Monday, September 16, 2013

"အစ္စလာမ် ဆန့်ကျင်ရေးလှုပ်ရှားသူ အစွန်းရောက် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံး အဖမ်းခံရ"

အမေရိကန်နိုင်ငံရဲ့ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိသူ အစွန်းရောက် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံး (Terry Jones) ဟာ ကုရ်အာန်ကျမ်းစာ မီးရှို့ဖို့ ကြံစည်စဉ် ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တယ်ရီဂျုံးဟာ စက်တင်ဘာ (၁၁)ရက် အထိမ်းအမှတ် အနေနဲ့ ကုရ်အာန်ကျမ်းစာ အုပ်ရေ (၃၀၀၀)လောက်ကို မီးရှို့ဖို့ လောင်စာအပြည့် တင်ထားတဲ့ ကားကို မောင်းနှင်လာစဉ် Mulberry မြို့အနီး ရဲအဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ယခုသူ့ကို လောင်စာဆီ တရားမဝင်သယ်ဆောင်မှု၊ တိုက်ခိုက်နိုင်တဲ့ လက်နက်ခဲယမ်းတွေကို ပေါ်ပေါ်တင်တင် သယ်ဆောင်မှုတွေနဲ့ ဖမ်းဆီးထားလိုက်တာ ဖြစ်တယ်လို့ ရဲအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကားပေါ်မှာ လောင်စာဆီ သုတ်လိမ်းထားတဲ့ ကုရ်အာန်ကျမ်းစာ အုပ်ရေ (၃၀၀၀)လောက်ကို တင်ဆောင် မောင်းနှင် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တယ်ရီဂျုံးက သူ့ရဲ့ ဝဘ်ဆိုက်မှာလည်း စက်တင်ဘာ (၁၁)ရက် အထိမ်းအမှတ် အဖြစ် ကုရ်အာန်ကျမ်းစာ အုပ်ရေ (၂၉၉၈) အုပ်ကို Tampa Bay ဒေသမှာ မီးရှို့သွားမှာ ဖြစ်တယ်လို့ ကြိုတင် ကြေငြာထားပါတယ်။ ဒါ့အပြင် Facebook စာမျက်နှာတွေ ပေါ်ကလည်း လှုပ်ဆော်မှုတွေ ပြုလုပ်နေပြီး ရဲအဖွဲ့ တာဝန်ရှိသူတွေ ကြိုတင်တားမြစ်ပြီးသား ဖြစ်ပါလျက် ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်တဲ့အတွက် ယခုလို ဖမ်းဆီးလိုက်ရကြောင်း ဆိုပါတယ်။ တယ်ရီဂျုံးအပြင် သူနဲ့ အတူ ပူးပေါင်းပါဝင်မဲ့ အခြား ခရစ်ယာန် အစွန်းရောက်ဘုန်းကြီး Marvin Sapp ကိုလည်း ရဲအဖွဲ့က အချိန်မီ ထိန်းသိမ်းနိုင်ကြောင်း ဆိုပါတယ်။

ဖလော်ရီဒါ (Florida) မှာရှိတဲ့ မထင်မရှား ခရစ်ယာန်ဘုရားကျောင်းက တရားဟောဆရာ တယ်ရီဂျုံးကို အစ္စလာမ် ဆန့်ကျင်ရေး မုန်းတီးမှုတွေ ဟောပြောမှုကြောင့် လူသိများခဲ့ပြီး ယခင် (၂၀၁၀) ခုနှစ်ကလည်း ကုရ်အာန်ကျမ်းစာတွေကို မီးရှို့ဖို့ ဆော်ဩခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၁) ခုနှစ်က ထွက်ပေါ်လာတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ရုပ်/သံ ဇာတ်လမ်းတိုကိုလည်း တယ်ရီဂျုံး က ထောက်ခံကြောင်း ဟောပြောမှုတွေ ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment