ကမ္ဘာ၏ မုခ်ဦး …

ကြီးမားသော ရာထူးတာဝန်ကို ၉ နှစ်ကြာ ထမ်းဆောင်ခဲ့သော အိုအိုင်စီအကြီးအကဲဟောင်းက အဖွဲ့အနေဖြင့် အမေရိကန်နိုင်ငံအပါအ၀င် အခြားနိုင်ငံများစွာနှင့် မဟာဗျူဟာကျ ဆက်ဆံရေးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ၏ အိုအိုင်စီရေးရာ အထူးကိုယ်စားလှယ်ကို ရည်ညွှန်း၍ ထည့်သွင်းပြောဆိုခဲ့သည်။ “ဒါတွေအားလုံးဟာ တစ်ခုတည်းကိုပဲ ညွှန်ပြနေပါတယ်။ အဲဒါက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ ထိပ်သီးနိုင်ငံတွေက မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ ပိုမိုအားကောင်းတဲ့ ဆက်ဆံရေးမျိုးကို လိုလားကြတယ်။ အခုဆိုရင် OIC ဟာ မွတ်စလင်ကမ္ဘာရဲ့ မုခ်ဦးလို့တောင် ဆိုရမှာပါ”ဟု ၎င်းက ဆိုသည်။

ရာထူးမှ အနားယူသွားပြီဖြစ်သော အကြီးအကဲဟောင်းက မွတ်စလင်ကမ္ဘာကြီးအနေနှင့် အစွန်းရောက်ဝါဒ၊ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပေါများမှုတို့ကို တိုက်ဖျက်ရန်နှင့် အမျိုးသမီးတို့၏ အခွင့်ရေးများကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ၉ နှစ်က အာရပ်သတင်းစာတစ်စောင်တွင် အိုအိုင်စီအား ခိုင်းနှိုင်း၍ ပက်လက်လန်ကျသော လိပ်ကို ဟန်ချက်ညီ ပြန်လည်တည့်မတ်ရန် လူတို့က ၀ိုင်းဝန်းကူညီနေပုံ ကာတွန်းကို ဖော်ပြခဲ့သည်။

“အိုအိုင်စီဟာ ၁၉၇၂ ခုနှစ် မော်ဒယ် ဂျုံးဂျုံးကျနေတဲ့ ကားနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ၀င်ပြိုင်နိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ၁၉၇၂ ခုနှစ်က ခေတ်ကုန်နေသော အိုအိုင်စီ၏ ဖွဲ့စည်းပုံအဟောင်းအား ရည်ညွှန်းပြောဆိုသည်။ “ကျွန်တော်တို့မှာ ဒီနေ့ခေတ် နိုင်ငံတကာနဲ့ယှဉ်ပြိုင်ဖို့ ကား အသစ်လိုအပ်နေပါတယ်။” ၁.၆ ဘီလီယံရှိသော မွတ်စလင်တို့၏ အမြင်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မျှမျှတတရှိဖော်ပြနိုင်ရန် လိုအပ်ပါကြောင်း ၎င်းက ပြောဆိုသည်။ အိုအိုင်စီအနေနှင့် ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်အပါအ၀င် အဓိကကမ္ဘာ့အင်အားကြီးနိုင်ငံတို့နှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးများကို တရားဝင် အပြန်လေ့လာ၍
ထူထောင်နိုင်ရန် ကြိုးစားနေ ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

ထို့ပြင် ၎င်းက အနောက်နိုင်ငံများအနေနှင့် မွတ်စလင်ဆန့်ကျင်ရေးသဘောထားများကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းသွားခဲ့သည်။

… အတွင်းရေးမှူးချုပ်အသစ် …

အိဟ်ဆန်နိုဂလူက ဆော်ဒီအာရေဗျနိုင်ငံမှ ယခင် ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဖြစ်သော အိုင်ယဒ် မဒနီအား အတွင်းရေးမှူးချုပ်အဖြစ် လွှဲပြောင်းပေးခဲ့ပြီး ထိုအတွင်းရေးမှူးချုပ်အသစ်မှာ ဇန်န၀ါရီလ ၁ရက်နေ့မှစ၍ တာဝန်ထမ်းဆောင် မည်ဖြစ်သည်။ အိုအိုင်စီသည် ဇန်န၀ါရီလတွင် ဒေသတွင်း အန္တရာယ်ကြီးမားသော ပြဿနာများဖြစ်သည့် ဒုတိယအကြိမ်မြောက် ဆီးရီးယားအရေး ဂျနီဗာညီလာခံနှင့် အလ်ကုဒ်ကော်မတီ၏ ဆွေးနွေးပွဲများသို့ တက်ရောက်ရန်ရှိသည်။ အိုအိုင်စီ၏ ၂၀၁၃ ခုနှစ် မှတ်တိုင်များတွင် မြန်မာပြည်က ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများသို့ အကြီးအကဲနှင့်အဖွဲ့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှုလည်း ပါဝင်သည်။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အိုအိုင်စီကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဒီဂျီဘောင်တီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်တို့မှ အဖွဲ့ဝင်များ ပါဝင်သည်။

…. နိုင်ငံသား အခက်အခဲ ဖြေရှင်းပေးရန် အာမခံချက်ရရှိ ….

အဆိုပါကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာရာတွင် မြန်မာအစိုးရအနေနှင့် ရိုဟင်ဂျာမွတ်စလင် ၈ သိန်းကျော်နှင့် ပတ်သက်သော နိုင်ငံသားအသိအမှတ်ပြုရေး ပြဿနာအား တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း အာမခံရရှိခဲ့သည်။ ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် မြန်မာပြည်၌ အိုအိုင်စီရုံးခန်းဖွင့်လှစ်ပြီး အကူအညီပေးရန် ကြိုးစားခဲ့သော်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးအများအပြား၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က အဆိုပါအစီစဉ်အား ရပ်ဆိုင်းခဲ့သည်။

၁၉၆၉ ခုနှစ်တွင် မွတ်စလင်ကမ္ဘာ၏အကျိုးစီးပွားအား ကာကွယ်ပေးရန် နိုင်ငံတကာအစိုးရများပါဝင်သော အဖွဲ့အစည်းတစ်ရပ်အနေနှင့် OIC အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အိုအိုင်စီတွင် တိုက်ကြီး ၄ တိုက်မှ ကိုယ်စားပြု နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ကြီးသည် ကုလသမဂ္ဂတွင် အမြဲတမ်းကိုယ်စားလှယ်ရရှိထားသည်။

Thursday, January 2, 2014

Joint Mission Statement “Inhumane Environment” in Rohingya Camp


The international community is deeply concerned by the dire humanitarian situation faced by internally displaced persons (IDPs) in Taung Paw camp in Myebon Township, Rakhine State and strongly urges the Union Government to ensure immediate, full, and unimpeded humanitarian access to those in need. The deteriorating living conditions in the camp have created an inhumane environment for camp residents.

The 752 families living in the camp for the past 14 months face very poor living conditions, including lack of safe drinking water, limited healthcare services, malnutrition, and restrictions on movement outside the camp.

The international community has received credible reports that local community members in Myebon town have harassed humanitarian staff and impeded access for humanitarian supplies to the people in need in Taung Paw camp. These actions are unacceptable. Many of us have recently traveled to Rakhine State to affirm the uncompromisable international principle of full and unimpeded humanitarian access to all those in need. Union-level and local officials alike have publicly vowed to enforce this principle without delay. Despite these promises, we have yet to see effective action. The international community urges authorities to ensure humanitarian access immediately and without further delay to allow aid to reach those in desperate need, and take immediate and firm action against responsible individuals, including those who seek to block humanitarian aid and intimidate, harass, or harm humanitarian workers.

Furthermore, the international community calls for increased security to allow camp residents to safely move in and out of the camp, in order to ensure their access to markets and livelihoods, and for international health workers to be allowed to spend the night in camps to increase healthcare access. Development assistance and inward investment to Rakhine State, for the benefit of all communities, will only come when situations like that in Myebon are adequately addressed. The international community remains ready to further cooperate with the Government in this issue of utmost importance.

Embassy of Switzerland
Embassy of the Republic of Turkey
Embassy of the United States of America
Delegation of the European Union

Wednesday, January 1, 2014

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

 

အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်း များသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံ မှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများ ကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများ ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf